“သူ့အနီကဒ်ကြောင့် အသင်း နိမ့်ကျသွားခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တာပဲလေ။ ” အသင်းဖော်တွေအပေါ် ဝေဖန်ခဲ့တဲ့ ရှာကာကို တုန့်ပြန်လိုက်တဲ့ ဒါရင်းဘန့်

အာဆင်နယ် အသင်း ကွင်းလယ်လူ ဂရန်းနစ် ရှာကာ ရဲ့ နယူးကာဆယ် နဲ့ ပွဲအပြီး ပြောစကားဟာ ဘောလုံး ပရိသတ်တွေကြား အတော်လေး ဟိုလေးတစ်ကျော် ဖြစ်သွားခဲ့ပါတယ် ။

နယူးကာဆယ် ကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး အင်တာဗျူးမှာ ဂရန်းနစ် ရှာကာ ဟာ အသင်းအတွက် ကစားပေးဖို့ အဆင်သင့် မဖြစ်ရင် အရန်ခုံမှာပဲ ထိုင်နေဖို့ နဲ့ အိမ်မှာပဲ နေခဲ့ဖို့ ဝေဖန် ပြောကြား ခဲ့တာ ဖြစ်ပါတယ် ။

တော့တင်ဟမ် တိုက်စစ်မှူးဟောင်း ဖြစ်ပေမယ့် အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်တဲ့ ဒါရင်းဘန့် က ရှာကာ ရဲ့ ပြောဆိုမှုဟာ စည်းဘောင်ကျော်နေပြီး အဝတ်လဲခန်း အတွင်း စည်းလုံးမှုကို ထိခိုက်စေနိုင်တယ်လို့ talk sports မှာ ပြောကြား သွားခဲ့ပါတယ် ။

” ရှာကာ ဖြစ်နေတာကြောင့် အဲ့လိုပြောတာ ဖြစ်နိုင်ပါတယ် ၊ သူ ပြောတာ မမျှတရာကျတယ်လို့ မြင်မိပါတယ် ၊ ဘာကြောင့်လဲဆိုတော့ သူ့ကြောင့် အာဆင်နယ် အသင်း နိမ့်ကျ သွားခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တာကြောင့်ပါပဲ ။ ”

” ဒီရာသီမှာတောင် သူ လုပ်ခဲ့တဲ့ အနီကဒ်တွေ ၊ ဆိုးရွားတဲ့ အမှားတွေ ရှိခဲ့တာပဲလေ ။ သူက မနေ့ညကအကြောင်း အဓိက ပြောဆို နေတာဆိုရင်တော့ ကျွန်တော် နားလည် ပေးနိုင်ပါတယ် ။ ”

” ဒါပေမယ့် အဝတ်လဲခန်းအတွင်းက တခြားကစားသမားတွေရဲ့အမြင်ကို တွေးကြည့်ရအောင်ဗျာ ၊ အထူးသဖြင့် ဒီရာသီ သူ့ထက် တည်ငြိမ်ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသထားနိုင်သူဘက်ကနေပေါ့ဗျာ ၊ ‘ခင်ဗျား ကောင်းမွန်တဲ့ စွမ်းဆောင်ရည်အချို့ပြပြီးမှ အခုလို ထွက်လာပြီး စကားပြော’ လို့ ပြောပါလိမ့်မယ် ။ ”

” သူပြောတာကို နားထောင်ကြည့်လိုက်ရင် သူကကျ တကယ်ကောင်းတဲ့လူလိုပါပဲ ၊ ဒါပေမယ့် အဝတ်လဲခန်း အတွင်းက လူတွေစိတ်ထဲမှာ ‘ ခဏ နေပါဦး ၊ သူက ငါတို့ကို ဝေဖန်နေတယ်? ပြီးခဲ့တဲ့ရာသီတွေအတွင်းမှာ သူ့ကြောင့် အသင်း နိမ့်ကျခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်လေ ၊ သူက စီနီယာ ကစားသမားတွေထဲက တစ်ယောက်ပဲလေ’ လို့ ဖြစ်နေကြမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ရှာကာ ဟာ အာဆင်နယ် အသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ အားအနည်းဆုံး ကစားသမား ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ၃ နှစ်တုန်းက ပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့တာကြောင့် အသင်း ခေါင်းဆောင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါသေးတယ် ။

SM