ဇီယက်ချ် ကို ယူရို ၄၅ သန်း နဲ့ ခေါ်ယူဖို့ ချယ်လ်ဆီး နဲ့ အေဂျက်ဇ် အကြား နှုတ်အရ သဘောတူညီမှု ရခဲ့ပြီ လို့ နယ်သာလန် အခြေစိုက် သတင်း တခု က ဖော်ပြလာ

ယနေ့ ညနေ က လတ်လတ်ဆတ်ဆတ် ထွက်ပေါ်လာတဲ့ နယ်သာလန် အခြေစိုက် De Telegraaf ရဲ့ အဆို အရ ချယ်လ်ဆီး အသင်း ဟာ အေဂျက်ဇ် အသင်း ရဲ့ တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ယူရို ၄၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ လို့ သိရပါတယ် ။

ဇီယက်ချ် ဟာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အလိုရှိတဲ့ ကစားသမား တဦး ဖြစ်သလို ၊ ဒေါ့မွန် မှာ ဂျေဒင် ဆန်ချို အပြင် နောက်ပိုင်း မှာ ချယ်လ်ဆီး အသင်း ပစ်မှတ် ထားလာတဲ့ ကစားသမား ဖြစ်ပါတယ် ။

အခုလို နယ်သာလန် အခြေစိုက် သတင်း ဌာန တခု က ဒီ သတင်း ကို အကျယ်တဝင့် ဖော်ပြလာတဲ့ အတွက် ဇီယက်ချ် ကို ခေါ်ယူချင်နေတဲ့ အခြား ပရီးမီးယားလိဂ် ကလပ် တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် တို့ အတွက် လက်လျှော့ရမယ့် အနေအထား ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒီ သတင်း ဟာ ချယ်လ်ဆီး ပရိသတ် တွေ အတွက် အပြည့်အဝ တော့ မျှော်လင့်လို့ မရသေးပေမယ့် ၊ တစိတ်တပိုင်း တော့ ရင်ခုန်လို့ ရနေပြီ ဖြစ်ပါတယ် ။

ဒီ ရာသီ ချယ်လ်ဆီး အသင်း နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ၂ကျော့လုံး မှာ အေဂျက်ဇ် အသင်း အတွက် အထူး ခြေစွမ်း ပြသခဲ့ပါတယ် ။ အထူးသဖြင့် စတမ်းဖို့ဒ် ဘရစ်ချ် မှာ ရင်ဆိုင်ခဲ့ရတဲ့ ဒုတိယ အကျော့ ပွဲစဉ် မှာပါ ။

ယင်း မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်းကြေး က ယူရို သန်း ၄၀ ဝန်းကျင် ရှိပါတယ် ။ အေဂျက်ဇ် အသင်း ရဲ့ CEO ဖြစ်သူ အက်ဒ်ဝင် ဗန်ဒါဆား ကလည်း လာမယ့် နွေရာသီ မှ ၎င်းတို့ အသင်း ထံမှ ထွက်ခွာမယ့် ကစားသမား တွေ ရှိနေသေးကြောင်း အတည်ပြု ပြောဆို ထားခဲ့ပါတယ် ။

အေဂျက်ဇ် အသင်း ရဲ့ အားကစား ဒါရိုက်တာ တဦး ဖြစ်တဲ့ အိုဗာမားစ် ကလည်း ယခင် De Telegraaf နဲ့ အင်တာဗျူး မှာ ဇီယက်ချ် နဲ့ ပတ်သက်ပြီး ” ဟာကင် ဟာ တခြား ထိပ်တန်း ကလပ် အသင်း တသင်း က သူ့ကို တကယ် လိုလားလို့ရှိရင် အေဂျက်ဇ် က ထွက်ခွာ နိုင်ပါတယ် ။ ”

” ဒါမျိုး က ဖြစ်တတ်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ တကယ့် ပွဲကြီးပွဲကောင်း တွေမှာ ခြေစွမ်း ပြတတ်သလို ၊ မနှစ် ကထက် ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲ ်မှာ ပိုပြီး ခြေစွမ်းကောင်း လာလို့ပါ ။ ဒါကြောင့်မို့ သူ့ကို ထိပ်တန်း အသင်းကြီး တွေက ခေါ်ယူဖို့ စိတ်ဝင်စား နေကြပါတယ် ။ ” လို့ ပြောဆိုခဲ့ဖူူးပါတယ် ။

De Telegraaf ကတော့ အေဂျက်ဇ် ဟာ ဇီယက်ချ် ကို ရောင်းချဖို့ ချယ်လ်ဆီး အသင်း တသင်း နဲ့ပဲ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း ဒီ အပြောင်းအရွှေ့ အတွက် ၂ဖက် အသင်း တာဝန်ရှိသူ တွေ အကြား တိုင်ပင် ခဲ့ကြတယ် လို့ ဖော်ပြ လာခဲ့ပါတယ် ။

ဇီယက်ချ် အတွက် အပြီးသတ် ပြောင်းရွှေ့မှု ပြီးဆုံးသွားတယ် တော့ မဟုတ်ပေမယ့် ၊ နှုတ် အရတော့ ချယ်လ်ဆီး နဲ့ အေဂျက်ဇ် အကြား သဘောတူညီမှု ရထားတယ် လို့ပဲ သိရပါတယ် ။ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ဇီယက်ချ် ဟာ ဒီရာသီ အေဂျက်ဇ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ သွင်းဂိုး ၉ဂိုး ၊ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ် ။

SPORTS MYANMAR