လက်ရှိဘောလုံးလောကမှာ သူအနှစ်သက်ဆုံး ညာနောက်ခံလူ ၃ ဦးကို ရွေးချယ်ပေးလိုက်တဲ့ ဒါနီအဲဗက်စ်

ဘာစီလိုနာ နောက်ခံလူ ဒါနီအဲဗက်စ်ဟာ ကစားသမားဘ၀မှာ ဆုဖလားပေါင်းများစွာနဲ့အတူ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားခဲ့သူ ဖြစ်ပြီး full-backs တော်တော်များများရဲ့ စံပြ ကစားသမား အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ အဲဗက်စ်ဟာ ခြေစွမ်း တည်ငြိမ်လှတဲ့ နောက်ခံလူ တစ်ဦး ဖြစ်တဲ့အပြင် ၎င်းရဲ့ တိုက်စစ် အရည်အသွေးတွေ ကလည်း ပြိုင်ဘက် ခံစစ်ပိုင်း အတွက် ထိန်းချုပ်ရ ခက်ခဲတယ်ဆိုတာကို သက်သေ ပြထားခဲ့ပါတယ်။

၂၀၁၀-၁၁ ရာသီဟာ အဲဗက်စ်ရဲ့ ကစားသမား ဘ၀ အကောင်းဆုံး ရာသီ ဖြစ်ခဲ့ပြီး ဘာစီလိုနာ အတွက် လာလီဂါ ၃၅ ပွဲမှာ ၂ ဂိုးသွင်းကာ ၁၅ ဂိုးထိ ဖန်တီးပေးခဲ့ပါတယ်။ အဆိုပါ ရာသီမှာပဲ အဲဗက်စ်ဟာ ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ်ကော လာလီဂါဖလားပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဗက်စ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဘာစီလိုနာကို ဒုတိယအကြိမ် ပြန်လည် ရောက်ရှိလာခဲ့ပြီး အသက်အရွယ်က ၃၈ နှစ် ရှိနေပြီ ဖြစ်တာကြောင့် တစ်ချိန်က ကစားသမားမျိုးတော့ မဟုတ်တော့ပါဘူး။

ဒါပေမယ့် ဘောလုံးလောကမှာ အခြား စိတ်လှုပ်ရှားစရာ ညာနောက်ခံလူတွေက ရှိနေပြီး အဲဗက်စ်ဟာ ဒီထဲက သူနှစ်သက်တဲ့ ညာနောက်ခံလူ ၃ ဦးကို ရွေးချယ် ပေးသွားခဲ့ပါတယ်။

အဲဗက်စ်က “ကျွန်တော် ထရန့်အလက်ဇန်းဒါးအာနိုးကို တအားကို နှစ်သက်ပါတယ်။ သူဟာ တအားကို ထူးချွန်တဲ့ ဘောလုံးသမား ဖြစ်ပါတယ်။ ဒီကောင်လေးမှာ ကမ္ဘာ့အဆင့် အရည်အသွေးတွေ ရှိနေပါတယ်

ပြီးတော့ ကျွန်တော် ရိစ်ဂျိမ်း နဲ့ ဟာကီမီ တို့ကိုလည်း ကြည့်ရတာ နှစ်သက်ပါတယ်။ သူတို့ဟာ အင်အား နဲ့ အရည်အသွေးတွေ ပေါင်းစပ်ထားတဲ့ ကစားသမားတွေ ဖြစ်ပြီး အရမ်းကို ကောင်းလှတဲ့ ကစားသမားတွေလည်း ဖြစ်ကြပါတယ်။

ဒီကစားသမား ၃ ဦးဟာ မတူညီတဲ့ ကစားဟန် နဲ့ character တွေ ရှိနေကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အလုပ်ကို ဘယ်လို လုပ်သွားရမလဲ ဆိုတာ သိနေကြသူတွေပါ။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ဘာစီလိုနာ ဂျူဗင်တပ် ပီအက်ဂျီ တို့နဲ့ အတူ ဆုဖလား များစွာ ဆွတ်ခူးထားခဲ့တဲ့ အဲဗက်စ်က သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်က သူ့ဆရာ ဂွာဒီယိုလာ ရှိနေတဲ့ မန်စီးတီးကို မပြောင်းရွေ့ခဲ့တဲ့ အတွက် နောင်တရမိတယ်လို့ ၀န်ခံခဲ့ပါတယ်။ မန်စီးတီးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဗက်စ်က “ကျွန်တော် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ပက်ဂွာဒီယိုလာနဲ့ နောက်တစ်ကြိမ် အလုပ်အတူ တွဲလုပ်ဖို့ အတွက် မန်ချက်စတာစီးတီးကို မသွားခဲ့တဲ့ အပေါ် နောင်တရမိပါတယ်။ ကျွန်တော် တကယ် နောင်တရပါတယ်။ ဒါပေမယ့် ပီအက်ဂျီကြောင့် မဟုတ်ပါဘူး။ သူနဲ့ အလုပ်အတူ ထပ်ပြီး လုပ်ခွင့်မရခဲ့တာကိုပါ။

အမြဲတမ်း အဖြေကို ရှာဖွေနိုင်စွမ်းရတဲ့ ပက်လို လူမျိုးနဲ့ အတူ ရှိနေတဲ့ အခါ ဒါဟာ ကိုယ့်ရဲ့ game ကို တိုးတက်စေပါတယ်။ ကျွန်တော့်ရဲ့ နောင်တကတော့ သူ့နဲ့ နောက်တစ်ကြိမ် အလုပ်လုပ်ဖို့ အတွက် မန်စီးတီးကို မသွားခဲ့တာပါပဲ။” လို့ ဆိုခဲ့ပါတယ်။

SM