ဘောလုံး ကစားခွင့် မရတော့ရင် Gamer အဖြစ် ပရော်ဖက်ရှင်နယ် ပြောင်းလဲဖို့ စဉ်းစားထားတဲ့ တစ်ချိန်က Assist King အိုဇေးလ်

 

တစ်ချိန်က သူမတူတဲ့ ဂိုးဖန်တီးမှု အရေအတွက်တွေနဲ့ Assist King လို့ နာမည်ကျော်ခဲ့တဲ့ ဂျာမနီ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ ဘောလုံး ဆက်ကစား ရဖို့ မသေချာတဲ့ အနေအထား ကို ရောက်ရှိနေပြီး gaming လောကထဲကို ဝင်ရောက်ဖို့ စဉ်းစား နေပြီ ဖြစ်ပါတယ် ။

 

ဂန်းနား ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် ဟာပြီးခဲ့တဲ့နှစ် အစောပိုင်းမှာ အာဆင်နယ် ကနေ ထွက်ခွာပြီး တူရကီ ကလပ် ဖီနာဘာချီ အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ် ။

အိုဇေးလ် ဟာ အာဆင်နယ် မှာ ပွဲထွက် ကစားခွင့် မရတော့တာကြောင့် စာချုပ် ဖျက်သိမ်းပြီး ဖီနာဘာချီ အသင်းကို ပြောင်းရွှေ့ ခဲ့တာပါ ။ ဒါပေမယ့် အိုဇေးလ် ဟာ ဖီနာဘာချီ မှာလည်း ယာယီ နည်းပြ နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး အသင်း လူစာရင်းကနေ ဖယ်ထုတ်ကြောင်း အတိအလင်း ကြေညာ ခံခဲ့ရပါတယ် ။

 

ဖီနာဘာချီ အသင်းရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာတဲ့ Jorge Jenus ကလည်း ယာယီ နည်းပြ Kartal ရဲ့လမ်းစဉ် ကို လိုက်သွားဖို့ ရှိနေပြီး အိုဇေးလ် ကို ကစားခွင့် ပေးသွားမှာ မဟုတ်ကြောင်း ပြောကြား ထားပါတယ် ။

 

အိုဇေးလ် ရဲ့အေးဂျင့် ဖြစ်သူ အာဂတ်ဆိုဂတ် ကတော့ အိုဇေးလ် အနေနဲ့ ဖီနာဘာချီ အသင်းမှာ ကစားခွင့် မရရင် ဘောလုံး ဆက်ကစားဖို့ ဆန္ဒ မရှိတော့ဘဲ Gamer အဖြစ် career ပြောင်းလဲဖို့ စဉ်းစားထားတယ်လို့ Telegraph နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

 

” ကျွန်တော် ကတော့ သူ(အိုဇေးလ်) အနေနဲ့ တခြား ဘောလုံး အသင်း တစ်သင်းမှာ ဆက်ကစားလိမ့်မယ်လို့ မထင်ပါဘူး ။ ကျွန်တော် လုံးဝ မမြင်မိပါဘူး ၊ သူက ဖီနာဘာချီ အသင်းမှာပဲ ကစားခွင့် ရရင် ကစားချင်တဲ့ သူမျိုးပါ ။ ”

” သူ့ အနေနဲ့ esports ဘက်ကို ပိုအာရုံစိုက်သွားဖွယ် ရှိပါတယ် ၊ esports အားကစား သမားတောင် ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ် ။ သူက Fortnite ကစားတာ သိပ်ကောင်းတဲ့သူပါ ၊ တစ်နေ့မှာ သူ esports ပြိုင်ပွဲတွေ ဝင်ပြိုင်ရင် ကျွန်တော် အံ့အားသင့်မိမှာ မဟုတ်ပါဘူး ။ ”

 

” သူက M10 Esports ဆိုတဲ့ အသင်းကိုလည်း ပိုင်ဆိုင် ထားပါတယ် ၊ သူ့မှာ ကစားသမားတွေ ရှိပါတယ် ၊ ဂျာမနီမှာဆို သူ့ရဲ့ Gaming House ဆိုပြီး သက်သက် ရှိပါတယ် ၊ သူ့မှာ ဖီ​ဖာ ဘောလုံးဂိမ်း အသင်းရယ် Fortnite အသင်းရယ် ရှိပြီးသားပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM