အာဆင်နယ် အသင်းအတွက်တော့ ဒီနွေရာသီဟာ အတော်လေး အလုပ်များတဲ့ နွေရာသီ တစ်ခု ဖြစ်မှာပါ ။ အာဆင်နယ် အသင်းဟာ ဖေဘီယို ဗီအဲရာ ကို ခေါ်ယူ ခဲ့ပြီးနောက် အဓိက ပစ်မှတ်တွေကို ခေါ်ယူနိုင်ရေး ဆက်လက် ကြိုးပမ်း နေပါတယ် ။
လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းနဲ့ သတင်းတွေ ထွက်နေတဲ့ သူတွေကတော့ မန်စီးတီး တိုက်စစ် ကစားသမား ဂါဘရီယဲလ် ဂျေးဇု ၊ လိဒ်ယူနိုက်တက်တောင်ပံ ကစားသမား ရာဖင်ဟာ နဲ့ လက်စတာစီးတီး ကွင်းလယ်လူ တိုင်လီမန်းစ် တို့ပဲ ဖြစ်ပါတယ် ။
အာဆင်နယ် အသင်း ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယား ဟာ talkSPORT မှာ အသင်းနဲ့ သတင်းတွေ ထွက်နေ /ထွက်ခဲ့ဖူးတဲ့ ကစားသမား ၈ ဦးကို အကဲဖြတ် သုံးသပ် ပေးသွားခဲ့ပြီး အဲ့ဒီ အထဲမှ အာဆင်နယ် အသင်း အမှန်တကယ် လိုက်နေတဲ့ ကစားသမား ၃ ဦး အပေါ် သုံးသပ်မှု ကို ဖော်ပြ ပေးလိုက်ပါတယ် ။
၁။ ဂါဘရီယဲလ် ဂျေးဇု
” ကျွန်တော်ကတော့ သူဟာ ထိပ်တန်း ခေါ်ယူမှု တစ်ခု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ သူက ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ပါ ၊ ထိပ်တန်း အသင်းမှာလည်း နှစ်တွေ အကြာကြီး ကစားခဲ့သူ ဖြစ်ပါတယ် ။ ”
” သူက ပရီးမီယားလိဂ် အကြောင်း သိပြီးသား ဖြစ်တာကြောင့် အသင်းကို ရောက်တာနဲ့ အံဝင်အောင် ကစားနိုင်မှာပါ ။ အာဆင်နယ် အသင်းရဲ့ ဂိုးဖန်တီးမှု အားကောင်းတဲ့ ကစားသမားတွေနဲ့ဆို သူ ဂိုးတွေ အများကြီး သွင်းပါလိမ့်မယ် ။ ၁၀/၁၀ ပေးပါတယ် ။”
၂။ ရာဖင်ဟာ
” သူကလည်း အင်္ဂလန် ကို ရောက်လာပြီး အချိန်တို အတွင်းမှာ အသားကျအောင် ကစားနိုင် ခဲ့သူပါ။ဒါက ဘာကိုပြသသလဲဆိုရင် သူ့မှာ အရည်အသွေးကောင်းတွေ အများကြီး ရှိနေတယ်ဆိုတာ ပြသ လိုက်တာပါပဲ ၊ တစ်ချို့ ကစားသမားတွေ ထိပ်တန်း ကစားသမားတွေတောင် ပရီးမီးယားလိဂ် နဲ့ အသားကျဖို့ အချိန်ယူခဲ့ရပါတယ် ။ ”
” အချိန်တိုလေးအတွင်းမှာ အတွေ့အကြုံတွေ အများကြီး ရယူ ခဲ့ပြီး မနှစ်ကဆို တန်းဆင်းဇုန် တိုက်ပွဲတောင် ဆင်နွဲ ခဲ့ရပါတယ် ။ သူ့ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ ချင်ပါတယ် ၊ ၉/၁၀ ပါ ။ ”
၃။ တိုင်လီမန်းစ်
” နီဗက်စ် က သူ့ထက် နည်းစနစ်ပိုင်း ပိုပိုင်နိုင်ပေမယ့် တိုင်လီမန်းစ် က မောင်းနှင်အား ပိုကောင်းပြီး တိုက်စစ် ကို အင်ပြည့်အားပြည့် လိုက်ပါ နိုင်ပါတယ် ။
အာဆင်နယ် အသင်းရဲ့ ကွင်းလယ်ကို ကြည့်ပီး သူတို့ နှစ်ဦးထဲက တစ်ဦး ကို ခေါ်ခွင့်ရမယ်ဆို ကျွန်တော်ကတော့ တိုင်လီမန်းစ် ကိုပဲ ခေါ်ချင်ပါတယ် ။ ၉/၁၀ ပါ ။ ”
SM