ယူနိုက်တက် ရဲ့ စောင့်ကြည့်စာရင်းမှာ ရှိနေဆဲ ဖြစ်တဲ့ ပိုချက်တီနို နဲ့ နံနက်ခင်း သတင်းများ

 

• အက်စ်တွန် ဗီလာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဂရေးလစ်ရှ်ဟာ ဒီရာသီ အကုန်မှာ အသင်းပြောင်းဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ သူဟာ ဗီလာရဲ့ ငယ်မွေးခြံပေါက် ဘောလုံးသမား ဖြစ်လို့ အသင်းအပေါ် သံယောဇဉ် ကြီးမားသော်လဲ ၊ နောက်ထပ် ပိုပြီး မြင့်မားတဲ့ အနေအထား တစ်ခုမှာ ကစားလိုတာကြောင့် ၊ အသင်းပြောင်းမယ့် ကိစ္စကို စဉ်းစားလာခဲ့တာပါ။ လက်ရှိမှာ မန်စီးတီး နဲ့ ယူနိုက်တက် တို့ကို အပြိုင် ချဉ်းကပ်နေပြီး ၊ သူ့အတွက် ပွဲထွက် ကစားခွင့်ရဖို့ သေချာမယ့် အသင်း တစ်သင်းကို ရွေးချယ်သွားဖွယ် ရှိနေပါတယ်။

• မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က ခံစစ်မှုး ဂျွန်စတုန်း အနေနဲ့ အသင်းမှာ ဆက်ရှိဖို့ ထိုက်တန်တဲ့ စွမ်းဆောင်တွေ ပြဖို့ တိုက်တွန်းထားပါတယ်။ သတင်းတွေ အရ သူဟာ ခံစစ်မှုးတွေ အားဖြည့်ဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီ ဖြစ်တာကြောင့် ၊ စတုန်းအနေနဲ့ မန်စီးတီး မှာ ကစားခွင့် ရဖို့ လက်ကျန် ရာသီပွဲစဉ်တွေမှာ သက်သေပြခွင့် ပေးသွားမှာပါ။

• ယူနိုက်တက် ရဲ့ တိုက်စစ်မှုး ဖြစ်တဲ့ အီဂါလို ကို ကော်ရိုနာ ဗိုင်းရပ် နဲ့ ပတ်သက်လို့ ၊ ကြိုတင် ကာကွယ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတာကြောင့် ၊ အသင်းနဲ့ အတူ မာဘယ်လာ ထရိန်နင် ကမ့် ဆီ ခေါ်ဆောင်သွားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

• တံကောက်ကြော ဒဏ်ရာ ပြသနာ ရရှိနေတဲ့ စတာလင် ကတော့ ၊ သူ့အနေနဲ့ ရီးရဲ မက်ဒရစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာ ပါဝင် ကစားပေးနိုင်ဖို့အတွက် အချိန်မှီ ပြန်လည် သက်သာလာနိုင်တယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။

• စပါး ကနေ ထုတ်ပယ်ခံထားရတဲ့ နည်းပြကြီး ပိုချက်တီနို ဟာ လက်ရှိ အချိန်ထိ အသင်းသစ် တစ်သင်းကို တာဝန်ယူခြင်း မရှိသေးပါဘူး။ ဒီမနက် အင်္ဂလန် မီဒီယာတွေ ထက်မှာတော့ ၊ သူဟာ ယူနိုက်တက် ရဲ့ စောင့်ကြည့် စာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်နေဆဲပဲလို့ ဆိုထားပြီး ၊ ရာသီအကုန်မှာ ဇာတ်သိမ်းမလှခဲ့ရင် ၊ ဆိုးရှား နဲ့ သံယောဇဉ်တွေကို ဖြတ်တောက်ကာ ၊ ပိုချက်တီနို ကို ခန့်အပ်မယ့် စိတ်ကူး က အိုးထရက်ဖို့ဒ် ရဲ့ ရာထူးအကြီးပိုင်းမှာ ရှိနေဆဲလို့ ဆိုပါတယ်။

