ဘာျဖစ္လို႔ နယူးကာဆယ္ နဲ႔ လမ္းခြဲခဲ့ရလဲ ဆိုတဲ့ အေၾကာင္းေတြကို ထုတ္ေဖာ္ ေျပာဆုိလိုက္ျပီ ျဖစ္တဲ့ #ဘင္နီတက္ဇ္

နယူးကာဆယ္ ပရိသတ္ေတြဟာ ဘင္နီတက္ဇ္ အေပၚကို ဘယ္ေလာက္အထိ ခ်စ္လဲဆိုတာ ပရီးမီးယားလိဂ္ ပရိသတ္တိုင္း သိသလို ၊ ဘင္နီတက္ဇ္ ထြက္ခြာသြားတဲ့ေန႔က အသင္းပိုင္ရွင္ မိုက္ အက္ရွ္ေလ ကိုေတာင္ ဆႏၵျပခဲ့ၾကတာပါ။

ဒီကေန႔မွာေတာ့ ဘင္နီတက္ဇ္က ဘာေၾကာင့္ အသင္းနဲ႔ လမ္းခြဲခဲ့လဲ ဆိုတဲ့အေၾကာင္းအရာေတြကို နယူးကာဆယ္ ပရိသတ္ေတြ သိေအာင္ ထုတ္ေဖာ္ ေျပာဆုိလိုက္ျပီ ျဖစ္ပါတယ္။

“ နယူးကာဆယ္ မွာ ရွိတဲ့ လူတစ္ခ်ိဳ႕က က်ေနာ္ တရုတ္ စူပါလိဂ္ ကို ေျပာင္းေရႊ႕သြားတာ နဲ႔ ပတ္သက္ျပီး ထင္ျမင္ခ်က္ေတြ အမ်ိဳးမ်ိဳး ေျပာေနၾကတာ ၾကားရပါတယ္။ တကယ္ေတာ့ သူတို႔ဟာ က်ေနာ္ ရဲ႕ စိန္႔ဂ်ိမ္းပါ့ခ္ မွာ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ 3 ႏွစ္တာ ကာလ အတြင္း ၊ ေနာက္ကြယ္မွာ ဘာေတြ ျဖစ္ေနခဲ့သလဲ ဆိုတာ ဂဂနန မသိပဲနဲ႔ ေျပာေနၾကတာ ျဖစ္ပါတယ္။

က်ေနာ္ ကိုယ္တိုင္လဲ ဒီကိစၥနဲ႔ ပတ္သက္လာရင္ အမ်ားၾကီး ေျပာေလ့ မရွိခဲ့ပါဘူး။ ပရိသတ္ေတြကို နည္းျပသစ္ စတိဗရု ေနာက္ကေန အျပည့္အ၀ ရပ္တည္ၾကဖို႔ တိုက္တြန္းခဲ့သလုိ ၊ လက္ရွိ အသင္းသစ္အေပၚကိုလဲ ယံုၾကည္မႈ အျပည့္ထားၾကဖို႔ ေျပာေနခဲ့တာပါ။

အဲဒီလို အခ်ိန္မွာ နယူးကာဆယ္ ရဲ႕ မန္ေနဂ်င္း ဒါရုိတ္တာ လီ ခ်ာေလက က်ေနာ္နဲ႔ ပတ္သက္ျပီး စကားလံုး တစ္ခ်ိဳ႕ ေျပာဆိုလာတာ ၾကားလိုက္ပါတယ္။ အဲဒီ အတြက္ ျပန္လည္ တုန္႔ျပန္မွ ျဖစ္ေတာ့မယ္လို႔ ခံစားမိလို႔ အခု နယူးကာဆယ္ နဲ႔ ကန္႔လန္႔ကာ ေနာက္ကြယ္မွာ ျဖစ္ခဲ့တဲ့ အေၾကာင္းေတြကို ဖြင့္ခ် ပါေတာ့မယ္။

က်ေနာ္ စိန္႔ဂ်ိမ္းပါ့ခ္ ကို ေျပာင္းေရႊ႕လာခဲ့တာ 2016 ခုႏွစ္ကပါ။ အဲဒီ ကတည္းက အသင္းရဲ႕ သမိုင္းေၾကာင္းေတြ ၊ အလားအလာေတြကို ခံစားမိလို႔ ၊ ႏွလံုးသား နဲ႔ ရင္းျပီး တာ၀န္ယူဖို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့ရတာ ျဖစ္ပါတယ္။ က်ေနာ့္ရဲ႕ လီဗာပူး က မိတ္ေဆြေဟာင္းၾကီးေတြ နဲ႔လဲ နီးနီးကပ္ကပ္ ေနခ်င္တာလဲ ပါတာေပါ့။

ေန႔တိုင္း ေန႔တိုင္းမွာ ကိုယ့္ရဲ႕ အေကာင္းဆံုး ဆိုတာေတြကို ေပးျပီး အလုပ္လုပ္ခဲ့တာပါ။ ခ်န္ပီယံရွစ္ ကလပ္ တစ္ခုထက္ ပိုျမင့္တဲ့ ကလပ္ေတြရဲ႕ ကမ္းလွမ္းခ်က္ေတြကိုေတာင္ ပယ္ခ်ျပီးမွ နယူးကာဆယ္ကို က်ေနာ္ ေရာက္လာခဲ့တာပါ။

က်ေနာ္ ဒါလီယန္း ကို ေျပာင္းလာေတာ့ ေငြမက္လို႔ ဆိုျပီး ေျပာသံေတြ ၾကားလာရပါတယ္။ တကယ္တမ္း ေငြမက္ခဲ့ရင္ တရုတ္ကိုေတာင္ ေျပာင္းခြင့္ရဖို႔ ေစာင့္ေနစရာ မလုိခဲ့ဘူး ဆိုတာေတာ့ သိေစခ်င္မိတယ္ဗ်ာ။

နယူးကာဆယ္ ဘုတ္အဖြဲ႔အေနနဲ႔ က်ေနာ့္ ရဲ႕ စာခ်ဳပ္ ကိစၥကို ေျဖရွင္းဖို႔ တစ္ႏွစ္ၾကီးမ်ားေတာင္ အခ်ိန္ရခဲ့တာပါ။ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ကုန္ေတာ့ သူတို႔ဟာ က်ေနာ္နဲ႔ ထိုက္တန္ တဲ့ စံႏႈန္းေတြ ပါ၀င္တဲ့ စာခ်ဳပ္သစ္မ်ိဳး ကမ္းလွမ္းခဲ့တာ မဟုတ္ပါဘူး။ သူတို႔ ေျပာတာ ကလပ္ဖက္က အသင္းရဲ႕ ေလ့က်င့္ေရးကြင္းနဲ႔ အကယ္ဒမီ အေပၚမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ မလုပ္ခ်င္ေတာ့ဘူးတဲ့ေလ။

ဒီထက္ရွင္းေအာင္ ေျပာရရင္ သူတို႔ဟာ 24 ႏွစ္ေအာက္ေလာက္ ကစားသမားေလးေတြကို ရွာေခၚျပီး ယွဥ္ျပိဳင္ခ်င္တာပါ။ ဘတ္ဂ်က္ကလဲ အဆင့္ 10 အတြင္း ၀င္ေရာက္ႏိုင္တဲ့ အင္အားမ်ိဳး မရွိေတာ့ ပါဘူး။

က်ေနာ္ကေတာ့ အဲဒီ အစည္းအေ၀းျပီး ကတည္းက သူတို႔ဘက္က စာခ်ဳပ္သစ္ အတြက္ လိုလိုခ်င္ခ်င္ မရွိေတာ့ဘူး ဆိုတာ ရိပ္မိေနပါျပီ။ လြန္ခဲ့တဲ့ 3 ႏွစ္က ခန္႔တဲ့ လစာ ပမာဏမ်ိဳးက ၊ ေနာက္ 3 ႏွစ္ၾကာေတာ့လဲ ဒီအတိုင္းပဲ ျဖစ္ေနသလို ၊ ကစားသမား ေခၚယူခြင့္မွာ ပါ၀င္ ပတ္သက္ခြင့္က ပိုျပီးေတာ့ေတာင္ နည္းပါး သြားခဲ့ပါတယ္။

အဲဒီလို အေျခအေနေတြ ၾကံဳလာခဲ့ျပီး ကတည္းက နယူူးကာဆယ္ ဘုတ္အဖြဲ႔ တစ္ခုလံုးဆို ယံုကို မယံုေတာ့တာပါ။

ပထမဆံုး တန္းတက္လာခဲ့တဲ့ ေဘာလံုးရာသီ ကဆိုရင္ က်ေနာ္တို႔ဟာ အဆင့္ 10 မွာ ရပ္တည္ ႏိုင္ခဲ့တယ္ေလ။ ကစားသမားေတြေရာ ၊ အသင္းရဲ႕ ၀န္ထမ္းေတြေရာ ေဘာနပ္ေၾကးေတြ ကိုယ္စီရခဲ့ေပမယ့္ ၊ က်ေနာ့္ နည္းျပ အဖြဲ႔ ကေတာ့ တစ္ျပားမွေတာင္ မရခဲ့ပါဘူး။

