ရိုးမား Vs ဖီယင်နော့ တို့ရဲ့ Europa Conference Legue ဖိုင်နယ် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်

ယနေ့ညမှာတော့ အီတလီ ကလပ် ရိုးမား နဲ့ နယ်သာလန် ကလပ် ဖီယင်နော့ တို့ဟာ ပရိတ်သတ် ၂ သောင်းဆန့် Air Albania Stadium မှာ Europa Conference Legue ဖိုင်နယ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပြီး ဒီပြိုင်ပွဲရဲ့ ပထမဦးဆုံး ချန်ပီယံ ဖြစ်လာဖို့ အားခဲနေကြမှာပါ။ ဂျိုဆေးမော်ရင်ညိုဟာ ဥရောပမှာ သူ့ရဲ့ ပြီးပြည့်စုံတဲ့ မှတ်တမ်းကို ယနေ့ည ဗိုလ်လုပွဲကို ဆွဲဆန့်သွားဖို့ ရည်မှန်းနေမှာ ဖြစ်ပြီး ပေါ်တူဂီ မန်နေဂျာဟာ သူ ယှဉ်ပြိုင်ခဲ့တဲ့ ဖိုင်နယ် ၄ ခု စလုံးကို အနိုင်ရထားခဲ့ပြီး ဖြစ်ပါတယ်။

မော်ရင်ညိုဟာ ပေါ်တိုနဲ့ ၂ ကြိမ် ၊ အင်တာ မန်ယူနိုက်တက် တို့နဲ့ တစ်ကြိမ်စီ ဖိုင်နယ်တွေမှာ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ ဗိုလ်စွဲခဲ့မယ် ဆိုရင်တော့ ဂျိုဆေးဟာ Erorpean Final မှာ မတူညီတဲ့ အသင်း ၄ သင်းကို ဦးဆောင်ကာ ချန်ပီယံ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ ပထမဦးဆုံး မန်နေဂျာ ဖြစ်လာမှာပါ။ မော်ရင်ညိုဟာ ၂၀၀၃ နဲ့ ၂၀၀၄ ခုနှစ်တို့မှာ ပေါ်တိုကို ယူရိုပါလိဂ် နဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးခဲ့ပြီး ၂၀၁၀ မှာ အင်တာကို ချန်ပီယံလိဂ်ဖလား နဲ့ ၂၀၁၇ မှာ မန်ယူနိုက်တက်ကို ယူရိုပါလိဂ်ဖလား ရယူပေးခဲ့သူ ဖြစ်ပါတယ်။

အာနီဆလော့ရဲ့ ဖီယင်နော့ အသင်းကလည်း နယ်သာလန်လိဂ်မှာ တတိယနေရာနဲ့ အဆုံးသတ်ထားခဲ့တဲ့ အသင်း ဖြစ်ပြီး Europa Conference Legue မှာ ၁၀ ဂိုးသွင်းပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်နေတဲ့ ဒက်ဆာကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့်လည်း အေဗရာဟမ်ကလည်း ရိုးမားမှာ အကောင်းဆုံး ရာသီတစ်ခုကို ပိ်ုင်ဆိုင်နေခဲ့ပြီး ဒီပြိုင်ပွဲမှာ ၉ ဂိုး သွင်းထားခဲ့ပါတယ်။ အင်္ဂလန် စတားဟာ ရိုးမအတွက် ပြိုင်ပွဲစုံမှာ ၂၇ ဂိုး သွင်းယူပေးထားခဲ့သူ ဖြစ်ပြီး လက်စတာနဲ့ ဆီမီးဖိုင်နယ်မှာ တစ်လုံးတည်းသော ဂိုးကို သွင်းပေးခဲ့သူ ဖြစ်ပါတယ်။

အင်္ဂလန် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်က ယနေ့ညရဲ့ Europa Conference Legue final ပွဲစဥ်ကို ယခုလိုပဲ ခန့်မှန်းပေးခဲ့ပါတယ်။

အိုဝင်က “ဒါဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဒီနှစ်သင်းကြား ကြီးမားတဲ့ ကွာဟချက်က မရှိပါဘူး။ ရိုးမားအသင်းဟာ ဂျိုဆေးမော်ရင်ညို ကလပ်ကို ပထမဦးဆုံး ကိုင်တွယ်တဲ့ ရာသီမှာ ခြေစွမ်းပိုင်းက တအားကို မတည်မငြိမ် ဖြစ်လွန်းနေပါတယ်။ ဒါပေမယ့် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေက ရှိနေပါတယ်။ တမ်မီအေဗရာဟမ်ဟာ အီတလီမှာ အရမ်းကို ကောင်းလှတဲ့ ပထမဦးဆုံး ရာသီကို ဖြတ်သန်းနေခဲ့ပြီး အင်္ဂလန် စတားဟာ ကောင်းသထက် ကောင်းလာအုံးမှာ ဖြစ်ပါတယ်။

ဖီယင်နော့ဟာ ဒီရာသီ Europa Conference Legue မှာ လုံးဝ ရှုံးပွဲမရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ဟာ အရမ်းကို ကောင်းမွန်တဲ့ ရလဒ် တစ်ချို့ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ပြီးတော့ သူတို့ဟာ ပြည်တွင်းမှာလည်း ရာသီကောင်း တစ်ခုကို ပိုင်ဆိုင်နို်င်ခဲ့ပြီး အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒီပွဲစဉ်မှာ ရိုးမားကို အကြိုက်တွေ့မိ ပါတယ်။

ဂျိုဆေးမော်ရင်ညိုဟာ ဥရောပဖိုင်နယ်မှာ တစ်ကြိမ်မှ မရှုံးထားခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ပြီး သူ့ရဲ့ မှတ်တမ်းကောင်းဟာ ဒီပွဲစဉ်မှာလည်း ကျိုးပျက်သွားလိမ့်မယ်လို့ ကျွန်တော် မထင််မိပါဘူး။ ရိုးမားတို့ ပွတ်ကာသီကာ နဲ့ အနိုင်ရသွားမှာ ဖြစ်ပြီး တမ်မီအေဗရာဟမ်ဟာ ROME အခြေစိုက်က ကလပ်ရဲ့ ဟီးရိုး ထပ်မံ ဖြစ်သွားနိုင်ပါတယ်။

အိုဝင်ရဲဲ့ ခန့်မှန်းချက် : ရိုးမား ၁-၀ ဖီယင်နော့

SM