အာဆင်နယ် သတင်းတိုများ

၁ ။ ဘယ်လာရင် ဟာ အာဆင်နယ် ကနေ အငှားထွက် ကစားရာမှာ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်းကို သိရှိဖို့ အတွက် Football data consultancy Analytics FC ကို ငှားရမ်း ခဲ့တယ်လို့ The Athletics သတင်း ဌာန က ဖော်ပြ လိုက်ပါတယ် ။ အချက်အလက်တွေက ဘက်တစ် အသင်းဟာ ဘယ်လာရင် ရဲ့ အရည်အသွေးကို အကောင်းဆုံး အသုံးချ နိုင်မယ့် အသင်းလို့ ညွှန်းပြ ခဲ့ကြပါတယ် ။ ဒါ့အပြင် ဘက်တစ် အသင်းဟာ ညာနောက်ခံလူ နေရာ အတွက် ကစားသမား ခေါ်ဖို့ လိုအပ်နေတာကြောင့်လည်း ပါပါတယ် ။

၂ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ အမျိုးသမီး အသင်း ချန်ပီယံလိဂ် အုပ်စု (ဂ) လက်ရှိ ချန်ပီယံ ဘာစီလိုနာ ၊ ဟော့ဖန်ဟိမ်း နဲ့ Køge တို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ ၂၀၁၂ ခုနှစ်တုန်းက ဘာစီလိုနာ အမျိုးသမီး အသင်း နဲ့ နောက်ဆုံး ရင်ဆိုင် ကစားခဲ့ရပြီး နှစ်ကျော့ပေါင်း ၇-၀ နဲ့ အနိုင် ရခဲ့ပါတယ် ။

၃ ။ အာဆင်နယ် အမျိုးသမီး အသင်းဟာ မနေ့က ရီးဒင်း အမျိုးသမီး အသင်းကို ၄ ဂိုးပြတ် အနိုင်ရပြီး စူပါလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲဆက် နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ် ။ အာဆင်နယ် အမျိုးသမီး အသင်း အတွက် ဂိုးတွေကိုတော့ မီဒမ်မာ က ၂ ဂိုး ၊ ဘက်တီ နဲ့ ဘက်မိဒ် တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့တာပါ ။

၄ ။အာဆင်နယ် အသင်းဟာ တိုမီယာဆု ကို မခေါ်ခင်မှာ ဘာစီလိုနာ နောက်ခံလူ အီမာဆင် ကို ခေါ်ယူဖို့ ဆွေးနွေး ခဲ့ပြီး အာတီတာ က သူ့ရဲ့ နည်းစနစ် နဲ့ အံဝင်မယ့် ကစားသမားလို့ မယူဆတာ​ကြောင့် အပြောင်းအရွှေ့ ပျက်ပြယ် ခဲ့တာ ဖြစ်ပါတယ် ။

၅ ။ သမိုင်းထဲက ဒီနေ့ – ၁၉၉၇ ခုနှစ် ၊ ဒီနေ့လို နေ့မျိုးမှာ အီယန်ရိုက် ဟာ ဘောလ်တွန် အသင်းဘက်ကို ဟက်ထရစ် သွင်းပြီးနောက် သွင်းဂိုး ၁၇၉ နဲ့ အာဆင်နယ် အသင်းရဲ့သမိုင်း တစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

၆ ။ အာဆင်နယ် အသင်း နောက်ခံလူ ဘန်ဝှိုက် ဟာ နောဝှစ် စီးတီး အသင်း နဲ့ ပွဲမှာ key pass သုံးကြိမ် အထိ လုပ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် နောက်ခံလူ ဂါဘရီယဲလ် ပွဲထွက် ကစားတဲ့ နောက်ဆုံး ၆ ပွဲစလုံး အာဆင်နယ် အသင်း နိုင်ပွဲ ရရှိထားပြီး ၂ ဂိုးသာ ပေးထားရပါတယ် ။

၇ ။ နီကိုလပ်စ်ပေပေ ဟာ နောဝှစ် စီးတီး နဲ့ ပွဲမှာ အခွင့်အရေး ဖန်တီးမှု ၆ ကြိမ်မှု လုပ်နိုင်ခဲ့တာကြောင့် အာနိုး ပြီးရင် ဒီရာသီ တစ်ပွဲတည်း ဖန်တီးမှု အများဆုံး လုပ်နိုင်တဲ့ ကစားသမား ဖြစ်လာ ခဲ့ပါတယ် ။

၈ ။ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်း ပေါလ်မာဆင် က အသင်း နဲ့ အတူ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ရယူ ချင်တဲ့ အိုဒီဂွါဒ် ရဲ့ ရည်မှန်းချက်ဟာ ဖြစ်လာဖို့ မလွယ်ကူကြောင်း ပြောကြား လိုက်ပါတယ် ။

SM