အဲဒီ အေျခအေနကေန စာခ်ဳပ္သစ္ အတြက္ လစာ တိုးမေပးဘူး ဆိုေတာ့ သက္သက္မဲ့ကို ႏွိမ္လြန္းသလုိ ျဖစ္ေနလွပါျပီ။

က်ေနာ့္ အေနနဲ႔ အဲဒီ အခ်ိန္ ကတည္းက စာခ်ဳပ္သစ္ ကိစၥေတြ ေျပာခ်င္ေပမယ့္ ၊ ကလပ္ အသင္းဘက္က လံုး၀ ဖြင့္ေျပာခြင့္ မရွိဆိုတဲ့ ပံုစံနဲ႔ ႏႈတ္ပိတ္ထားခဲ့တာပါ။

က်ေနာ္လဲ နယူးကာဆယ္ ပရိသတ္ေတြ လိုေပါ့ဗ်ာ ၊ ပိုင္ရွင္သစ္မ်ား ေပၚလာမလား ဆိုျပီး ေမွ်ာ္တလင့္လင့္ နဲ႔ ေစာင့္ေနခဲ့ပါတယ္။ ပိုင္ရွင္သစ္ ေရာက္ရင္ စာခ်ဳပ္ သစ္ကိစၥလဲ အဆင္ေျပသြားႏုိင္တာကိုး။

အခ်ိန္ကသာ ကုန္သြားခဲ့ေပမယ့္ ဘာမွ ျဖစ္မလာခဲ့ပါဘူး။ တစ္ခ်ိန္တည္းမွာပဲ ကိုယ့္ကို နည္းျပသစ္ ခန္႔ခ်င္တဲ့ အသင္းတစ္ခ်ိဳ႕ကလဲ ေစာင့္ရတာ မေသခ်ာလို႔ အျခားပစ္မွတ္ေတြ ေခၚသြားၾကပါျပီ။ က်ေနာ္က မိသားစု စိတ္ဓါတ္ အျပည့္ရွိတယ္ဗ်။ က်ေနာ့္ရဲ႕ နည္းျပ အဖြဲ႔၀င္ေတြ ျဖစ္တဲ့ ပါကို ၊ အန္တိုနီယို ၊ မိုက္ကယ္ တို႔ကိုေတာ့ အလုပ္လက္မယ့္ အျဖစ္ မခံႏိုင္ဘူးေလ။ ေနာက္မွာ သူတို႔ကို မွီခိုေနရတဲ့ မိသားစုေတြ ရွိပါတယ္။

ဒါေၾကာင့္ ဒါလီယန္ ကလပ္ ရဲ႕ ကမ္းလွမ္းမႈကို လက္ခံလိုက္တာပါ။

နယူးကာဆယ္ အတြက္ ရလာဒ္ေကာင္းေတြ ရရွိပါေစေၾကာင္း တရုတ္ကေန ဆုေတာင္းေပးလိုက္ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

SM

Unicode

ဘာဖြစ်လို့ နယူးကာဆယ် နဲ့ လမ်းခွဲခဲ့ရလဲ ဆိုတဲ့ အကြောင်းတွေကို ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်တဲ့ #ဘင်နီတက်ဇ်
********************************************

နယူးကာဆယ် ပရိသတ်တွေဟာ ဘင်နီတက်ဇ် အပေါ်ကို ဘယ်လောက်အထိ ချစ်လဲဆိုတာ ပရီးမီးယားလိဂ် ပရိသတ်တိုင်း သိသလို ၊ ဘင်နီတက်ဇ် ထွက်ခွာသွားတဲ့နေ့က အသင်းပိုင်ရှင် မိုက် အက်ရှ်လေ ကိုတောင် ဆန္ဒပြခဲ့ကြတာပါ။

ဒီကနေ့မှာတော့ ဘင်နီတက်ဇ်က ဘာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့လဲ ဆိုတဲ့အကြောင်းအရာတွေကို နယူးကာဆယ် ပရိသတ်တွေ သိအောင် ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

