‘အာမခံချက် ပေးနိုင်ပါတယ်..’ ဒါ၀င်နူးနက်ရဲ့ အပြောင်းအရွေ့နဲ့ ပက်သက်ပြီး ဘန်ဖော်စတာရဲ့ သုံးသပ်ချက် 

 

ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမား ဖြစ်သူ ဘန်ဖော်စတာက လီဗာပူးရဲ့ ဒီနွေရာသီ ကစားသမား ခေါ်ယူမှုတွေဟာ လာမည့် ၁၀ နှစ်တာ ကာလအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဒီနွေရာသီ အပြောင်းအရွေ့မှာ အရေးပါတဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်နိုင်ခဲ့ပြီး ဖူဟမ်မှ ဖေဘီယိုကာဗယ်ဟို ၊ ဘင်ဖီကာမှ ဒါ၀င်နူးနက် နဲ့ အဘာဒင်းမှာ ကယ်ဗင်ရမ်ဆေး တို့ကို ခေါ်ယူထားခဲ့ပါတယ်။

နူးနက်ဟာ ဒီတစ်ပတ်မှာ ၂၃ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့်လည်း ကစားသမား ၃ ဦးစလုံးဟာ ၂၃ နှစ်အောက်သာ ရှိသေးတာကြောင့် ကလပ်ရဲ့ ပျမ်းမျှ အသက်ဟာ များစွာ လျော့ကျသွားခဲ့ပါတယ်။ ဥရုဂွေးစတား ဖြစ်သူ ဒါ၀င်နူးနက်ကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူလိုက်ခြင်းဟာ လီဗာပူးရဲ့ အကြီးမားဆုံး ကြေငြာချက် ဖြစ်ခဲ့ပါတယ်။

 

ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀၀ ကျော် ကစားထားခဲ့တဲ့ ဝါရင့် ဂိုးသမား ဖော်စတာ ကတော့ လီဗာပူးဟာ နွေရာသီမှာ အရမ်းကောင်းတဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

 

ဖော်စတာက “လီဗာပူးဟာ ဒါ၀င်နူးနက်ကို စံချိန်တင် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့ပါတယ်။ သူနဲ့ ပက်သက်ပြီး ကျွန်တော်ဟာ လူတော်တော်များများ မြင်ထားသလိုပဲ မြင်မိပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်မှာ ဘင်ဖီကာ အတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်တွေကို ကြည့်လိုက်မယ် ဆိုရင် သူဟာ တကယ့် ကစားသမား ပုံစံမျိုး ဖြစ်နေကာ တကယ့်ကို မယုံနိုင်လောက်အောင် ပါပဲ။

 

လီဗာပူးနဲ့ ပက်သက်ပြီး ချီးကျူးရမယ့် အရာ ကတော့ သူတို့ဟာ ကစားသမား ခေါ်ယူမှုနဲ့ ပက်သက်ပြီး သိပ်ပြီး မှားယွင်းမှု မရှိခဲ့ကာ အထူးသဖြင့် ထိပ်တန်း ကစားသမား ခေါ်ယူမှုတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အပြောင်းအရွေ့ လုပ်ဆောင်မှုတွေဟာ သိပ်ပြီး မှားလေ့ မရှိပါဘူး။

 

သူဟာ front three ရဲ့ အထောင် တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ အပြင် ဘယ်တောင်ပံ ကစားသမား အဖြစ်လည်း ကစားနိုင်ပါတယ်။ သူဟာ ကျားကုတ်ကျားခဲ ကစားတက်တဲ့ သူမျိုးလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ အတိတ်မှာတုန်းကလည်း တောရက်စ် ဆွာရက် တို့လို ကစားသမားမျိုးတွေ ခေါ်ယူနိုင်ခဲ့ပြီး နူးနက် ကလည်း သေချာပေါက် ခြေစွမ်းပြကာ ဂိုးတွေ သွင်းယူနိုင်ဖို့ အာမခံချက် ရှိတဲ့ ကစားသမားပါ။

 

သူဟာ လာမည့် ၁၀ နှစ်လောက် လီဗာပူးတို့ ကောင်းကောင်း အသုံးချသွားနိုင်တဲ့ ကစားသမားပါ။ သူတို့ ဒီနွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်မယ် ဆိုရင် အနာဂတ် အတွက် စီစဉ်ထားမှုတွေကို သိနိုင်ပါတယ်။

နူးနက်ကို ခေါ်ယူခဲ့ပြီးနောက် ကလော့က ဒါ၀င်နူးနက်ကို အချိန်ပေးကာ ပျိုးထောင်ပေးသွားမယ် ဆိုတဲ့ ပြောဆိုမှုကို ကျွန်တော် ဖတ်ခဲ့ရပါတယ်။ လူး၀စ်ဒီယက် ကလွဲပြီး ကစားသမားတွေ အနေနဲ့ ကလော့ရဲ့ system နဲ့ အထိုင်ကျဖို့ အချိန်ယူ လုပ်ဆောင်သွားရမှာ ဖြစ်ပြီး ချက်ချင်းကြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။

ပြီးခဲ့တဲ့ရာသီက သူတို့နဲ့ မန်စီးတီးရဲ့ ခြားနားချက် ကတော့ သရေပွဲ အနည်းငယ် များသွားခဲ့တာပါပဲ။ သရေပွဲလေးတွေကြောင့် သူတို့ဟာ အမှတ်ပေးဖလား နဲ့ ကပ်ပြီး လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နူးနက်ဟာ လီဗာပူးဟာ ခြေစွမ်းပြ နိုင်မယ့် ကစားသမား ဖြစ်လာမှာပါ။”

 

နူးနက် ရောက်လာခဲ့ပြီးနောက် လီဗာပူးနဲ့ ၆ နှစ်တာ လက်တွဲခဲ့တဲ့ ဆာဒီယိုမာနေးဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့တော့မှာ ဖြစ်ပါတယ်။ လီဗာပူးနဲ့ ဘိုင်ယန်တို့ဟာ မာနေး အတွက် add-ons အပါအ၀င် ယူရို ၄၁ နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဆီနီဂေါစတားဟာ ဂျာမန်ကလပ်နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

 

ဆက်လက်ပြီး ဖော်စတာက “မာနေး အနေနဲ့ စိန်ခေါ်မှု အသစ်ကို ရှာဖွေသွားချင်တဲ့ အချိန် ရောက်သွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီအတွက် သူ့ရဲ့ ရည်မှန်းချက်ကို ပိတ်ဆို့တားဆီးသွားလို့ မရပါဘူး။ ဒါပေမယ့် သူဟာ လီဗာပူး အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတော့ ဖြစ်လာမှာပါ။

သူ့ရဲ့ လုပ်အား အရည်အသွေး ပင်နယ်တီ ဧရိယာအတွင်း နေရာယူကောင်းမွန်မှု နဲ့ ခံစစ်ကို လိုက်ပါ ကူညီပေးမှုတွေဟာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာမှာပါ။ လီဗာပူးရဲ့ original front three ဖြစ်တဲ့ မာနေး ဆာလား ဖာမီနို တို့ဟာ တအားကို အလုပ်ဖြစ်ခဲ့ပြီး သူတို့ဟာ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပြည့်၀ခဲ့ကြပါတယ်။” လို့ ဆိုသွားပါတယ်။

 

SM