အာဆင်နယ် ထက် တခြား ပရီးမီးယားလိဂ် အသင်းကို ပြောင်းဖို့ စိတ်အား ထက်သန်နေတဲ့ ဗလာဟိုဗစ်

ဖီအိုရင်တီးနား အသင်း တိုက်စစ်မှူး ဗလာဟိုဗစ် ဟာ အာဆင်နယ် အသင်း ရဲ့ ပစ်မှတ်ထား စိတ်ဝင်စားမှုကို ရရှိ နေပေမယ့် မန်ချက်စတာ စီးတီး အသင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေကြောင်း အီတလီ က သတင်းတွေမှာ ရေးသား ဖော်ပြ နေကြပါတယ် ။

ဂန်းနား တို့ဟာ သူတို့ရဲ့ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အဓိက ပစ်မှတ် အဖြစ် ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် ကို သတ်မှတ်ထားပြီး ယူရို သန်း ၅၀+ တော်ရီးယား ကို အလိုက်ပေး ကမ်းလှမ်း ခဲ့ပြီး ဖြစ်ပါတယ် ။

ဒါပေမယ့် အာဆင်နယ် အသင်းဟာ ဗလာဟိုဗစ် ရဲ့ကိုယ်စားလှယ်တွေဆီက ဘာတုန့်ပြန်မှု မှ မရရှိ ခဲ့ပါဘူး ။ဒါ့အပြင် ဖီအိုရင်တီးနား အသင်းကလည်း ဗလာဟိုဗစ် ကို သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပေးဖို့ ပြောထားပေမယ့် ခုထက်ထိ အကြောင်း မထူးသေးပါဘူး ။

La Repubblica ရဲ့ဖော်ပြချက် အရ ဗလာဟိုဗစ် ဟာ သူ ပြောင်းရွှေ့မယ့် အသင်း နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် အလျင်စလို ချမှတ် သွားမှာ မဟုတ်ပေမယ့် ပရီးမီးယားလိဂ် မှာ ပြောင်းရွှေ့ကစားဖို့ ကတော့ သူ့ရဲ့အိပ်မက် ဖြစ်တယ်လို့ သိရပါတယ် ။

ဒါပေမယ့်လည်း အဲ့ဒီ သတင်းမှာပဲ ဗလာဟိုဗစ် ဟာ အာဆင်နယ် ထက် စာရင် မန်စီးတီး အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပြီး ပရီးမီယားလိဂ် ချန်ပီယံ ဟာလည်း ဆားဘီးယား လက်ရွေးစင် ရဲ့ အခြေအနေကို စောင့်ကြည့် နေတယ်လို့ သိရပါတယ် ။

ဗလာဟိုဗစ် ကို ခေါ်ယူချင်နေကြတဲ့ အသင်းတွေထဲမှာ စီရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းလည်း အပါအဝင် ဖြစ်ပြီး လာမယ့် နွေရာသီမှ အရ ခေါ်ယူဖို့ ကြိုးပမ်း သွားမှာပါ ။ ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ ဒီဇန်နဝါရီ မှာ ဗလာဟိုဗစ် ကို မခေါ်နိုင်ရင် လာမယ့် နွေရာသီ မှာ ခေါ်ယူဖို့ ပိုခက်ခဲ သွားနိုင်ပါတယ် ။

နောက်ဆုံး ထွက်ပေါ် လာတဲ့ သတင်းတွေ အရ ဖီအိုရင်တီးနား အသင်းမှာ Covid-19 out break ဖြစ်နေပြီး ဗလာဟိုဗစ် နဲ့ တခြား ကစားသမား တစ်ဦး ကို အသင်း လူစာရင်း ကနေ ချန်လှပ် ခဲ့ရပါတယ် ။ ဗလာဟိုဗစ် ဟာ ကိုဗစ် ကာကွယ်ဆေး ထိုးထား ပြီးသူ ဖြစ်ပေမယ့် ကိုဗစ်ပိုးကူးစက် ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗလာဟိုဗစ် ဟာ ဒီရာသီမှာ ဖီအိုရင်တီးနား အသင်းအတွက် ၂၃ ပွဲ ကစား ဂိုး ၂၀ အထိ သွင်းယူ ထားနိုင်ပါတယ် ။

SM