“ နယူးကာဆယ် မှာ ရှိတဲ့ လူတစ်ချို့က ကျနော် တရုတ် စူပါလိဂ် ကို ပြောင်းရွှေ့သွားတာ နဲ့ ပတ်သက်ပြီး ထင်မြင်ချက်တွေ အမျိုးမျိုး ပြောနေကြတာ ကြားရပါတယ်။ တကယ်တော့ သူတို့ဟာ ကျနော် ရဲ့ စိန့်ဂျိမ်းပါ့ခ် မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ 3 နှစ်တာ ကာလ အတွင်း ၊ နောက်ကွယ်မှာ ဘာတွေ ဖြစ်နေခဲ့သလဲ ဆိုတာ ဂဂနန မသိပဲနဲ့ ပြောနေကြတာ ဖြစ်ပါတယ်။

ကျနော် ကိုယ်တိုင်လဲ ဒီကိစ္စနဲ့ ပတ်သက်လာရင် အများကြီး ပြောလေ့ မရှိခဲ့ပါဘူး။ ပရိသတ်တွေကို နည်းပြသစ် စတိဗရု နောက်ကနေ အပြည့်အဝ ရပ်တည်ကြဖို့ တိုက်တွန်းခဲ့သလို ၊ လက်ရှိ အသင်းသစ်အပေါ်ကိုလဲ ယုံကြည်မှု အပြည့်ထားကြဖို့ ပြောနေခဲ့တာပါ။

အဲဒီလို အချိန်မှာ နယူးကာဆယ် ရဲ့ မန်နေဂျင်း ဒါရိုတ်တာ လီ ချာလေက ကျနော်နဲ့ ပတ်သက်ပြီး စကားလုံး တစ်ချို့ ပြောဆိုလာတာ ကြားလိုက်ပါတယ်။ အဲဒီ အတွက် ပြန်လည် တုန့်ပြန်မှ ဖြစ်တော့မယ်လို့ ခံစားမိလို့ အခု နယူးကာဆယ် နဲ့ ကန့်လန့်ကာ နောက်ကွယ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ဖွင့်ချ ပါတော့မယ်။

ကျနော် စိန့်ဂျိမ်းပါ့ခ် ကို ပြောင်းရွှေ့လာခဲ့တာ 2016 ခုနှစ်ကပါ။ အဲဒီ ကတည်းက အသင်းရဲ့ သမိုင်းကြောင်းတွေ ၊ အလားအလာတွေကို ခံစားမိလို့ ၊ နှလုံးသား နဲ့ ရင်းပြီး တာဝန်ယူဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာ ဖြစ်ပါတယ်။ ကျနော့်ရဲ့ လီဗာပူး က မိတ်ဆွေဟောင်းကြီးတွေ နဲ့လဲ နီးနီးကပ်ကပ် နေချင်တာလဲ ပါတာပေါ့။

နေ့တိုင်း နေ့တိုင်းမှာ ကိုယ့်ရဲ့ အကောင်းဆုံး ဆိုတာတွေကို ပေးပြီး အလုပ်လုပ်ခဲ့တာပါ။ ချန်ပီယံရှစ် ကလပ် တစ်ခုထက် ပိုမြင့်တဲ့ ကလပ်တွေရဲ့ ကမ်းလှမ်းချက်တွေကိုတောင် ပယ်ချပြီးမှ နယူးကာဆယ်ကို ကျနော် ရောက်လာခဲ့တာပါ။

ကျနော် ဒါလီယန်း ကို ပြောင်းလာတော့ ငွေမက်လို့ ဆိုပြီး ပြောသံတွေ ကြားလာရပါတယ်။ တကယ်တမ်း ငွေမက်ခဲ့ရင် တရုတ်ကိုတောင် ပြောင်းခွင့်ရဖို့ စောင့်နေစရာ မလိုခဲ့ဘူး ဆိုတာတော့ သိစေချင်မိတယ်ဗျာ။

နယူးကာဆယ် ဘုတ်အဖွဲ့အနေနဲ့ ကျနော့် ရဲ့ စာချုပ် ကိစ္စကို ဖြေရှင်းဖို့ တစ်နှစ်ကြီးများတောင် အချိန်ရခဲ့တာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်တော့ သူတို့ဟာ ကျနော်နဲ့ ထိုက်တန် တဲ့ စံနှုန်းတွေ ပါ၀င်တဲ့ စာချုပ်သစ်မျိုး ကမ်းလှမ်းခဲ့တာ မဟုတ်ပါဘူး။ သူတို့ ပြောတာ ကလပ်ဖက်က အသင်းရဲ့ လေ့ကျင့်ရေးကွင်းနဲ့ အကယ်ဒမီ အပေါ်မှာ ရင်းနှီးမြုပ်နှံမှုတွေ မလုပ်ချင်တော့ဘူးတဲ့လေ။

