ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားပုံဟာ ထိပ်တန်း ကွင်းလယ် ကစား သမား သုံးဦးနဲ့ဆင်တူကြောင်း ပြောကြားလိုက်တဲ့ #ဘိုလာဆီ

စပို့တင်း လစ္စဘွန်း အသင်း မှ ယန်းနစ် ဘိုလာဆီ က အသင်း ဖော်ဟောင်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဆီမှာ အရည်အသွေး ကောင်းတွေ အများကြီး ရှိနေ ကြောင်း ၊ သူ့ရဲ့ ကစားပုံ က မန်စီးတီး စတား တွေ ဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်း ၊ ဒေးဗစ် ဆေးလ်ဗား ၊ စပါး ကွင်းလယ်လူ ဟောင်း အဲရစ်ဆင် တို့နဲ့ ဆင်တူကြောင်း ထုတ်ဖော် ပြောကြား သွာခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကွင်းလယ် ပိုင်းမှာ ဖန်တီးမှု အားနည်း နေခဲ့ တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ တုန်းက စပို့တင်း လစ္စဘွန်း အသင်း မှ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်ကို ပေါင် 68 သန်း နဲ့ ခေါ်ယူ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဘရူနို ဟာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ခဲ့ပြီး နောက် အသင်း အတွက် ပထမဆုံး ကစား ပေးခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ပွဲစဉ် မှာ အောင်မြင်တဲ့ ဘောလုံး ပေးပို့မှု အများဆုံး လုပ်ဆောင် နိုင်သူ ဖြစ်ခဲ့ သလို ဂိုးပေါက် ခြိမ်းခြောက်မုှ အများဆုံး လုပ်ဆောင် နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ ရ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် တွေက နောက်ပိုင်း ပွဲစဉ် တွေမှာ သူ့ ဆီက ပိုမို ကောင်းမွန် တဲ့ စွမ်းဆောင်ရည် တွေကို တွေ့မြင် ရဖို့ မျှော်လင့် နေခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။ အခုတော့ ဘိုလာဆီ က သူ့ရဲ့ အသင်းဖော် ဖြစ်သူ ဟာ အင်္ဂလန် မြေမှာ အောင်မြင် နိုင် လိမ့်မယ် လို့ ဟောကိန်း ထုတ်သွာ ခဲ့လိုက် ပါတယ် ။

” ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဘရူနို မှာ အရည်အသွေး ကောင်းတွေ အများကြီး ရှိနေ ပါတယ် ။ သူဟာ ပရိသတ် တွေ မျှော်လင့် ထားကြ တာ တွေကို လုပ်ပြ နိုင် လိမ့်မယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ သူ စပို့တင်း မှာ ရှိနေ ခဲ့စဉ် တုန်းက ပွဲစဉ် တိုင်းကို ထိန်းချုပ် ကစား နိုင်ခဲ့ ပါတယ် ။ စပို့တင်း မှ လုပ်ဆောင် ခဲ့တဲ့ အရာ တိုင်းက သူ့ဆီ ကနေ မြစ်ဖျား ခံခဲ့ ပါတယ် ”

” သူဟာ ခြေထောက် နှစ်ချောင်း လုံးနဲ့ ကစား ပေးနိုင် သလို ဘယ် ခြေထောက် နဲ့လည်း ဂိုးပေါက် ခြိမ်းခြောက် ဖို့ မကြောက်ရွံ့ နေတက် ပါဘူး ။ သူဟာ ညာခြေ သန်တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ ဘောလုံး ဘယ်လို ပေးပို့ ရမလဲ ဆိုတာ ကို အကွက်မြင် တက်သူ ဖြစ်ပြီး အဝေးဘော တွေကိုလည်း ပေးပို့ နိုင်စွမ်း ရှိ ပါတယ် ။ ပြီးတော့ သူက ဖရီးကစ် နဲ့ ပင်နယ်တီ ကန်တာ လည်း ကောင်းမွန် ပါတယ် ”

” သူဟာ ကွင်းလယ် ကနေ ဘောလုံး လက်ခံ ယူပြီး ပြိုင်ဖက် ဂိုးစည်းနား တစ်ဝိုက် ကို ဘောလုံး ပေးပို့ ရတာ တစ်ကယ် ပဲ ကျွမ်းကျင် လှ ပါတယ် ။ သူဟာ ဘောလုံး ပေးပို့ ရတာ ရော ဂိုးသွင်း ရတာ ကိုပါ နှစ်သက် လှသူ တစ်ဦး ပါ ။ သူဟာ ဘာတွေ လုပ်နိုင် သလဲ ဆိုတာ ကောင်းကောင်း သိပြီး လုပ်လည်း လုပ်ပြ တက် ပါတယ် ။ သူဟာ တိုက်စစ် ကစားသမား တွေနဲ့ ချိတ်ဆက် ကစား ရတာ လည်း ကျွမ်းကျင် လှ ပါတယ် ”

” သူဟာ ကိုယ်ပိုင် ဟန်ပန် နဲ့ ကစား တဲ့သူ တစ်ဦး ပါ ။ သူက အရင် တုန်းက အီတလီ မှာလည်း ကစား ဖူးတယ် လေ ။ သူ့ရဲ့ ကစားပုံ ကို ကြည့်ရှု လိုက်မယ် ဆိုရင် ကယ်ဗင် ဒီဘရိုင်း ၊ ဒေးဗစ် ဆေးလ်ဗား ၊ ခရစ္စတီယံ အဲရစ်ဆင် တို့နဲ့ ပုံစံ ဆင်တူလှ ပါတယ် ”

” ဘရူနို ဟာ ဘောလုံး လက်ခံ ယူရတာ ကို ကြိုက် နှစ်သက် သူ ဖြစ်သလို ဘယ်ဖက် ညာဖက် အခြမ်း တွေမှာ လည်း ဝင်ရောက် ကစား ပေးတက် ပါတယ် ။ သူ ခြေစွမ်း ပြသ နိုင်ဖို့ အတွက် ဆိုရင် သူ့ရဲ့ အနောက် မှာ အကာအကွယ် ပေးနိုင်မယ့် သူ လိုအပ် ပါတယ် ။ အဲ့တာ မှ သူဟာ လွတ်လွတ်လပ်လပ် ကစား နိုင်မှာ လေ ”

” ယူနိုက်တက် အသင်း က သူ့ကို ဘယ်လို သုံးမလဲ ဆိုတာ စိတ်ဝင်စား စရာ ပါပဲ ။ သူဟာ အရင် ထဲက ပရီးမီးယား လိဂ်မှာ ကစားချင် နေသူ တစ်ဦး ပါ ။ ဒါ့ကြောင့် လက်ရှိ အခိုက်အတန့် တွေက သူ့ အတွက် တော့ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ စမ်းသပ် ခံရမှု တွေ ပါပဲ ”

” ပေါ်တူဂီ မှာက ကစားတာ နှေးကွေး ပါတယ် ။ ပရီးမီးယား လိဂ်ရဲ့ ပွဲရှိန် နဲ့ မတူညီ ပါဘူး ။ ဒါပေမယ့် ပေါ်တူဂီ မှာ ဖြစ်ဖြစ် အင်္ဂလန် မှာ ဖြစ်ဖြစ် တူညီ နေတာ တစ်ခု က ဘယ် ပြိုင်ဖက် ကစားသမား ကမှ ခင်ဗျား တို့ကို လွယ်လွယ် ကူကူ ကျော်ဖြတ် စေမှာ မဟုတ်ဘူး ဆိုတာ ပါပဲ ”

” ဘရူနို အတွက် တော့ ယူနိုက်တက် အသင်း ဆီကို သွားရောက် ကစားတယ် ဆိုတာက တစ်ကယ့်ကို ကောင်းမွန် လှတဲ့ ရွေးချယ်မှု တစ်ခု ပါပဲ ။ ဒါဟာ ဘောလုံး လောက ရဲ့ အထင်ကရ အသင်းကြီး တစ်သင်း ပါ ။ သူတို့ လက်ရှိ ဘယ် နေရာ မှာ ရှိနေ ကြသလဲ ဆိုတာ က အရေး မကြီး ပါဘူး ”

” ခင်ဗျား ဟာ အဲ့ဒီ ကို သွားရောက် နိုင်ပြီ ဆိုရင် ဘဝ က ပြောင်းလဲ သွားပါ လိမ့်မယ် ။ ကွင်းအတွင်း ဖြစ်ဖြစ် ၊ ကွင်းအပြင် မှာ ဖြစ်ဖြစ် ပေါ့ဗျာ ။ သူဟာ တောက်ပ နိုင်မယ့် အခွင်အလမ်း တွေကို ပိုင်ဆိုင် ထားခဲ့ ပါပြီ ။ ဒါပေမယ့် ဘောလုံး ဆိုတာ က ရလဒ် ရယူ နိုင်ရေး ပါပဲ ။ ဒါ့ကြောင့် ဘာတွေ ဖြစ်လာ မလဲ ဆိုတာ စောင့်ကြည့် ကြတာ ပေါ့ဗျာ ” လို့ ဘိုလာဆီ က ပြောကြား သွားခဲ့ ပါတယ် ။