လင်ဂတ်ရဲ့ အနေအထားအပေါ် အခြေခံပြီး ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ အချက်တစ်ခုအပေါ် ဒေါသထွက် ပေါက်ကွဲလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဂျက်စီ လင်ဂတ် ဟာ ဒီရာသီ အကုန်မှာ အသင််းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားဖို့ ရှိနေပါတယ် ။ သူဟာ အသင်းနဲ့ စာချုပ် သက်တမ်း မတိုးနိုင်ခဲ့တဲ့ အတွက် အသင်းမှ သေချာပေါက် ထွက်ခွာရပါလိမ့်မယ် ။

ဒါပေမဲ့ အသင်းမှ မထွက်ခင် သူဟာ လိုချင်နေတဲ့ အရာ တစ်ခုတော့ မရခဲ့ပါဘူး ။ အဲ့တာက အသင်းရဲ့ ရာသီပိတ် အိမ်ကွင်း ပွဲစဥ်မှာ ပွဲကစားချိန် မိနစ် မရရှိခြင်းပဲ ဖြစ်ပါတယ် ။ ဒီအတွက်ကြောင့် လင်ဂတ်ရဲ့ အစ်ကို ဖြစ်သူလည််း ပေါက်ကွဲခဲ့ပါသေးတယ် ။

ဖြစ်စဥ်ကတော့ ယူနိုက်တက်တို့ ဒီရာသီရဲ့ နောက်ဆုံး အိမ်ကွင်း ပွဲစဥ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် မှာ အိမ်ကွင်း ပရိသတ်တွေရဲ့ ရှေ့မှောက် ဘရိုက်တန် အသင်းနဲ့ ကစားခဲ့ရပါတယ် ။ ဒီပွဲမှာတော့ ယူနိုက်တက် တို့ဟာ ပွဲချိန် 61 မိနစ်ထဲက 2 – 0 နဲ့ ဦးဆောင်နေခဲ့ကြပါပြီ ။

ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက်တို့ဟာ အသင််းနဲ့ လမ်းခွဲတော့မယ့် အကယ်ဒမီထွက်ကစားသမား ဖြစ်သူ ဂျက်စီ လင်ဂတ်ကို လူစားဝင် ကစားခွင့် ပေးဆောင်ဖို့ အခွင့်အလမ်း ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဒါပေမဲ့ ပွဲချိန် 72 မိနစ််မှာ မာတစ်ရဲ့ နေရာကို ဖရက်ဒ် က လူစားဝင်ခဲ့ပါတယ် ။

အဲ့ဒီနောက် တစ်မိနစ် အကြာမှာပဲ ယူနိုက်တက်တို့ နောက််ထပ် တစ်ဂိုး သွင်းယူနိုင်ခဲ့ကြပြီး 3 – 0 ရလဒ် နဲ့ ပွဲစဥ်ကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲဲ့ နောက်ထပ် လူစားဝင် ကစားသမားတွေထဲ လင်ဂတ် မပါဝင်ခဲ့ရပြန်ပါဘူး ။

ယူနိုက်တက် နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် ဟာ ပွဲချိန် 75 မိနစ််မှာ မာတာ ရဲ့ နေရာကို ဖီးလ် ဂျုံးစ် ၊ အီလန်ဂါ ရဲ့ နေရာကို ကာဗာနီ တို့နဲ့ လူစားဝင် ကစားစေခဲ့ပါတယ် ။ ဒါဟာ ယူနိုက်တက် အသင်းမှာ လူငယ် ဘဝထဲက ရောက်လာခဲ့တဲ့ လင်ဂတ် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ဒါ့ကြောင့်လည်း လင်ဂတ်ရဲ့ အစ်ကို ဖြစ်သူဟာ ယူနိုက်တက်ရဲ့ လုပ်ရပ်ဟာ အဆင့်အတန်း မရှိဘူးလို့ ပြောဆိုခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။ အခုတော့ ဖာဒီနန် က ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေအပေါ် နှုတ်ဆက်ပုံက ဆိုးရွားလွန်းကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

” ဒီနေရာမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုးရွားဆုံး အသင်းပဲလို့ ကျွန်တော် ထင်ပါတယ် ။ နိုင်ငံရပ်ခြား ကလပ်တွေမှာ ကြည့်လိုက်ပါ ၊ အသင်း နဲ့ အတူ တောက်ပနိုင်ခဲ့သူတွေ ၊ ဆုဖလား ဆွတ်ခူးနိုင်ခဲ့သူတွေဟာ သာမန်ထက်ထူးကဲတဲ့ ၊ မှန်ကန်တဲ့ နှုတ်ဆက်မှုကို ရရှိကြတာချည်းပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် ကတော့ အခြား အသင်းတွေလို အလေးပေး လုပ်ဆောင်ပေးတာမျိုး မရှိခဲ့ပါဘူး ။ ခင်ဗျားဟာ ဒါရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ဒါပေမဲ့ ခင်ဗျားဟာ အသင်းအတွက် အများကြီး ပေးဆပ်ခဲ့တယ်လို့ ခံစားရရင် ကောင်းမွန်တဲ့ နှုတ်ဆက်ပုံမျိုး ရသင့်ပါတယ် ” လို့ ဖာဒီနန် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar