အသင်းမှာ အပြောင်းအလဲ ဖြစ်စေချင်တဲ့ အရာကို ထုတ်ပြောလိုက် အသိပေးလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ လီဗာပူး အသင်းနဲ့ ကစားရမဲ့ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းသားတွေ အနေနဲ့ ပွဲကြီးတွေကို ယှဥ်ပြိုင် ကစားနိုင်တဲ့ စိတ်ဓါတ်ကို ကွင်းထဲ သယ်ဆောင်လာဖို့ လိုအပ်ကြောင်း အသိပေးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ မြင့်မားတဲ့ အဆင့်အတန်း တစ်ခုမှာ ကစားနိုင်ပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး အသင်းတွေနဲ့ ယှဥ်ပြိုင်နိုင်စွမ်းရှိသလို အကောင်းဆုံး အသင်းကိုလည်း အနိုင်ယူနိုင်စွမ်းရှိပါတယ် ။ အဲ့တာကို လုပ်နိုင်ရင် ဥရောပမှာလည်း ကစားနိုင်ရမယ်လေ ”

” ကျွန်တော်တို့ဖက်က ပွဲကြီးပွဲကောင်းတွေမှာ ဘယ်လို စိတ်ဓါတ်မျိုး ယူဆောင်လာရမလဲဆိုတာ လေ့လာသင်ယူဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ လိုအပ်နေပြီး တစ်ဦးတစ်ယောက် အနေနဲ့ရော အသင််းအဖွဲ့ အနေနဲ့ပါ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် ချနိုင်ရပါ့မယ် ”

” လီဗာပူး နဲ့ ပွဲအကြောင်းကိုတော့ ကွင်းထဲရောက်မှ ကြည့်ကြတာပေါ့ ။ လက်ရှိ အချိန်မှာ ကျွန်တော်တို့ အသင်းရဲ့ အနေအထားကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ recover ဖြစ်ဖို့ လိုနေပြီး ရလဒ်တွေကို ပြောင််းပြန်လှန်နိုင်ဖို့ ကြိုးစားရပါ့မယ် ”

” ကျွန်တော်တို့မှာ အပေါင်းလက္ခဏာဆောင်တဲ့ mood ရှိဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ ခွန်အားပြည့်နေဖို့ လိုပါတယ် ။ ကျွန်တော်တို့ ရူးသွပ်မှုရှိနေဖို့၊ ဒေါသရှိနေဖို့ လိုပါတယ် ။ ဒေါသတွေကတဆင့် energy တွေ ရနိုင်တယ်လေ ။ ကျွန်တော်တို့ အဲ့လိုလုပ်ဖို့ ကြိုးစားရပါ့မယ် ” လို့ ပြောရင်း ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့…

” သူ့ရဲ့ ပုံစံက တိုးတက်နေတယ်လို့ မြင်တွေ့နေရပါတယ် ။ သူဟာ အသင်းနဲ့ အတူ အောင်မြင်ချင်သူ ဖြစ်တာကြောင့် အမြဲတမ်း စိတ်ဓါတ် တက်ကြွနေတတ်ပါတယ် ။ သူက ဂိုးတွေသွင်းချင်သူ ၊ ဆုဖလားတွေ ဆွတ်ခူးချင်နေသူပါ ။ ကျွန်တော်တို့ FA ဖလားဆွတ်ခူးဖို့ အခွင့်ရှိသေးတယ်လေ ”

” သူက ချန်ပီယံလိဂ် ကစားရဖို့ တိုက်ပွဲဝင်ချင်နေသူ တစ်ဦးပါ ။ ပြီးတော့ မကြာခင် ယူရို ပြိုင်ပွဲကြီးလည်း ကစား ရဦးမယ်လေ ။ ဒါ့ကြောင့် သူ့ရဲ့ Motivation Level က အရမ််းကို မြင့်တက်နေတာပဲ ဖြစ်ပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM