စံချိန်သစ်တစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းကို မကယ်တင်နိုင်ခဲ့တဲ့ ရိုနယ်ဒို

ယူဗင်တပ် အသင်း ရဲ့ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် မှာ အသင်း အတွက် ဘယ်သူ မှ မရယူ နိုင်သေးတဲ့ စံချိန် မှတ်တမ်း ကောင်း တစ်ခု ကို ရရှိ ပိုင်ဆိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် တိုက်စစ်မှုး ကြီး ဟာ အသင်း ကို တော့ အနိုင် ရရှိ အောင် မကူညီ နိုင်ခဲ့ ပါဘူး ။ ယူဗင်တပ် ဟာ ဟဲလက်စ် ဗီရိုနာ ကို ၂ – ၁ နဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ဒုတိယ နေရာက အင်တာ မီလန် အသင်း ကို အခွင့် အရေး ပေးလိုက်ပြီ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ယခု ပွဲ အပါ အဝင် နောက်ဆုံး ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၀ ပွဲ ဆက်တိုက် ကို ဂိုးသွင်းယူ ခဲ့ ပါတယ် ။ ဒါဟာ ယူဗင်တပ် အသင်း ရဲ့ သမိုင်း မှာ ပထမဆုံး အကြိမ် အဖြစ် စီးရီးအေ ၁၀ ပွဲ ဆက် ဂိုးသွင်းခဲ့သူ ဖြစ်လာ ခဲ့ပြီး ကိုယ်ပိုက် စံချိန် တစ်ခု ကို ၁ နှစ် ခွဲကျော် မှာ ပဲ ပိုင်ဆိုင် နိုင်ခဲ့ပြီ ဖြစ် ပါတယ် ။

ရိုနယ်ဒို ဟာ ၂၀၂၀ ကို ကူးပြောင်း လာချိန် မှာ ပုံစံကောင်း တွေ ဆက်တိုက် ရရှိ နေပြီး ဟက်ထရစ် အပါအဝင် ပွဲတိုင်း ဂိုး သွင်းထား ခဲ့ ပါတယ် ။ ယမန်နေ့ ညက သွင်းဂိုး ဟာ လည်း ဒီရာသီ သူ့ အတွက် စီးရီးအေ ဂိုး ၂၀ ပြည့် မြောက် စေခဲ့ပြီး မနှစ် က သွင်းဂိုး ကို လိုက်မီ ဖို့ ၁ ဂိုး အလို ကို ရောက်ရှိ လာခဲ့ ပါတယ် ။ စီးရီးအေ ရွှေဖိနပ်ဆု အတွက်တော့ အင်မိုဘီလီ နဲ့ အရေအတွက် ဝေးကွာ နေဆဲ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ ယူဗင်တပ် ရဲ့ တိုက်စစ် မှာ ဘယ် တောင်ပံ ကနေ ပွဲထွက် လာခဲ့ ပြီး ပထမ ပိုင်း မှာ ကတည်းက ဂိုး သွင်း နိုင်မယ့် အခွင့် အရေးတွေ ရရှိ ခဲ့ ပါတယ် ။ ဒုတိယပိုင်း ၆၅ မိနစ် မှာတော့ ရိုနယ်ဒို ဟာ အသင်း ဖော် ဘန်တန်ချာ နဲ့ ဝမ်း-တူး ရိုက်ပြီး ကွင်းလယ် ကနေ ဆွဲပြေးကာ ဗီရိုနာ နောက်ခံလူ ကို ခြေယောင်ပြ ပြီး ကန်သွင်း ခဲ့ ပါတယ် ။

ဘောလုံး ဟာ ဗီရိုနာ ဂိုး သမား ရဲ့ ညာဘက် ထောင့်ထဲ ကို ဝင်သွား ခဲ့ပြီး ဧည့်သည် တို့ ပွဲကို ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ဦးဆောင်မှု ဟာ ၁၀ မိနစ် ခန့်သာ ခံ ခဲ့ပြီး ဘိုရီနီ က 76 မိနစ် မှာ ချေပ ဂိုး သွင်းယူ သွားခဲ့ ပါတယ် ။

နောက်ထပ် ၁၀ မိနစ် အကြာ မှာလည်း လက်ထိ ဘော က တဆင့် အိမ်ရှင် ဗီရိုနာ တို့ ပင်နယ်တီ ရရှိ ခဲ့ပြီး ပက်ဇီနီ က အမှား အယွင်း မရှိ ကန်သွင်းယူကာ အနိုင် ရလဒ် ကို ပရိသတ်တွေ ရှေ့မှောက် မှာ ရယူ နိုင်ခဲ့ ပါတယ် ။ ဒီပွဲ ဟာ ယူဗင်တပ် အတွက် ဒီရာသီ တတိယ မြောက် ရှုံးပွဲ ဖြစ်ခဲ့ကာ ၃ မှတ် အကွာ နဲ့ လိုက်နေတဲ့ အင်တာ မီလန် ကို အခွင့် အရေး ပေးခဲ့တာလည်း ဖြစ်ပါတယ် ။

နည်းပြကြီး ဆာရီ ကတော့ အသင်းသားတွေ ဟာ အမှားတွေ ကို ကျုးလွန် မိနေဆဲ ဖြစ်တယ် လို့ ပြောဆို ခဲ့ပြီး နိုင်ပွဲ ရရှိ ဖို့ လုံလောက်တဲ့ စိတ်ဓါတ် ပိုင်းလည်း မရှိ ခဲ့ဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။ ယူဗင်တပ် ဟာ ဒီရာသီ မှာ လာဇီယို နဲ့ နာပိုလီ တို့ ကို ရှုံးနိမ့် ထားပြီး ယခု ပွဲ ကတော့ တတိယမြောက် ရှုံးပွဲ ဖြစ်ခဲ့ရ ပါတယ် ။

“အရင် ပွဲတွေ က နဲ့ မတူတဲ့ ကစားပုံ ၊ စိတ်ဓါတ် ခံယူချက် တွေ ကို ဒီနေ့ မြင်ခဲ့ ရတယ် ဆိုတာ အသိသာ ကြီး ပါပဲ ။ ဗီရိုနာ ကတော့ နိုင်ချင် စိတ် အပြည့် နဲ့ ကစား ခဲ့တာ ဖြစ်ပြီး စောစော တောင် ဂိုးရ ဖို့ ရှိခဲ့ ပါတယ် ။ ဒီပွဲ အတွက် ကိုယ့်ကိုကိုယ် အပြစ် တင်ရ မှာပါပဲ”

“ကံကလည်း ကျွန်တော်တို့ ဘက် မှာ ရှိမနေ ပါဘူး ။ တိုင် ၂ ခါ ထိ သလို ဦးဆောင်ဂိုး လည်း ရခဲ့ ပါတယ် ။ ဒါပေမယ့် မဖြစ် သင့်တဲ့ အမှား တွေ ကနေ ချေပဂိုး ပြန်ပေး ခဲ့ရသလို ပင်နယ်တီ က လည်း အမှား လုပ်မိ တာ ပါပဲ ။ ဒါဟာ ပွဲ ထဲ ကို စိတ် အပြည့် အ၀ နှစ်ပြီး မကစားခဲ့ တာကြောင့်ပါ ။ ဗီရိုနာ ကိုတော့ ချီးကျုး ရမှာပါပဲ” လို့ ဆာရီ က ပွဲ အပြီး မှာ သတင်း ထောက်တွေ ကို ပြောဆို သွားခဲ့ ပါတယ် ။

ယူဗင်တပ် ဟာ စနေနေ့ ည ပွဲ အပြီး မှာ ရမှတ် ၅၄ မှတ် နဲ့ ဦးဆောင် နေပြီး ဒုတိယ နေရာက အင်တာမီလန် ဟာ ၅၁ မှတ် ၊ တတိယ နေရာက လာဇီယို ဟာ ရမှတ် ၅၀ နဲ့ ဖိအားပေး နေကြကာ ယနေ့ ည မှာ အဆိုပါ ၂ သင်း ရဲ့ ပွဲစဉ်တွေ ကို ယှဉ်ပြိုင် ကစား ကြမှာပဲ ဖြစ် ပါတယ် ။