နည်းပြဟောင်းအမ်မရီ နဲ့ နည်းပြသစ် အာတီတာလက်ထက်အာဆင်နယ်အသင်းရဲ့အခြေအနေတွေကို နှိုင်းယှဉ်သုံးသပ်လိုက်တဲ့#ပီတစ်

ဒီရာသီ တလျှောက်လုံး အဆင်မပြေမှုတွေ ဆက်တိုက် ကြုံတွေ့ နေခဲ့ရတဲ့ အာဆင်နယ် အသင်း ဟာ နည်းပြ သစ် အာတီတာ လက်ထက်မှာ လည်း ရလဒ်တွေ သိသိသာသာတိုးတက် မလာသေးပဲ လိဂ်ပွဲ ၇ပွဲမှာ ၁ပွဲသာအနိုင်ရထားပါတယ်။

ဒါပေမယ့် အာဆင်နယ် ကွင်းလယ်က စား သမားဟောင်းကြီး တဦးဖြစ်တဲ့ပီတစ် ကတော့ သူ့ အသင်းဟောင်းဟာ အာတီ လက်ထက်မှာ တိုးတက်မှု လက္ခ ဏာကောင်း တွေ ရှိနေခဲ့ပြီဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ နည်းပြ ဟောင်း အမ်မရီ လက်ထက် မှာ ပင်ပန်း နွမ်းနယ်နေပြီး စိတ်ဖိစီးမှုဒဏ်တွေကို အလွန်အမင်းခံနေရသလို စွမ်းအင် ပြတ်လပ် ကင်းမဲ့ နေတဲ့ အသင်းတသင်းနဲ့ တောင်တူတယ်လို့ ပီတစ်က မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ သက်တော်ရှည် နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ လမ်းခွဲခဲ့အပြီးမှာ ဆီဗီလာ PSGအသင်းတွေ ရဲ့ နည်းပြဟောင်း အမ်မရီကို အစားထိုး တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ဒီ စပိန်သားကြီး ဟာ အရင်အသင်းတွေ ကို အထိုက်အလျောက် အောင်မြင်မှုတွေ ရှာဖွေ ပေးနိုင်ခဲ့ပေမယ့် အာဆင်နယ် အသင်းနဲ့ အဖွင့်ရာသီမှာ ဖလားလက်မဲ့ အဖြစ် ကြံုတွေ့ခဲ့ရပါတယ်။

အခုရာသီ မှာလည်း အခြေအနေ တွေက ပိုပြီးဆိုးရွားလာနေခဲ့ လို့ ရာထူးကနေပါထုတ်ပယ်ခံထားခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့နေရာကိုတော့ မန်စီးတီးအသင်းမှာဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်နေတဲ့ အာတီတာက ရောက်လာခဲ့ပါတယ်။

အာတီတာ လက်ထက်မှာ အာဆင်နယ် အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ အများကြီးမြင်တွေ့ထားခဲ့ရပြီး ကစားသမား အချို့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကောင်းတွေ ပြန်ရနေခဲ့ကြပြီဖြစ်ပါတယ်။အဆိုပါ နည်းပြ ၂ဦး လက်ထက်အာဆင်နယ် အသင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရာမှာတော့ ပီတစ်က – ” နည်းပြတာဝန်ကိုအာတီတာ လက်ခံရယူစဉ်တုန်းကဆိုရင် အာဆင်နယ်အသင်းက နာဖျားနေပြီး စွမ်းအင်ပြတ်လပ်နေတဲ့ လူနာကြီး တယောက်နဲ့ တူပါတယ်။

ကွင်းအတွင်းမှာကော အဝတ်လဲခန်းထဲမှာ ပါ စိတ်ပျက်စရာတွေချည်းပဲဖြစ်ပျက် နေခဲ့ပါတယ်။သူတို့ အသင်းဟာ အသင်းရဲ့ ပုံစံဆိုတာတောင် ပျောက်နေပြီး ဦးတည်ချက်မဲ့နေခဲ့ပါတယ်။အတော်လေးကို လည်းနုံချာအားနည်းနေခဲ့ပါတယ်။အခုတော့ အာဆင်နယ် အသင်းကို အာတီတာ တာဝန်ယူနေခဲ့တာ က ရက်သတ္တပတ် အနည်းငယ် ကြာနေပြီဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လည်း မတူကွဲပြား တဲ့ အရာတွေ ကို မြင်တွေ့ခံစား လာနေရပြီဖြစ်ပါတယ်။

ကစားသမားတွေ ဟာ အသင်းအတွက် ပြင်းပြတဲ့ စိတ်ဓာတ်မျိုး ရှိလာနေပြီး ပိုပြီး အတူတကွ စုစည်းနေကြပါတယ်။လုပ်အားနှုန်းကလည်း ကောင်းလာပါတယ်။စိတ်ဓာတ်ပိုင်းကလည်းပြောင်းလဲလာကြပြီးအချို့သူတွေဆိုရင်ပုံစံကောင်းကိုပြန်ရနေပါပြီ။ဥပမာ အနေနဲ့ ပြောရရင်တော့ ရှာကာလို ကစားသမားမျိုးတွေဖြစ်ပါတယ်။သူအခု ကစားပြနေခဲ့တဲ့ ခြေစွမ်း နဲ့ သူအခု ပြသထားခဲ့တဲ့ စိတ်ဓာတ်ပိုင်းအပေါ် ကျွန်တော်အတော်လေးကို အားရကျေနပ်မှု ရှိပါတယ်။

အိုဇေးလ် အတွက်လည်း ကောင်းမွန်တဲ့ အချိန် အခါသမယမျိုး ရောက်နေပြီးတော်ရဲယား ဆီကနေမြင်တွေ့ရတဲ့ အရာတွေ နဲ့ ပတ်သက်ပြီး လည်း ကျွန်တော် ကျေနပ် ပျော်ရွှင်မိပါတယ်။ကစားသမားတွေကိုကြည့်ရတာတော့ အာတီတာရဲ့ မတ်ဆေ့ချ်ရထားပုံပါပဲ။

အာတီတာ အနေနဲ့ ကစားသမားတွေဆီကနေ ကွင်းတွင်း ကွင်းပြင် စည်းကမ်း ကောင်းဖို့ နဲ့ အသင်းအတွက် အားစိုက်ကြိုးစားပေးဖို့ ကိုလိုချင်နေတယ်ဆိုတာ အသိသာကြီးပါပဲ။သူထုတ်တဲ့စည်းမျဉ်းတွေကို ကစားသမားတွေကလိုက်နာနေကြပါတယ်။

သူတို့ ပွဲတွေကို အနိုင်ရသင့်သလောက် မနိုင်ထားခဲ့သေးပေမယ့် အများကြီးလည်း ရှံုးနိမ့်နေတာတော့ မဟုတ်ပါဘူး။သူတို့ အနေနဲ့ နိုင်ပွဲတွေ ပိုလိုချင်ရင်တော့ သွင်းဂိုးတွေပိုပြီး လိုအပ်ပါတယ်။ဒါက အဓိက ပြသနာပဲဖြစ်ပါတယ်။

အာဆင်နယ် အသင်းကို အာတီတာ စတင်ပြီး လွှဲပြောင်း ကိုင်တွယ်ချိန်မှာ ဦးစားပေးလုပ်ဆောင်ခဲ့ရတာကတော့ မပေးသင့်တဲ့ ပေးဂိုးတွေ ရပ်တန့်သွားစေဖို့ ဖြစ်ပါတယ်။သူဒါကို လုပ်ဆောင်ထားနိုင်ခဲ့ပြီးပါပြီ။

ဒါပေမယ့် အဲ့ဒီတချိန် တည်းမှာပဲ သူတို့ အသင်းရဲ့ တိုက်စစ် ပိုင်းက လိုအပ်ချက်တွေ ကြောင့် ခံစားနေခဲ့ရပါတယ်။ဒါပေမယ့်အခုပုံစံအတိုင်းဆက်ကြိုးစားနေရင်တော့အနှေးနဲ့ အမြန်ဆိုသလို နိုင်ပွဲတွေ ရလာနိုင်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဒီရာသီမှာ လိဂ်ပွဲ ၂၅ ပွဲကစား ၆ပွဲသာအနိုင်ရထားတဲ့ အာဆင်နယ်အသင်းဟာအမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၁၀ နေရာအထိကျရောက်နေပါတယ်။သူတို့ဟာလာမယ့်ပွဲမှာတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။