ဂန်းနားသစ် ဖေဘီယို ဗီအဲရာ ဟာ နည်းပြတိုင်း လိုချင်ကြတဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ ချီးကျူးလိုက်တဲ့ ပေါ်တို နည်းပြ

 

ဖေဘီယို ဗီအဲရာ ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ပေါ်တို အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂၇ ပွဲ ကစားရာမှာ ၆ ဂိုး သွင်း ၊ ၁၄ ဂိုး ဖန်တီးကာ လိဂ်ပြိုင်ပွဲ ရဲ့ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။

လာမယ့် ရာသီမှာ ယူရိုပါလိဂ် ပြိုင်ပွဲ ယှဉ်ပြိုင် ကစားရမယ့် အာဆင်နယ် အသင်းဟာ သူတို့ရဲ့ လူစာရင်း အင်အားတောင့်တင်းအောင် ဗီအဲရာ ကို ယူရို ၃၅ သန်း + Add-ons ၅ သန်း ၊ ငါးနှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ် ။

 

အာဆင်နယ် အသင်းဟာ မနေ့ညက ဗီအဲရာ ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာ ခဲ့ပြီး ကစားသမားသစ် ဗီအဲရာ ဟာ အာဆင်နယ် အသင်းမှာ ချိန်ဘာ ၊ ဖေဘီယန်စကီး တို့ ဝတ်ဆင် ကစားခဲ့ဖူးတဲ့ ကျောနံပါတ် ၂၁ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ် ။

 

ပေါ်တို နည်းပြဟောင်း ကျူလစ်ပါ ကတော့ ဗီအဲရာ ဟာ နည်းပြတိုင်း ရဲ့ အိပ်မက် ကစားသမားမျိုး ဖြစ်ကြောင်း ချီးကျူး လိုက်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ် ။

 

” ဖေဘီယို လို ကစားသမားမျိုး က တန်ကြေး အများကြီး ရှိတဲ့ ကစားသမား တစ်ဦးပါ ၊ သူလို ကစားသမားမျိုး နာမည်သိပ်မကြီးလာခင် အရ ခေါ်ယူလိုက်နိုင်တာက ကောင်းမွန်တဲ့ ပြောင်းရွှေ့မှုလို့ ဆိုနိုင်ပါတယ် ။ ”

” ဖေဘီယို က ခင်ဗျားတို့ ရုန်းကန် နေရတဲ့ ပွဲတစ်ပွဲမှာ အသင်းအတွက် အဖြေ ရှာဖွေ ပေးနိုင်မယ့် ကွင်းလယ် ဖန်တီးရှင် ကစားသမား တစ်ဦးပါ ။ သူက ကွင်းအတွင်း ဘယ်နေရာမှာ ဘယ်သူတွေ ရှိသလဲ ဆိုတာကို မြင်ပြီး အခွင့်အရေးတွေ ရယူ ဖန်တီးပေးနိုင်သူပါ ။ ”

” မန်နေဂျာ တိုင်း လိုချင်ကြတဲ့ အိပ်မက် ကစားသမားပါပဲ ၊ ကလပ် အသင်းတိုင်း ရှာဖွေ နေကြတဲ့ ကစားသမားပါ ၊ သူ့မှာ အရည်အသွေးကောင်းတွေ အများကြီး ရှိပါတယ် ။ သူက လိမ်ခေါက် နိုင်တယ် ၊ အသင်းနဲ့ ပူးပေါင်း ကစားနိုင်တယ် ၊ ပွဲ tempo ကို လျှော့ချ ပေးနိုင်တယ် ၊ ဂိုးဧရိယာအတွင်း ဝင်ရောက်နိုင်တယ် ၊ ဂိုးသွင်းနိုင်တယ် ။ ”

 

” သူ တိုးတက်ဖို့ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက ဘောလုံး မရှိချိန် လုပ်ဆောင်ချက်ပါ။ဒါပေမယ့် ပြီးခဲ့တဲ့လတွေအတွင်းမှာ သူ အများကြီး လုပ်ပြ နိုင်ခဲ့ပါတယ်၊

 

ပေါ်တို နည်းပြ ကွန်ဆီကာအို လက်အောက်မှာ သူ့ရဲ့ အသင်းလိုက် ကစားပုံက ပိုမို တိုးတက် လာခဲ့ပါတယ် ၊ မတူကွဲပြားတဲ့ အခိုက်အတန့်တွေမှာ ဟန်ချက်ညီညီ ကစားနိုင်ခဲ့ပါတယ်။” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM