အီတလီ ဘောလုံးလောက ကျရှုံးခဲ့တဲ့ အကြောင်းရင်းတွေကို သုံးသပ်ရာမှာ လူကာကူ နဲ့ အေဗရာဟမ် တို့ကိုပါ ဖဲ့သွားခဲ့တဲ့ ကာပယ်လ်ို

ဖေဘီယိုကာပယ်လိုက စီးရီးအေမှာ တမ်မီအေဗရာဟမ် နဲ့ ရိုမီလူလူကာကူ တို့ရဲ့ သွင်းဂိုး မှတ်တမ်းတွေကို ကြည့်လိုက်မယ် ဆိုရင် အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ဖို့အတွက် ဖြစ်လာဖို့ များနေတဲ့ လက္ခဏာတွေ ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။ The Azzurri တို့ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကျင်းပခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလား အတွက် ခြေစစ်ပွဲတွေမှာ အီတလီရဲ့ အားနည်းချက်တွေဟာ အထင်းသား ပေါ်ထွက်လာခဲ့ပါတယ်။

အီတလီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း ဘူဂေးရီးယား ဆွစ်ဇာလန် နဲ့ မြောက်အိုင်ယာလန် တို့နဲ့ ပွဲစဉ်တွေမှာ အမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် အုပ်စု ဒုတိယနေရာသာ ရခဲ့ကာ Play-off ခြေစစ်ပွဲ ၀င်ခဲ့ရပါတယ်။ ရော်ဘတ်တိုမန်ချီနီရဲ့ အသင်းဟာ play-off ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပေမယ့်လည်း ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကာ ၂ ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီ မန်နေဂျာဟောင်း ကာပယ်လိုက သတိပေးချက်တွေ ထွက်ပေါ်နေခဲ့တာ ကြာနေပြီလို့ ဆိုသွားပါတယ်။ အင်္ဂလန် မန်နေဂျာဟောင်းက အီတလီတို့ ဒီလို ကျရှုံးခဲ့တဲ့ အကြောင်းရင်းတွေကို သုံးသပ်သွားခဲ့ရာမှာ အေဗရာဟမ် နဲ့ လူကာကူ တို့ရဲ့ စီးရီးအေမှာ အောင်မြင်မှု ရနေမှုတွေကို ထည့်သွင်းပြောကြားခဲ့တဲ့ အပြင် အီတလီ မန်နေဂျာတွေဟာ ဂွာဒီယိုလာရဲ့ ဘောလုံးကစားဟန်ကို အတုယူဖို့ စွဲလမ်းမှုတွေကြောင့်လည်း ပါ၀င်တယ်လို့ ဆိုခဲ့ပါတယ်။

ကာပယ်လိုက “အီတလီ ဘောလုံးလောကဟာ ဂွာဒီယိုလာရဲ့ ကစားဟန်ကို အတုယူနေခဲ့တာ ၁၅ နှစ်လောက် ရှိနေပါပြီ။ တိုက်ရိုက် ထိုးဖောက် ကစားဟန်တွေ ဒါမှမဟုတ် ကြံ့ခိုင်မှု အားပြုကစားဟန်တွေ မရှိတော့တဲ့ အပြင် challenges တွေ လုပ်တဲ့ အလေ့အထတွေလည်း ပျောက်လာခဲ့ပါတယ်။ အခြားတစ်ဖက်မှာ ကျွန်တော်တို့ အနေနဲ့ ယာဂန်ကလော့ရဲ့ ကစားဟန်ကို follow လုပ်သင့်ပါတယ်။

အီတလီမှာ ဒီလိုလုပ်တဲ့ ကလပ်တွေ အနည်းငယ်ပဲ ရှိပြီး ဒီထဲက တစ်သင်း ဖြစ်တဲ့ အတ္တလန်တာရဲ့ ရလဒ်တွေကိုပဲ ကြည့်လိုက်ပါ။ ဗီဆင်ဇိုအီတလီယာနို ကလည်း ဒါမျိုး ပုံစံမျိုးကို ကြိုးစားနေသလို ဂျီနိုအာက ဘလက်ဆင် ကလည်း ဒါမျိုးကို လုပ်နေပါတယ်။ ဂျာမန်တွေရဲ့ model ဟာ ကျွန်တော်တို့ follow လုပ်ရမယ့် ပုံစံပါပဲ။ ကျွန်တော်တို့မှာ စပိန်တွေလိုမျိုး လိုက်ကစားဖို့ အတွက် technique မရှိပါဘူး။

ဥရောပ ပြိုင်ပွဲတွေမှာ ကစားဟန်က မြန်ဆန်ပါတယ်။ ကျွန်တော်တို့ဟာ ဒါနဲ့ အသားတကျ မဖြစ်နေပါဘူး။ လုံလောက်တဲ့ အီတလီ လူငယ်ကြယ်ပွင့်တွေလည်း မထွက်ပေါ်လာခဲ့တဲ့ အပြင် အခြေခံမှာလည်း မှားယွင်းတဲ့ အိုင်ဒီယာတွေ ရှိနေပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသမား ဆီကို ဘောလုံးတွေ ပြန်ပေးလေ့ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဗစ်တာအိုစီမန် ရိုမီလူလူကာကူ နဲ့ တမ်မီအေဗရာဟမ် တို့ဟာ အခြား နိုင်ငံရပ်ခြားမှာ ဆိုရင် သာမန် တိုက်စစ်မှုးတွေ ဖြစ်ပါတယ်။ သူတို့ဟာ အီတလီမှာတော့ ချန်ပီယံတွေ ဖြစ်နေပါတယ်။ ဒီကိစ္စမှာ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ တစ်ခါတစ်ရံ stats တွေကို ကြည့်ပြီး ကျွန်တော် အံ့သြရပါတယ်။ ‘ဒီကစားသမားဟာ pass 45 ကြိမ်တောင် လုပ်ခဲ့တယ်…’ ဒါပေမယ့် key pass က ဘယ်နှစ်ကြိမ်များ လုပ်ခဲ့သလဲ? ဒီ pass တွေထဲက ဘယ်နှစ်ကြိမ်က အသုံး၀င်ခဲ့သလဲ?” လို့ ဆိုခဲ့ပါတယ်။

အေဗရာဟမ်ဟာ ချဲလ်ဆီးမှာ နေရာမရ ဖြစ်ခဲ့တာကြောင့် နွေရာသီ ရိုးမားကို ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ဒီရာသီ စီးရီးအေမှာ တောက်ပလျက် ရှိနေကာ ပြီးခဲ့တဲ့ အပတ်က ဂါဘရီရယ်ဘားတစ္စတူတာရဲ့ စံချိန်တွေကိုတောင် ချိုးဖျက်ခဲ့ပါတယ်။

လူကာကူ ကလည်း ပြီးခဲ့တဲ့ရာသီက အင်တာမီလန်ကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ စီးရီးအေ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပေမယ့် နွေရာသီက ချဲလ်ဆီးကို ပေါင် ၉၇ သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရကာ ကိုင်ဟားဗက်ရဲ့ အရန်အဖြစ်ကို ရောက်နေခဲ့ပါတယ်။

SM