အင်္ဂလန် လက်ရွေးစင် အသင်းမှာ အရွေးမခံရတဲ့ ယူနိုက်တက် ကြယ်ပွင့် သုံးဦးကို သတိပေးလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြဖြစ်သူ ဂါးရတ် ဆောက်ဂိတ် က ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပါဝင်ခွင့် ရရှိနိုင်ရေးအတွက် ယူနိုက်တက် စတား သုံးဦး အနေနဲ့ ရာသီသစ််မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ လိုအပ်လိမ့်မယ်လို့ သတိိပေး သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံံး ရာသီတုန်းက စိတ်ပျက်ဖွယ် ဘောလုံး ရာသီ တစ်ခုကို ပိုင်ဆိုင်ခဲ့ရပြီး ရမှတ် 58 မှတ်သာ ရှာဖွေစုဆောင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကြီး တစ်ခုကိုလည်း ပိုင်ဆိုင်သွားခဲ့ရပါတယ် ။

ရလဒ် တစ်ခု အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင််းမှာ ပုံစံကောင်း မပြသနိုင်ခဲ့ကြတဲ့ ကစားသမား အချို့ဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲကြီးကို ကစားပေးခွင့် ဆုံးရှုံးသွားခဲ့ကြပါတယ် ။

အဲ့ဒီထဲမှာတော့ ပြီးခဲ့တဲ့ နွေတုန်းက ဒဏ်ရာကို ခွဲစိတ်ကုသမှု လုပ်ဆောင်ခဲ့ပြီးနောက် ပုံစံကောင်း ပြသဖို့ ရုန်းကန်ခဲ့ရတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့လည်း ပါဝင်ခဲ့ပါတယ် ။ ရပ်ရှ်ဖို့ဟာ ယူရို 2020 မှာ အီတလီ အသင်းဖက် ပင်နယ်ဝင်အောင် မသွင်းနိုင်ခဲ့တဲ့နောက် အခုထိ ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးပါဘူး ။

အခြားတဖက်မှာတော့ နောက်ထပ် တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျေဒန် ဆန်ချို ဟာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တည်ငြိမ်တဲ့ ပုံစံကောင်း မပြသနိုင်ခြင်း ၊ ပွဲထွက် ကစားခွင့် ရရှိနိုင်ဖို့ ရုန်းကန််ရခြင်းတွေကြောင့် နေးရှင်းလိဂ် ကစားသမား စာရင်းထဲ မပါဝင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာလည်း အီတလီ နဲ့ ဖိုင်နယ်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့နောက် အဂ်လန် အတွက် တစ်ပွဲသာ ကစားပေးခဲ့ရပါသေးတယ် ။ ဒါ့အပြင် ဒဏ်ရာ ပြသနာတွေ ကြုံတွေ့နေခဲ့တဲ့ လုခ်ရှော ဟာလည်း ဂါးရတ် ဆောက်ဂိတ်ရဲ့ အသင်းမှား အရွေးမခံခဲ့ရပြန်ပါဘူး ။

လက်ရှိ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ယူနိုက်တက် ကစားသမား အဖြစ် ဟယ်ရီ မက်ဂွားယား တစ်ဦးထဲသာ ပါဝင်ခွင့် ရရှိထားတဲ့ အတွက် သတင်းထောက်က နောက်ထပ်် ယူနိုက်တက် ကစားသမားတွေ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်မလားလို့ မေးခဲ့ချိန် ဂါးရတ် ဆောက်ဂိတ် က အများကြီး ကြိုးစားရလိမ့်မယ်လို့ သတိပေးခဲ့တာပဲ ဖြစ်ပါတယ် ။

” ကျွန်တော်တို့ အသင်းမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား တစ်ဦးသာ ပါဝင်ပါတယ် ။ သူတို့ အနေနဲ့ အသင်းမှာ ပြန်လည် ပါဝင်နိုင်ရေး အတွက် အလုပ်တွေ အများကြီး လုပ်ဆောင်ရပါလိမ့်ဦးမယ် ” လို့ ဆောက်ဂိတ် က သတိပေး စကား ပြောကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်း ခေါင်းဆောင်် ဖြစ်သူ ဟယ်ရီ မက်ဂွားယား ဟာလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက စိတ်ပျက်စရာတွေ ကြုံတွေ့ခဲ့ရပြီး အမှားကျူးလွန်မှုတွေနဲ့ အတူ ပွဲထွက်ခွင့်တွေလည်း ပျောက်ဆုံးခဲ့ပါတယ် ။ ဒါပေမဲ့ ဂါးရတ် ဆောက်ဂိတ် ကတော့ သူ့အပေါ် ယုံကြည်မှု ထားခဲ့ပြီး လက်ရွေးစင် အသင်းဆီ ခေါ်ယူခဲ့ပါတယ် ။

#Sports_Myanmar