အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ဝမ်းမြောက်် ဂုဏ်ယူမိကြောင်း ဖွင့်ပြောလိုက်တဲ့ ယူနိုက်တက် ပစ်မှတ် အန်ကွန်ကူ 

 မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတိုဖာ အန်ကွန်ကူ က အခုလို သူ့အပေါ် စိတ််ဝင်စားတဲ့ သတင်းတွေ ကြားနေရတဲ့ အပေါ် ဝမ်းမြောက်် ဂုဏ်ယူမိကြောင်း ဝန်ခံ ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။ 

RB လက်ပ်ဇစ် အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ခရစ္စတိုဖာ အန်ကွန်ကူ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ပြိုင်ပွဲစုံ 35 ဂိုး အထိ သွင်းယူပြီး ဘိုင်ယန် မြူးနစ် အသင်းရဲ့ တိုက််စစ်မှူး လီဝန်ဒေါစကီး ကို ကျော်ဖြတ်ကာ ဘွန်ဒက် လီဂါ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက်မှာတော့ သူ့ကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ််သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ PSG အသင်းတွေက စိတ်ဝင်စား နေကြကြောင််း သတင်းတွေ ကျယ်လောင်လာခဲ့ပါတယ် ။ ဒါပေမဲ့ လက်ပ်ဇစ် အသင်းကတော့ 2024 အထိ စာချုပ် သက်တမ်း ရှိသေးတဲ့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ််း ထားလိုနေခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ အကောင်းဆုံး အသင်းတွေရဲ့ စိတ််ဝင်စားမှုတွေကို ရရှိနေခဲ့တဲ့ ကစားသမားမျိုးကို ဆက်လက်် ထိန်းသိမ်းထားနိုင်ဖို့ မလွယ်ကူတာတော့ အမှန်ပါပဲ ။ အခုတော့ ကစားသမားကိုယ်တိုင်က သတင်းတွေ ကြားသိိနေရတဲ့ အပေါ် ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” ဒါက လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး ။ အသင်းတွေက ကျွန်တော့်ကို စိတ်ဝင်စား နေခဲ့ကြပါတယ် ။ ဟုတ်ပါတယ် ၊ ဒါဟာ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ ။ အဲ့တာထက် ပိုပြီး ဂုဏ်ယူစရာကောင်းတာက လက်ပ်ဇစ်လို အသင်းဟာ ကျွန်တော့်ကို ဆက်ရှိစေဖို့ စွမ်းနိုင်သမျှ အကုန် လုပ်နေတယ် ဆိုတာပါပဲ ”

” ကျွန်တော့် အနေနဲ့ ဒါကို ရောင်ပြန်ဟပ်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်ရပါလိမ့်မယ် ။ ကမ္ဘာ့ ဖလား ပြိုင်ပွဲက မကြာခင် ကစားရပါတော့မယ် ။ ဒီအတွက် ကျွန်တော် အကောင်းဆုံး ပုံစံတွေ ဆက်လက် ပြသနိုင်ဖို့ ကြိုးစားရဦးမှာ အသေအချာပါပဲ ” လို့ ပြောရင်း PSG အသင််းမှ စိတ်ဝင်စားနေတဲ့ အပေါ် …

” ကျွန်တော် ပြောခဲ့သလိုပါပဲ ။ ဒီအတွက် ကျွန်တော့်ဖက်က ပြန်လည် ရောင်ပြန်ဟပ်ဖို့ လိုအပ်ပါသေးတယ် ” လို့ အန်ကွန်ကူ က ပြန်လည် ဖြေကြား သွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ လက်ရှိ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေကတော့ တိုက်စစ်မှူး တစ်ဦး လိုချင်နေတဲ့ အဲရစ် တန်ဟတ် ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကလည်း အန်ကွန်ကူကို အသေအချာ စောင့်ကြည့်နေတယ်လို့ သိနေရပါတယ် ။

 

#Sports_Myanmar