* မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်း နည်းပြဟောင်း မော်ရင်ဟို က နီကိုလပ်စ်ပီပီ ၊ တီယာနေး ၊ ဒေးဗစ်လူးဝဇ် တို့ဟာ အာဆင်နယ် အသင်းမှာ အောင်မြင်မှု ရနိုင်မယ့် ကစားသမားတွေ ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပြီး ဆီဘယ်လော့ လို ကစားသမားမျိုးက ဂန်းနားတို့မှာ ရှိနေပြီးသား ဖြစ်နေကြောင်း ဆိုပါတယ် ။
SPORTS MYANMAR
Unicode
အာဆင်နယ် သတင်းတိုများ
===============
* ပရီးမီးယားလိဂ် ၂ အဖွင့်ပွဲစဉ်မှာ အာဆင်နယ် ယူ-၂၃ အသင်းဟာ ဘလက်ဘန်း ယူ-၂၃ အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။ အာဆင်နယ် ယူ-၂၃ အသင်း အတွက် သုံးဂိုး စလုံးကိုတော့ တိုက်စစ်မှူ း ဘာလိုဂန် တစ်ဦးတည်းက သွင်းယူ ပေးခဲ့တာပါ ။ အဆိုပါပွဲမှှာ ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ စမစ်ရို နဲ့ ဟိုးလ်ဒင်းတို့လည်း ပါဝင် ကစားခဲ့ပါတယ် ။
* တော့တင်ဟမ် အသင်း နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ် က နယူးကာဆယ် အသင်း နဲ့ ပွဲမှာ အူဘာမီယန်း ရဲ့ နေရာယူပုံ ၊ ရွေ့လျားပုံ ၊ အဆုံးသတ်ပိုင်းတွေဟာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ပီသကြောင်း ချီးကျူ း သွားခဲ့ပါတယ် ။
* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီက နီကိုလပ်စ် ပီပီ ကို ပွဲချိန်ပြည့် မကစားခိုင်းသေးတာဟာ လိုအပ်တဲ့ ကြံ့ခိုင်မှု အနေအထား မရသေးတာကြောင့် ဖြစ်ကြောင်း ရှင်းပြ လိုက်ပါတယ် ။ နီကိုလပ်စ် ပီပီ ဟာ နယူးကာဆယ် အသင်း နဲ့ ပွဲမှာ မိနစ် ၂၀ ကျော် ပါဝင် ကစားပေးခဲ့ပါတယ် ။
* လီဗာပူး အသင်း ရဲ့နောက်ခံလူဟောင်း ဂျေမီ ကာရေဂါ က အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဝေးကွင်း ရလဒ် ဆိုးရွားမှုကို ချေဖျက်နိုင်ဖို့ အတွက် ခံစစ်ထက် တိုက်စစ် အင်အား ကို ဦးစားပေး ဖြည့်တင်းခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။
* နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူ း အလန်ရှီးယား ရွေးချယ်ပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁ ) ရဲ့ တစ်ပတ်တာ အကောင်းဆုံး ကစားသမား စာရင်းမှာ အာဆင်နယ် အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဂွမ်ဒူဇီ ပါဝင် လာခဲ့ပါတယ် ။
* အာဆင်နယ် အသင်း ရဲ့ နိုင်ဂျီးရီးယား ကွင်းလယ်လူ နွာကာလီ ဟာ စပိန် ဒုတိယတန်း ကလပ် ဟူရက်စ်ကာ ကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နွာကာလီ ဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တို (ခ) အသင်းကို အငှား သွားရောက် ကစားခဲ့သူလည်း ဖြစ်ပါတယ် ။
* တော့တင်ဟမ် အသင်း တိုက်စစ်မှူ းဟောင်း ဂယ်ရီ လိုင်နီကာ က အာဆင်နယ် အသင်း မှာ သူ စောင့်အကြည့်ချင်ဆုံး ကစားသမားဟာ မနှစ်က ဟော့ဖန်ဟိမ်း အသင်းမှာ အငှား သွားကစားပြီး ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာတဲ့ ရိုင်းစ်နယ်လ်ဆင် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။
* မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်း နည်းပြဟောင်း မော်ရင်ဟို က နီကိုလပ်စ်ပီပီ ၊ တီယာနေး ၊ ဒေးဗစ်လူးဝဇ် တို့ဟာ အာဆင်နယ် အသင်းမှာ အောင်မြင်မှု ရနိုင်မယ့် ကစားသမားတွေ ဖြစ်ကြောင်း သုံးသပ် ပြောကြား လိုက်ပြီး ဆီဘယ်လော့ လို ကစားသမားမျူ ိးက ဂန်းနားတို့မှာ ရှိနေပြီးသား ဖြစ်နေကြောင်း ဆိုပါတယ် ။
* လိဒ်ယူနိုက်တက် နည်းပြ ဘီယယ်ဆာ က အာဆင်နယ် အသင်းကနေ တစ်ရာသီ အငှားလာရောက် ကစားနေတဲ့ အင်္ဂလန် လူငယ် တိုက်စစ်မှူ း အန်ခီတီးယား ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ပွဲထွက် ကစားခွင့်ပေးသွားမယ်လို့ ပြောကြား လိုက်ပါတယ် ။
* ကာရေဂါ က အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ ရဲ့ ကြို းစားအားထုတ်မှု အပေါ် ထုတ်ဖော် ချီးကျူ း သွားခဲ့ပြီး ဂန်းနားတို့ဟာ ဒီရာသီမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ် ။” ကျနော့်အနေနဲ့ အူနိုင်း အမ်မရီ ကို တစ်ခါမှ အကောင်းမမြင်တာမျူ ိး မရှိခဲ့ပါဘူး ။ သူ့ကို ကြည့်ရတာ ရာဖေးလ် ဘင်နီတက်ဇ် ကို ပြန်တွေ့နေရသလိုပါပဲ ။ လေ့လာမှု အားကောင်းသလို အာရုံ စူးစိုက်မှုလည်း အပြည့် ရှိပါတယ် ။ ကျွန်တော်ကတော့ သူတို့ ထိပ်ဆုံးလေးသင်းထဲ ဝင်နိုင်မယ်လို့ ထင်ပါတယ် ။ ” လို့ ဆိုပါတယ် ။
* တူရကီ ကလပ် ဂါလာတာစာရေး အသင်းဟာ အာဆင်နယ် အသင်း ရဲ့ အီဂျစ် ကွင်းလယ်လူ အယ်နီနီ ကို ကာလရှည် အငှား နဲ့ ခေါ်ယူဖို့ ကြို းစားနေကြောင်း သတင်းတွေ ထွက်ပေါ် လာပါတယ် ။
SPORTS MYANMAR