ဘာစီလိုနာ ကစားသမားသစ် အဖြစ် မနက်ဖြန်မှာ တရားဝင် မိတ်ဆက်မယ့် ဖာရန် တောရက်

ဘာစီလိုနာ အသင်းဟာ စပိန် လူငယ် တိုက်စစ် ကစားသမား ဖာရန် တောရက် ကို ခေါ်ယူနိုင်ပြီ ဖြစ်တဲ့ အကြောင်းကို ဒီကနေ့မှာ တရားဝင် ကြေငြာမှာ ဖြစ်ပါတယ်။

အသက် 21 နှစ်သာ ရှိသေးတဲ့ ကစားသမားလေး ဟာ ဒီမနက်ပိုင်းမှာပဲ ဆေးစစ်မှုတွေ ခံယူခဲ့ပါတယ်။ ဘာစီလိုနာ ဟာ ပြောင်းရွှေ့ကြေး အဖြစ် မန်စီးတီး အသင်းထံကို တရားဝင် ပေးချေမှု ယူရို 55 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ပေးချေမှု ယူရို 10 သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကတ်တလန် အခြေစိုက် သတင်းဌာနတွေ ကတော့ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ပေးချေရမယ့် 10 သန်း မှာ ဖြစ်နိုင်ချေ နည်းပါးလွန်းတဲ့ အချက်တွေနဲ့သာ ချည်နှောင်ထားတာလို့ ဆိုပါတယ်။

ကစားသမား ကိုယ်တိုင် ကတော့ မနေ့ကပဲ ဘာစီလိုနာ ကို ရောက်ရှိလာခဲ့ တာပါ။

မီဒီယာ သမားတွေ နဲ့ တရားဝင် မိတ်ဆက်ပွဲကိုတော့ မနက်ဖြန် မှာပဲ နူးကမ့်ကွင်းကြီးထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နည်းပြ ဇာဗီ အတွက်တော့ ကစားသမားဟောင်းကြီး ဒန်နီ အဲလ်ဗက် ကို ခေါ်ယူနိုင်ခဲ့ပြီး နောက်ပိုင်း ၊ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ နောက်ထပ် ကစားသမားသစ် တစ်ယောက် ကို ထပ်မံ အားဖြည့်နိုင်ခဲ့တာပါ။

ဖာရန် တောရက် ဟာ ဗလင်စီယာ မှာ ရှိနေစဉ် အချိန်က တောင်ပံ ကစားသမား အဖြစ်သာ ကစားခဲ့ပြီး ၊ မန်စီးတီး မှာတော့ လိုချက် အပေါ် မူတည်က False 9 ပုံစံလဲ ပြောင်းလဲ ကစားပေးခဲ့ပါတယ်။ ဇာဗီ ကတော့ သူ့ကို မြှားဦး တိုက်စစ်မှာ ထားပြီး ကစားဖို့ အတွက်တောင် စဉ်းစားနေပါတယ်။ ဘေးမှာတော့ ဒမ်ဘီလီ ၊ ဖာတီ စတဲ့ တောင်ပံ ကစားသမားတွေ က ဝန်းရံမှာ ဖြစ်ပြီး ၊ နုပျို သွက်လက်တဲ့ တိုက်စစ် ကစားဟန် ကို ပုံဖော်ဖို့ စိတ်ကူးနေတယ်လို့ ယူဆရပါတယ်။

တောရက် ထပ်မံ ရောက်လာတဲ့ အတွက် ဘာစီလိုနာ အနေနဲ့ လစာပေးချေမှု အပိုင်းတွေမှာ လျော့ချဖို့ ဖိအား အနည်းငယ် ရှိလာပြီး ၊ အသင်းအတွက် မလိုအပ်တော့တဲ့ ကစားသမား တချို့ ပြန်လည် ရောင်းထုတ်နိုင်အောင် အားထုတ်ရဦးမှာပါ။

တစ်ချိန်တည်းမှာ ဘာစီလိုနာ ဟာ နောက်တန်း စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ အတွက် တချိန် က စိတ်ဝင်စားခဲ့ဖူးတဲ့ ယူဗင် နောက်ခံလူ ဒီလစ် ကိုလဲ စောင့်ကြည့်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ ယူဗင် ဟာ ဘဏ္ဍရာ အခက်ခဲ အနည်းငယ် နဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားတွေ ထဲက ဝင်ငွေ များများ ရှာပေးနိုင်မယ့် ကစားသမားမျိုး ကို ရောင်းထုတ်ဖို့ ဟန်ပြင်ထားတယ်လို့ ယုံကြည်ရပြီး ၊ အဲဒီ ကစားသမား က ဒီလစ် လဲ ဖြစ်လာနိုင်ပါတယ်။

Calciomercato သတင်း ဌာန ကတော့ ဒီလစ် ရဲ့ စာချုပ် ဆိုင်ရာ ဖျက်သိမ်းခွင့် လျော်ကြေး က ယူရို သန်း 120 ဖြစ်ပြီး ၊ နွေရာသီ ရောက်ရင် ယူရို သန်း 140 အထိ မြင့်တက်သွားနိုင်လို့ ခန့်မှန်းထားပါတယ်။ သို့သော် ဘာစီလိုနာ အတွက် စိန်ခေါ်မှု က ကစားသမား အပေါ် ပေးချေတဲ့ လစာ ပမာဏ ဖြစ်ကာ ၊ အေဂျက် ကနေ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့စဉ် အချိန်ကလဲ လစာ ပေးချေမှု နည်းပါးတဲ့ အတွက် ယူဗင်တပ် ကို အရှုံးပေးထားရတာ ဖြစ်ပါတယ်။

SM