ဒီထက်ရှင်းအောင် ပြောရရင် သူတို့ဟာ 24 နှစ်အောက်လောက် ကစားသမားလေးတွေကို ရှာခေါ်ပြီး ယှဉ်ပြိုင်ချင်တာပါ။ ဘတ်ဂျက်ကလဲ အဆင့် 10 အတွင်း ၀င်ရောက်နိုင်တဲ့ အင်အားမျိုး မရှိတော့ ပါဘူး။

ကျနော်ကတော့ အဲဒီ အစည်းအဝေးပြီး ကတည်းက သူတို့ဘက်က စာချုပ်သစ် အတွက် လိုလိုချင်ချင် မရှိတော့ဘူး ဆိုတာ ရိပ်မိနေပါပြီ။ လွန်ခဲ့တဲ့ 3 နှစ်က ခန့်တဲ့ လစာ ပမာဏမျိုးက ၊ နောက် 3 နှစ်ကြာတော့လဲ ဒီအတိုင်းပဲ ဖြစ်နေသလို ၊ ကစားသမား ခေါ်ယူခွင့်မှာ ပါ၀င် ပတ်သက်ခွင့်က ပိုပြီးတော့တောင် နည်းပါး သွားခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေ ကြုံလာခဲ့ပြီး ကတည်းက နယူူးကာဆယ် ဘုတ်အဖွဲ့ တစ်ခုလုံးဆို ယုံကို မယုံတော့တာပါ။

ပထမဆုံး တန်းတက်လာခဲ့တဲ့ ဘောလုံးရာသီ ကဆိုရင် ကျနော်တို့ဟာ အဆင့် 10 မှာ ရပ်တည် နိုင်ခဲ့တယ်လေ။ ကစားသမားတွေရော ၊ အသင်းရဲ့ ၀န်ထမ်းတွေရော ဘောနပ်ကြေးတွေ ကိုယ်စီရခဲ့ပေမယ့် ၊ ကျနော့် နည်းပြ အဖွဲ့ ကတော့ တစ်ပြားမှတောင် မရခဲ့ပါဘူး။

အဲဒီ အခြေအနေကနေ စာချုပ်သစ် အတွက် လစာ တိုးမပေးဘူး ဆိုတော့ သက်သက်မဲ့ကို နှိမ်လွန်းသလို ဖြစ်နေလှပါပြီ။

ကျနော့် အနေနဲ့ အဲဒီ အချိန် ကတည်းက စာချုပ်သစ် ကိစ္စတွေ ပြောချင်ပေမယ့် ၊ ကလပ် အသင်းဘက်က လုံးဝ ဖွင့်ပြောခွင့် မရှိဆိုတဲ့ ပုံစံနဲ့ နှုတ်ပိတ်ထားခဲ့တာပါ။

ကျနော်လဲ နယူးကာဆယ် ပရိသတ်တွေ လိုပေါ့ဗျာ ၊ ပိုင်ရှင်သစ်များ ပေါ်လာမလား ဆိုပြီး မျှော်တလင့်လင့် နဲ့ စောင့်နေခဲ့ပါတယ်။ ပိုင်ရှင်သစ် ရောက်ရင် စာချုပ် သစ်ကိစ္စလဲ အဆင်ပြေသွားနိုင်တာကိုး။

အချိန်ကသာ ကုန်သွားခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကို နည်းပြသစ် ခန့်ချင်တဲ့ အသင်းတစ်ချို့ကလဲ စောင့်ရတာ မသေချာလို့ အခြားပစ်မှတ်တွေ ခေါ်သွားကြပါပြီ။ ကျနော်က မိသားစု စိတ်ဓါတ် အပြည့်ရှိတယ်ဗျ။ ကျနော့်ရဲ့ နည်းပြ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ပါကို ၊ အန်တိုနီယို ၊ မိုက်ကယ် တို့ကိုတော့ အလုပ်လက်မယ့် အဖြစ် မခံနိုင်ဘူးလေ။ နောက်မှာ သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေ ရှိပါတယ်။

ဒါကြောင့် ဒါလီယန် ကလပ် ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ။

နယူးကာဆယ် အတွက် ရလာဒ်ကောင်းတွေ ရရှိပါစေကြောင်း တရုတ်ကနေ ဆုတောင်းပေးလိုက်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM