“မက်ဆီ ဆက်နေမယ် မနေဘူးဆိုတာ သူပဲ ဆုံးဖြတ်ရမှာပါ” – အဲရစ်အဘီဒယ် ( ဘာကာ အားကစားဒါရိုက်တာ )

ဘာစီလိုနာ အသင်း ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ အဲရစ် အဘီဒယ် က တော့ အသင်း ခေါင်းဆောင် လီယွန်နယ် မက်ဆီ အနေနဲ့ အသင်း မှာ ဆက်လက် ရှိ နေ မလား ဆိုတဲ့ မေးခွန်း ကို ကိုယ်တိုင် ဖြေကြား သင့်တယ် လို့ ပြောဆို သွားခဲ့ သလို ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ကို စာချုပ် သက်တမ်း တိုးတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အဘီဒယ် နဲ့ မက်ဆီ တို့ ဟာ မကြာ သေးခင် က မှ အမြင် မတူ ညီ မှုတွေ ရှိခဲ့ ကြပြီး အဘီဒယ် ရဲ့ ဘာစီလိုနာ ကစား သမားတွေ အပေါ် သိမ်းကြုံး ဝေဖန် မှု ကို မက်ဆီ က အမည် တပ်ကာ ပြောဆို ဖို့ ပြန်လည် ဝေဖန် သွားခဲ့ တာ ဖြစ် ပါတယ် ။

အဆိုပါ အကြောင်း အရာ ဟာ သတင်းစာ အတော်များများ ရဲ့ ခေါင်းစီး ပိုင်းမှာ နေရာ ယူ ခဲ့ပြီး ဘာစီလိုနာ အသင်း အတွင်း အက်ကွဲမှု တွေ ရှိလာ ပြီ ဆိုတဲ့ အကြောင်း ၊ ဘာစီလိုနာ ကနေ မက်ဆီ ထွက်ခွာ ဖို့ စိတ်ကူး နေပြီ ဆိုတဲ့ အကြောင်း နဲ့ မန်ချက်စတာ စီးတီး အသင်းက ခေါ်ယူ ဖို့ အတွက် လုပ်ဆောင် နေပြီ ဆိုတဲ့ အကြောင်းတွေ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မှာ ပလူပျံ နေခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာ က တော့ မက်ဆီ ဟာ ဘာစီလိုနာ ကို အလွန် ချစ်မြတ်နိုးတာ ကြောင့် သူ့ကို မန်စီးတီး ဂျာစီ နဲ့ မြင်တွေ့ ရဖို့ မဖြစ်နိုင် ပါဘူးလို့ ပြောဆို ခဲ့ သလို မက်ဆီ ကို ခေါ်ယူဖို့ အစီ အစဉ် ရေးဆွဲ ထားခြင်းမျိုး လည်း မရှိဘူး လို့ ပြောဆို ခဲ့ ပါတယ် ။ ဒါပေမယ့် လက်ရှိ ဥရောပ မှာတော့ မန်စီးတီး သာလျှင် မက်ဆီ အတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ သတင်းတွေက ညွှန်းဆို နေခဲ့ကြပါတယ် ။

မက်ဆီ ဟာ ဘာစီလိုနာ အသင်း မှာ တစ်နှစ် လုပ်ခ ပေါင် ၂၅.၅ သန်း ရရှိ နေပြီး ၂၀၂၀-၂၁ ရာသီ ကုန် အထိ စာချုပ် သက်တမ်း ကျန်ရှိ နေပါသေးတယ် ။ စာချုပ်သစ် မှာ ပါရှိတဲ့ အချက် အရ မက်ဆီ ဟာ သူ့ရဲ့ စာချုပ် ကို အချိန် မရွေး ဖျက်သိမ်း နိုင်ခွင့် ရှိနေတယ် လိ့ု လည်း သိရ ပါတယ် ။

ဘာစီလိုနာ ဟာ လက်ရှိ မှာ အကျဘက် ကို ရောက်ရှိ နေပြီး တိုက်စစ် အင်အား လျော့နည်း နေခဲ့ ပါတယ် ။ ဒါကြောင့် PSG ကို ပြောင်းရွှေ့ သွားခဲ့တဲ့ ဘာကာ ကစား သမား ဟောင်း နေမာ ကို ပြန်လည် ခေါ်ယူဖို့ အတွက် စိတ်ကူး နေပြီး အသင်း မှာ အားထားရတဲ့ ကစား သမားတွေ ကိုလည်း ဆက်ထိန်းထား နိုင်ဖို့ လုပ်ဆောင် နေခဲ့ ပါတယ် ။

ကတ်တလန် အခြေစိုက် သတင်းစာ မွန်ဒို ဒီပို့တီပို နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျုး မှာတော့ အဘီဒယ် က မက်ဆီ ရဲ့ စာချုပ်သစ် ကိစ္စ ဟာ ကာယကံရှင် ကစား သမား အပေါ် မှာသာ အဓိက မူတည် နေတဲ့ အကြောင်း နဲ့ သူတို့ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ကို သက်တမ်းတိုး ဖို့ လုပ်ဆောင် နေတာ ဖြစ်ကြောင်း ကို ပြောဆို သွားခဲ့ ပါတယ် ။

“ဒီမေးခွန်း ( မက်ဆီ ဆက်ရှိနေမလား ) ဟာ သူ့ ကို မေးရမှာပါ ။ ကျွန်တော် က တော့ ဆက်ရှိ နေဖို့ မျှော်လင့် ပါတယ် ။ ဘာစီလိုနာ ဟာ သူ့ အတွက် အရာ အားလုံး လို့ လီယို ပြောခဲ့ ဖူး ပါတယ် ။ သူ ဆက် နေချင်ပြီး ဆက်လုပ်ချင် တယ် ဆိုရင် သူ ဆုံးဖြတ် ရမှာပါ”

“အခု ကျွန်တောတို့ ပြောနေတာ က ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ယောက် အကြောင်းပါ ။ ဒီလို ကစား သမား ကို သက်တမ်း တိုး ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး” လို့ အဘီဒယ် က ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ရဲ့ တုန့်ပြန် စကား ထွက်ပေါ် အပြီးမှာ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြု က အဘီဒယ် ကို ခေါ်ယူ ဆွေးနွေးခဲ့ပြီး လက်ရှိ မှာ တော့ ပြေလည် သွားပုံ ရကြောင်း အဘီဒယ် ရဲ့ ပြောစကားတွေ က အရိပ် အမြွက် ပြသ သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး အဘီဒယ် က သူတို့ အသင်းဟာ ဒီရာသီ မှာ ချန်ပီယံ လိဂ် ဖလားကြီးကို ရယူဖို့ အဓိက ပစ်မှတ် ထားသွား မယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အဓိက ပစ်မှတ် ကတော့ ချန်ပီယံ လိဂ်ပါ ။ ဒါက ခက်ခဲတဲ့ ကိစ္စ ဆိုတာ သိပေမယ့် မဖြစ်နိုင်တာ တော့ မဟုတ် ပါဘူး ။ ဒီ ဖလားကြီး ဟာ နူးကမ့် ကို ပြန်ရောက် လာသင့် ပါပြီ ။ ကျွန်တော်တို့ လာလီဂါ မှာလည်း ၂ နှစ်ဆက် ချန်ပီယံ ဖြစ်ထားမှု ကို ကာကွယ် နိုင်ဖို့ မျှော်လင့် ထားပါတယ်” လို့ အဘီဒယ် က ပြောဆို သွားခဲ့ ပါတယ် ။

ဒါ့ အပြင် ဘာစီလိုနာ အသင်း အနေနဲ့ တိုက်စစ်မှုးကြီး လူးဝစ် ဆွာရက် ကို စာချုပ် သက်တမ်း တိုးဖို့ လည်း စဉ်းစား နေတယ် ဆိုတာ ကို အဘီဒယ် က ပြောဆို သွားခဲ့ ပါတယ် ။ ဆွာရက် ဟာ လာမယ့် ၂၀၂၁ နွေရာသီ မှာ အသင်း နဲ့ စာချုပ် ကုန်ဆုံး မှာ ဖြစ်ပြီး လက်ရှိ အချိန် မှာတော့ ဒဏ်ရာ ကြောင့် အနားယူ နေရသူ ဖြစ် ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ယနေ့ ည မှာ ရီးရဲ ဘက်တစ် အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ လည်း ဖြစ် ပါတယ် ။