• ဘိုင်ယန် မြူးနစ် အသင်းရဲ့ ဥက္ကဌကြီးဟာ အာယန် ရော်ဘင် ၊ ရစ်ဘာရီ တို့ရဲ့ နေရာတွေကို အစားထိုးဖို့ အတွက် ဘောလုံးဈေးကွက်ကို ဝင်ရောက်နေတဲ့ အကြောင်း အတည်ပြုသွားခဲ့ပါတယ်။ သို့သော် သူတို့ဟာ ရိုနာဒို ကိုတော့ ခေါ်ယူမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့ပြီး ၊ ကစားသမားဟာ အသက်ကြီးလွန်းနေတာကြောင့် ၊ အခြား ပစ်မှတ်တွေကိုသာ ပိုပြီး အာရုံစိုက်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

• အာဆင်နယ် နဲ့ ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်သူ ပီတစ် က မက်ဆီဟာ ရိုနာဒို လို မဟုတ်တဲ့ အတွက် ပရီးမီးယားလိဂ် ကိုသာ ပြောင်းရွှေ့လာမယ် ဆိုရင် ၊ ခြေစွမ်းပြ ကစားနိုင်ဖို့ ရုန်းကန်ရဖွယ် ရှိနေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

• ဒီရာသီမှာ မန်စီးတီး အတွက် အကောင်းဆုံး ခြေစွမ်းတွေ နဲ့ ပေးဆပ်နေတဲ့ ကွင်းလယ် ကစားသမား ဒီဘရိုင်းကို စပိန် ဘီလူးကြီး နှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့က စိတ်ဝင်စားနေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သို့သော် ကာယကံရှင် ကိုယ်တိုင်ကတော့ သူ့အနေနဲ့ မန်စီးတီးမှာ ပျော်နေတယ်လို့ တုန့်ပြန်လိုက်ပြီး ၊ အသင်းရဲ့ ရလာဒ်ပိုင်းတွေ တည်ငြိမ်မှု ရှိအောင် အာရုံစိုက်နေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

• ယူနိုက်တက်ဟာ ရိုးမား က လိုချင်နေတဲ့ သူတို့ အသင်းရဲ့ ခံစစ်မှုး စမောလင်း ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် 17 သန်း အထိ တိုးမြှင့်လိုက်ပါတယ်။

• ပြီးခဲ့တဲ့ အပြောင်းအရွှေ့ က အေတီကို အသင်းထံ ပြောင်းရွှေ့ဖို့ အထမမြောက် ခဲ့တဲ့ ကာဗာနီဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အသင်းတွေဆီ ပြောင်းဖို့အတွက်ပါ စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဖက်မှာ ယူနိုက်တက် နဲ့ ချဲဆီး တို့က သူ့ကို စိတ်ဝင်စားနေပြီး ၊ ပွဲထွက် ကစားခွင့် အာမခံချက် နဲ့ အတူ လက်ရှိ လစာအတိုင်း ပေးချေမယ် ဆိုပါကာ ၊ ခေါ်ယူဖို့ အခွင့်အလမ်းက ပိုပြီး များပြားလာဖွယ် ရှိနေပါတယ်။ အလကား နဲ့ ရမယ့် ကစားသမား တစ်ယောက် အတွက် ၊ ကလပ် အသင်းတွေကလဲ ကပ်စေးနဲမှာ မဟုတ်ပါဘူး။

• ဂျူဗီဟာ ချဲဆီး ကွင်းလယ် ကစားသမား ဂျောဂင်ဟို ကို ခေါ်ယူဖို့ မျက်စိကျနေတာကြောင့် ၊ လက်ရှိ အသင်းမှာ ရှိနေတဲ့ ကွင်းလယ် ကစားသမားတွေထဲက တစ်ချို့ ကို ဆက်လက်ရောင်းချဖွယ် ရှိနေပါတယ်။

• ပရီးမီးယားလိဂ်ဟာ လူကျွံဘောနဲ့ ပတ်သက်လို့ စည်းမျဉ်းဆိုင်ရာ အပြောင်းအလဲ တစ်ခုလုပ်ဖို့ ကလပ်အသင်းတွေ အားလုံးနဲ့ ဆွေးနွေးလျှက် ရှိနေပါတယ်။ လက်ရှိ အချိန်ထိတော့ ဘယ်လို အပြောင်းအလဲမျိုး ဖြစ်လာနိုင်တယ် ဆိုတဲ့ တရားဝင် ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း မရှိသေးလို ၊ အကယ်၍ ဘုံ သဘောတူညီမှု ရတယ် ဆိုရင်တောင် လာမယ့်ဘောလုံးရာသီမှသာ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။

