ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ် အသင်းရဲ့ကမ်းလှမ်းမှုကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဆိုတာ ရှင်းပြလိုက်တဲ့ ဗလာဟိုဗစ်

ဗလာဟိုဗစ် က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ် အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

ဂန်းနားတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ တောက်လျှောက် ကြိုးပမ်း ခဲ့ပြီး ဗလာဟိုဗစ် နဲ့ ချိတ်ဆက် ခဲ့ပေမယ့် ဆားဘီးယားသားဟာ ဂျူဗင်တပ်စ် အသင်းကိုပဲ ပြောင်းရွှေ့သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် အတွက် ဖီအိုရင်တီးနား အသင်းထံ ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်း ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဗလာဟိုဗစ် နဲ့ သူ့ရဲ့အေးဂျင့်တို့ဟာ ဗလာဟိုဗစ် ရဲ့ ကမ်းလှမ်းမှုကို အကြောင်း လုံးဝ မပြန်ဘဲ ဂျူဗင်တပ်စ် အသင်းထံ ပေါင် ၆၆.၆ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

အခု အခါမှာတော့ ဗလာဟိုဗစ် က အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကစားဖို့ လုံးဝ စိတ်ဝင်စားခဲ့ခြင်း မရှိခဲ့ဘဲ ဂျူဗင်တပ်စ် တစ်သင်းတည်းမှာ ကစားချင်စိတ် ရှိခဲ့ကြောင်း The Telegraph နဲ့ အင်တာဗျူး မှာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် အေးဂျင့်ကတော့ အာဆင်နယ် အသင်းရဲ့ကမ်းလှမ်းမှု အကြောင်း သိကောင်း သိနိုင်ပါတယ် ။ ဒါပေမယ့် အဲ့ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်သူ နဲ့မှ စကားပြောဆို ခဲ့တာမျိုး လုံးဝ မရှိ ခဲ့ပါဘူး ။ ”

” ကျွန်တော့် စိတ်ထဲမှာ ကလပ် အသင်း တစ်သင်းပဲ ရှိပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဂျူဗင်တပ်စ် က ဂျူဗင်တပ်စ် ပဲလေ ၊ ဒီထက် ပိုပြောစရာ စကား မရှိတော့ပါဘူး ။ ”

” အခု အချိန်မှာ ဒီဂျာစီကို ဝတ်ဆင်လိုက်တိုင်း ဂုဏ်ယူ ရပါတယ် ၊ ဝတ်ဆင် လိုက်ရတဲ့ အချိန်တိုင်း ရတဲ့ ခံစားချက် က အံ့ဖွယ်ပါပဲ ၊ သူတို့ရဲ့ DNA နဲ့ ကျွန်တော်နဲ့က လုံးဝ ကိုက်ညီမှု ရှိပါတယ် ၊ ဒီ အသင်းကို ရောက်လာရင် အရှုံးမပေးတဲ့ စိတ်ဓတ် ရှိရမယ် ။ ”

” အချိန်ပြည့် တိုက်ပွဲဝင်ချင်စိတ် အပြည့်နဲ့ ကစားရမှာ ဖြစ်သလို ပေးဆပ် ကစားလိုစိတ်လည်း ရှိရပါမယ် ။ ဒီလို အရာတွေက ကျွန်တော်နဲ့ လုံးဝ ကိုက်ညီမှု ရှိပြီး ကျွန်တော် ရှာဖွေနေတဲ့ အရာတွေပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဗလာဟိုဗစ် ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ် အသင်းအတွက် ၂၁ ပွဲ ကစား ၉ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

SM