အပြောင်းအရွှေ့ သတင်းတွေ ကျယ်လောင်နေမှု အပေါ် ဒီဂျောင် က သူ့ကို ဘာပြောထားခဲ့သလဲဆိုတာ ဖွင့်ဟလိုက််တဲ့ ဒီလစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေမှာ ကွင်းလယ် ကစားသမား လေးဦး အထိ ဆုံးရှုံးခံရဖို့ ရှိနေပါတယ် ။ အဲ့ဒီထဲမှာတော့ ပေါ့ဂ်ဘာ ၊ မာတစ် ၊ လင်ဂတ် ၊ မာတာ တို့လို ကစားသမားတွေ ပါဝင်နေခဲ့တဲ့ အတွက် အရည်အသွေးကောင်းတဲ့ ကစားသမား တစ်ဦး သေချာပေါက်် ခေါ်ယူဖို့ လုပ်ဆောင်ရပါလိမ့်မယ် ။

အခုအချိန်အထိတော့ ယူနိုက်တက်တို့နဲ့ သတင်းကျယ်လောင် နေခဲ့တဲ့ ကစားသမားတွေထဲ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ၊ လိဒ်စ် ကွင်းလယ်လူ ကယ်ဗင် ဖိလစ် နဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင် တို့ ပါဝင် နေခဲ့ကြပါတယ် ။ ဒါပေမဲ့ အခုထိ သတင်း မထူးခဲ့သေးပါဘူး ။

ဒီကလန် ရိုက်စ် ရဲ့ ပြောင်းရွှေ့ကြေးဟာ စျေးကွက်ထဲ ပေါင် သန်း 150 အထိ ရှိနေခဲ့ရပါတယ် ။ ဒါ့အပြင် နောက််ထပ် အင်္ဂလန်သား တစ်ဦး ဖြစ်တဲ့ ကယ်ဗင် ဖိလစ် အတွက််လည်း ပေါင် 85 သန်း အထိ ပေးချေရလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီဂျောင်ကတော့ စျေးကွက်ထဲ ပေါင် 75 သန်း နဲ့ ရနိုင်လိမ့်မယ်လို့ သတင်းထွက်နေခဲ့ပါတယ် ။

ဖရန်ကီ ဒီဂျောင် ဆိုတာ လက်ရှိ ယူနိုက်တက် နည်းပြ ဖြစ််လာသူ အဲရစ် တန်ဟတ် နဲ့ အေဂျက်ဇ် အသင်းမှာ ကတည််းက အလုပ်တွေ အတူ လက်တွဲ လုပ်ခဲ့သူ ဖြစ်ခဲ့ဖူးပါတယ်် ။ အဆိုပါ အချိန်က သူဟာ နယ်သာလန်းသား နည်းပြ နဲ့ အတူ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် အထိ တက်ရောက်နိုင််ခဲ့ဖူးပါတယ် ။

အဲ့ဒီအချိန်တုန်းကတော့ အေဂျက်ဇ် အသင်းမှာ ဖရန်ကီ ဒီဂျောင် ၊ မာသီးယက်စ် ဒီလစ် နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့ဟာ အကောင်းဆုံး ကစားသမားတွေ ဖြစ်နိုင်ခဲ့ကြပါသေးတယ်် ။ အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ဗန်ဒီ ဘိခ် ရှိနေခဲ့ပါပြီ ။ ဒါပေမဲ့ သူဟာ ခြေစွမ်း မပြနိုင်ခဲ့တဲ့ အတွက် အဲဗာတန်ဆီ အငှားထွက်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းမှာ ကွင်းလယ်လူတွေ နည််းပါးသွားပြီ ဖြစ်တဲ့ အတွက် သူဟာ ရာသီသစ်မှာတော့ နည်းပြဟောင်း တန်ဟတ်ရဲ့ လက်အောက်မှာ တဖန် ပြန်လည်် တောက်ပခွင့် ရနိုင်လိမ့်မယ်လို့ ထင်ကြေး ပေးခံနေခဲ့ရပါတယ် ။ ဒါ့အပြင် သူဟာ ဒီဂျောင် ရောက်လာပါက အကောင်းဆုံး တွဲဖက်နိုင်လိမ့်မယ်လို့ပါ သတင်းထွက်နေခဲ့ရပါတယ် ။

အခြားတစ်ဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ နောက်ထပ် အေဂျက်ဇ် ကစားသမား ဖြစ်တဲ့ ဒီလစ်ကိုလည်း ချိတ်ဆက်ခဲ့ဖူးပါသေးတယ် ။ ဒါပေမဲ့ အဲ့ဒီ အချိန်တုန်းက ဂျူဗင်တပ် အသင်းဟာ ကစားသမား ဖြစ်သူကို လက်ဦး ခေါ်ယူနိုင်ခဲ့တဲ့ အတွက် လက်လွှတ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ပစ်မှတ်ဟောင်း ဖြစ်သလို နယ်သာလန် လက်ရွေးစင် အသင်းမှာ ဖရန်ကီ ဒီဂျောင်နဲ့ တွဲဖက်် ကစားနေရဆဲဖြစ်တဲ့ မာသီးယက်စ် ဒီလစ် က အသင်းဖော် ဖြစ်သူဟာ သူတို့အတွက် တကယ့်ကို အရေးကြီးတဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြားသွားခဲ့လိုက်ပြီး သူ့ရဲ့ အနာဂတ် အကြောင်းတော့ မပြောခဲ့သေးဘူးလို့ ဝန်ခံ သွားခဲ့လိုက်ပါတယ် ။

” သူဟာ အခုထက်ထိတော့ အနာဂတ် အကြောင်းနဲ့ ပတ်သက််လို့ ကျွန်တော့်ကို ဘာမှမပြောဖြစ်ခဲ့သေးပါဘူး ။ ဒါပေမဲဲ့ သူက အံ့ဖွယ် ကစားသမားကောင်း တစ်ဦးပါ ။ သူဟာ ကျွန်တော်တို့ အသင်းအတွက် ဘယ်လောက် အထိ အရေးပါသလဲဆိုတာ အားလုံး သိကြပါတယ် ” လို့ ဒီလစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar