ဘရိုက်တန် နဲ့ ပွဲက ဟားဗတ်ဇ် ရဲ့ အပြုအမူ အပေါ် ဝေဖန်လိုက်တဲ့ တင်ရှားဝုဒ်

 

တော့တင်ဟမ် အသင်း ကစားသမားဟောင်း တင်ရှားဝုဒ် က ဘရိုက်တန် နဲ့ ပွဲအပြီးမှာ ပြိုင်ဘက် နည်းပြ အဖွဲ့ဝင်ကို အင်္ကျီ လက်ဆောင်ပေးခဲ့တဲ့ ကိုင်ဟားဗတ်ဇ် ရဲ့ အပြုအမူ အပေါ် ဝေဖန်မှု ပြုလုပ် သွားခဲ့ပါတယ် ။

ဘရိုက်တန် အသင်းကို သုံးဂိုးပြတ် အနိုင်ရပြီး အာဆင်နယ် အသင်း ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံးကို ရောက်လာခဲ့တဲ့ ပွဲမှာ ဂျာမနီ လက်‌ရွေးစင် ကိုင်ဟားဗတ်ဇ် ဟာ အသင်း အတွက် ကိုယ်တိုင် တစ်ဂိုး သွင်းနိုင်ခဲ့သလို ထရောဆက်ဒ် အတွက်လည်း ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပြီး Man of the Match စွမ်းဆောင်ရည်ကို ပြသ ခဲ့ပါတယ် ။

ပွဲအပြီးမှာ ဟားဗတ်ဇ် ဟာ သူ့ရဲ့ ဂျာစီ ကို ဘရိုက်တန် နည်းပြ အဖွဲ့ဝင် Marcattili ကို ပေးခဲ့ပြီး အဆိုပါ လုပ်ရပ်အပေါ် တင်ရှားဝုဒ် က ဝေဖန် သွားခဲ့ပါတယ် ။ ” ကိုင်ဟားဗတ်ဇ် က သူ့ရဲ့ ဂျာစီ ကို ဘရိုက်တန် လက်ထောက် နည်းပြ ကို ပေးလိုက်တာ ကျနော် ‌တွေ့လိုက်ပါတယ် ၊ စိတ်ဝင်စားစရာပါပဲ ။ ကျနော် သူ ဘာကြောင့် ဒီလို လုပ်သလဲ ကျနော် နားမလည် နိုင်အောင်ပါပဲ ၊ သူ ဘာအတွေးနဲ့ ဒီလို လုပ်သလဲ ကျနော် စဉ်းစားမရပါဘူး ။ ” လို့ ဝေဖန် သွားခဲ့ပါတယ် ။

ဟားဗတ်ဇ် ဟာ ပြီးခဲ့တဲ့ နွေရာသီ အာဆင်နယ် အသင်းကို ရောက်ခါစ အချိန်မှာ အဆိုးရွားဆုံး ခေါ်ယူမှု အဖြစ် ခေါင်းစဉ် တပ်ခံခဲ့ရပေမယ့် လက်ရှိ အချိန်မှာတော့ သူ့ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ် ဘောလုံး ရာသီကို ဖြတ်သန်း နေပြီး ပွဲ ၃၀ ကစား ၉ ဂိုးသွင်း ၅ ဂိုးဖန်တီး ပေးထားပါတယ် ။

SM