အာဆင်နယ် ရဲ့လက်ရှိ နဲ့ အတိတ်က ကစားသမားတွေထဲမှာ သူ အကြိုက်နှစ်သက်ဆုံးသူတွေရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ ဖေဘီယို ဗီအဲရာ

 

အာဆင်နယ် အသင်းဟာ မနေ့က ညမှာ ပေါ်တို အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖေဘီယို ဗီအဲရာ ကို ယူရို ၃၅ သန်း + Add-ons ၅ သန်း ၊ ကာလရှည် စာချုပ်နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာ ခဲ့ပါတယ် ။

 

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗီအဲရာ ဟာ အာဆင်နယ် အသင်းမှာ ကျောနံပါတ် ၂၁ ဝတ်ဆင် ကစားသွားမှာပါ ။ ဗီအဲရာ ဟာ အာဆင်နယ် အသင်းကို ရောက်ရှိလာပြီးနောက် ပထမဆုံး အင်တာဗျူးမှာ အာဆင်နယ် အသင်းကို ရွေးချယ်ဖြစ်ခဲ့ပုံ၊ သူ သဘောကျ နှစ်သက်တဲ့ အာဆင်နယ် ကစားသမားတွေ အကြောင်း ပြောကြား သွားခဲ့ပါတယ် ။

” အာဆင်နယ် က သမိုင်းကြောင်း အစဉ်အလာ ရှိတဲ့ အင်္ဂလန် ကလပ် အသင်းတစ်သင်းပါ။ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်၊အာဆင်နယ် က ထူးခြား အံ့ဩဖို့ကောင်းတဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာ အားလုံး သိကြမှာပါ ။ ”

 

” ဒီအချက်ကလည်း အာဆင်နယ်ကို ရွေးချယ် ဖြစ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်း တစ်ခုပါ ၊ အာဆင်နယ် အသင်းရဲ့ကစားဟန်ကို ကျွန်တော် တကယ် သဘောကျပါတယ် ၊ ဒီအသင်းမှာ ပွဲထွက် ကစားဖို့ မစောင့်နိုင်တော့ပါဘူးဗျာ ။ ”

” အာဆင်နယ် မှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် ကစားသမား အချို့အကြောင်း ကျွန်တော် သိပါတယ်။တကယ့် နာမည်ကြီး ကြယ်ပွင့်တွေ ၊ ဘောလုံး ဂန္တဝင်ကြီးတွေပေါ့ဗျာ ။ ဥပမာ ဘားကမ့်၊ သီယာရီ အွန်နရီ ၊ ကာဇိုလာ ၊ ဖာဘရီဂက်စ် တို့ပေါ့ ၊ ကျွန်တော် သူတို့ကို ကောင်းကောင်း အမှတ်ရပါတယ် ။ သူတို့က ကွင်းထဲမှာ အများကြီး လွှမ်းမိုးမှု ရှိတဲ့ ကစားသမားတွေပါ ။ ”

” ဒါ့အပြင် ကျွန်တော် က ဆာကာ နဲ့ စမစ်ရို တို့ရဲ့ပရိသတ် တစ်ဦးလည်း ဖြစ်ပါတယ် ။ သူတို့ရဲ့ကစားပုံကို ကျွန်တော် တကယ် နှစ်ခြိုက် သဘောကျပါတယ် ၊ အိုဒီဂတ် ကတော့ ကျွန်တော် နဲ့ ကစားပုံ အတော်လေး ဆင်တူတဲ့ ကစားသမားပါ ။ ”

” ကျွန်တော် စမစ်ရို ၊ အန်ကီတီးယား တို့နဲ့ ယူရို ယူ၂၁ မှာ ထိပ်တိုက် ရင်ဆိုင်ဖူးပါတယ် ၊ သူတို့ နှစ်ဦးစလုံးက အရည်အသွေးမြင့် ကစားသမားတွေပါ ၊ အာဆင်နယ် မှာ ထိပ်တန်း ကစားသမားတွေ ရှိပါတယ် ၊ အသင်းရဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက်လာအောင် ကူညီ ပေးဖို့ ကျွန်တော် ဒီကို ပြောင်းလာ ခဲ့တာပါ ။ ”

 

” လာမယ့်ရာသီအတွက် ကျွန်တော်တို့ ထားရှိထားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ပြည့်မြောက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး အသင်းကို အောင်မြင်မှုတွေရရှိအောင် ကူညီပေးဖို့ လိုပါတယ်။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM