အာသာ ကို အရ ခေါ်ယူနိုင်ဖို့ ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူနဲ့ တရားဝင် တွေ့ဆုံလိုက်တဲ့ အာဆင်နယ်

အာဆင်နယ် ဟာ ယူဗင်တပ် အသင်းရဲ့ ဘရာဇီး ကွင်းလယ် ကစားသမား အာသာ ကို လက်ကျန် ရာသီဝက် အငှားနဲ့ ခေါ်ယူချင်နေပါတယ်။ အာတီတာ ကိုယ်တိုင် ဘရာဇီးသား ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေတာ ဖြစ်ပြီး ၊ အသင်းရဲ့ တည်ဆောက်ထားတဲ့ ကစားဟန် နဲ့ အံဝင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ ဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ အတွက် မနေ့ကပဲ ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ နဲ့ တရားဝင် တွေ့ဆုံခဲ့ပါတယ်။

အေးဂျင့် ပက်စတိုရယ်လို ဟာ မနေ့က အာဆင်နယ် ရဲ့ လေ့ကျင့်ရေးကွင်း London Colney ကို လာရောက်ကာ အားကစား ဒါရိုတ်တာ အဒူး နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပြီး အငှားနဲ့ ခေါ်ယူဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ နည်းလမ်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာ အာဆင်နယ် က ကစားသမား အပေါ် ဘယ်လို ရှုမြင် သဘောထားတဲ့ အကြောင်းတွေကိုပါ လေးလေးနက်နက် ဖော်ပြခဲ့ ပါတယ်။

လက်ရှိ အချိန်ထိတော့ ယူဗင်တပ် ဘက်က မီးစိမ်း မပြသေးပါဘူး။ သို့သော် အာသာ ရဲ့ နေရာကို အစားထိုးနိုင်မယ့် ပစ်မှတ်မျိုးတော့ ရှာဖွေလျှက် ရှိနေပါတယ်။

အာဆင်နယ် ကလဲ ကွင်းလယ် အားနည်းနေတဲ့ အချက်ကို အမြန်ဆုံး ဖြေရှင်းချင်နေတာကြောင့် ယူဗင် တာဝန်ရှိသူတွေ နဲ့ တရားဝင် တွေ့ဆုံကာ အပြောင်းအရွှေ့ ကိစ္စတွေ တိုက်ရိုတ် စကားပြောနိုင်ဖို့ မျှော်လင့်နေတာပါ။

ကာယကံရှင် ဘရာဇီး ကစားသမား ကိုယ်တိုင်ကတော့ အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပြီး ၊ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲ တစ်ခု အဖြစ် ရှုမြင်ထားပါတယ်။

လက်ရှိ အချိန်မှာ အဓိက ကျနေတာ ယူဗင် ရဲ့ သဘောထား ဖြစ်ပြီး အာသာ က သူတို့ရဲ့ အားကိုးရတဲ့ အဓိက ကစားသမား မဟုတ်သည့်တိုင်အောင် ဒီရာသီမှာ ရလာဒ်ကောင်းတွေ တည်ငြိမ်ဖို့ ရုန်းကန်နေရတာ ဖြစ်လို့ ၊ အရန်သင့် အစားထိုးမယ့် ကစားသမားမျိုး ပြန်မရပဲနဲ့ လက်လွှတ်လိုက်ရတာမျိုးတွေ မဖြစ်ချင်ပါဘူး။

ဒါကြောင့် နည်းပြ အလီဂရီ က အာသာ ကို အသင်းရဲ့ အရေးပါတဲ့ Squad Member တစ်ယောက် အဖြစ် အခိုင်အမာ ရှုမြင်ထားပါတယ်။ အင်္ဂါနေ့ က ကစားခဲ့တဲ့ ဆမ်ဒိုးရီးယား နဲ့ ပွဲမှာ ဆိုရင် ပွဲထွက် ကစားသမား စာရင်းမှာ ပါဝင်ခဲ့သလို ၊ အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုလဲ ဖန်တီးပေးခဲ့ပါတယ်။

ယူဗင်ဟာ တောင်ပံ တိုက်စစ် ကစားသမား ခီယေဇာ ကိုလဲ ဒဏ်ရာပြသနာကြောင့် ဆုံးရှုံးထားရပြီးပြီ ဖြစ်လို့ ၊ လက်ရှိ အခြေအနေ အရ အသင်းရဲ့ ကစားသမား စာရင်း မှာ အင်အား လျှော့နည်းသွားတာမျိုးကို မလိုလားပါဘူး။ ဒါကြောင့် လီယွန် က ဘရူနို ဂွီမာရက်စ် ကို ချိတ်ဆက်ကြည့်လျှက် ရှိနေပြီး ၊ အဲဒီ အပြောင်းအရွှေ့သာ အဆင်ပြေခဲ့ ပါက အာသာ ကို ခေါ်ယူချင်နေတဲ့ အာဆင်နယ် အတွက် လမ်းကြောင်း ပိုပွင့်လင်းသွားဖွယ် ရှိနေပါတယ်။

လီယွန် ဘက်ကလဲ သူတို့ရဲ့ အဓိက ကစားသမား တစ်ယောက် ကို ဆုံးရှုံးရမယ် ဆိုပါက လက်ရှိမှာ ငွေကြေး မတတ်နိုင်သေးရင် အငှားနဲ့ ခေါ်ယူလို့ ရတယ်လို့ လမ်းဖွင့်ထားပြီး ၊ ရာသီ အကုန်မှာ ယူရို 45-50 ဝန်းကျင် နဲ့ အပြီးသတ် ခေါ်ယူမယ့် သဘောတူညီမှု အချက်မျိုး ထည့်သွင်းရမယ်လို့ တောင်းဆိုထားပါတယ်။

ဒီ အကြောင်းအရာ အပေါ် ယူဗင်တပ် က လိုက်လျောပေးနိုင်မလား ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။ လက်ရှိ အချိန်ထိတော့ အက်နဲလီ မိသားစု ဝင်တွေက အဲဒီ ပမာဏ ဟာ ဈေးကွက် ပေါက်ဈေးထက် များပြားလွန်းတယ်လို့ ရှုမြင်နေဆဲ ဖြစ်ပါတယ်။

SM