• ဂျူဗီ နည်းပြ ဆာရီ ကတော့ ဗီရိုနာ ဟာ ထိုက်ထိုက်တန်တန် နဲ့ နိုင်ပွဲ ရယူသွားတာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ၊ သူ့အသင်းမှာတော့ ပြင်ဆင်စရာ ပြသနာတွေ ရှိနေတုန်းပဲလို့ ဝန်ခံသွားခဲ့ပါတယ်။

• ရီးရဲ ဘက်တစ်ကို ရင်ဆိုင် ကစားမယ့် ဘာစီလိုနာ အသင်းမှာ ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ စီနီယာ ကစားသမားဆိုလို့ 14 ဦးသာ ကျန်ပါတော့တယ်။ ဒမ်ဘီလီ ၊ ပီကေး ၊ ဆွာရက် ၊ နက်တို တို့က ဒဏ်ရာတွေ အသီးသီး ရရှိနေတာ ဖြစ်လို့ ၊ နည်းပြ ဆက်တီယန် အနေနဲ့ လူငယ် ကစားသမားလေးတွေကို ခေါ်ယူ အားဖြည့်သွားရဖွယ် ရှိနေပါတယ်။

• ဘာစီလိုနာ အသင်းဟာ ဆွာရက် ရဲ့ နေရာကို အစားထိုးဖို့ လူးဝစ် ဆွာရက်ကို စောင့်ကြည့်လျှက် ရှိနေပါတယ်။ ဒီ ဆွာရက် က ဇာရာဂိုဇာ အသင်းရဲ့ အသက် 22 နှစ် အရွယ် တိုက်စစ်မှုးလေး ဖြစ်ပြီး ၊ စပိန် ဒုတိယတန်းမှာ စုစုပေါင်း 24 ပွဲ ကစားပြိး ၊ 14 ဂိုး သွင်းယူထားသူလို့ သိရပါတယ်။

ကစားသမား ဘဝ သူ့ရဲ့ ရည်မှန်းချက်ကို ထုတ်ဖော် ပြောကြားလိုက်တဲ့ ဒင်းန် ဟန်ဒါဆန်

====================

ဒင်းန် ဟန်ဒါဆန် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အသက် 22 နှစ် အရွယ် ဂိုးသမား လေး တစ်ဦး ဖြစ်ပြီး အသင်း မှာ ဒေးဗစ် ဒီဂီယာ နဲ့ ဆာဂျီယို ရိုမဲရိုး တို့လို ဂိုးသမား ကောင်းတွေ ရှိနေ ခဲ့ကြ တာကြောင့် စီနီယာ အသင်း အတွက် ပွဲထွက် ကစား ခွင့် မရယူ နိုင်ခဲ့ သေးသူ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် သူဟာ 2016 ခုနှစ် ကတည်းက အငှား သွားရောက် ကစား ကာ အတွေ့ အကြုံ ကောင်းတွေ ကို ရှာဖွေ နေခဲ့တာ ပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှ စတင်ပြီး လက်ရှိ အချိန် အထိ ရှက်ဖီး ယူနိုက်တက် အသင်း မှာပဲ အငှား ကစား နေသူ ဖြစ်ပါတယ် ။

အဆိုပါ ကာလ အတွင်း သူဟာ ရှက်ဖီး ယူနိုက်တက် အသင်း ကို ပရီးမီးယား လိဂ် ပြိုင်ပွဲဆီ တန်းတက် နိုင်အောင် ကူညီ ပေးထား နိုင်ခဲ့ သလို ဒီ ဘောလုံး ရာသီ မှာလည်း ဥရောပ ဝင်ခွင့် တစ် နေရာ ရရှိ စေနိုင် ဖို့ ထူးကဲ တဲ့ လက်စွမ်း ကောင်းတွေ ကို ပြသ ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။

လက်ရှိ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ပွဲစဉ် 25 ပြီးဆုံး သွားတဲ့ အချိန် မှာတော့ ဟန်ဒါဆန် ဟာ ဘန်လေ မှ နစ်ပုပ် ၊ လီဗာပူး မှ အလီဆွန် ဘက်ကာ နည်းတူ Clean Sheet 9 ကြိမ် အထိ ( အများဆုံး ) ရယူ ထားနိုင် ခဲ့တဲ့ မှတ်တမ်း ကောင်း တစ်ရပ် ပိုင်ဆိုင် ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် သူဟာ တစ်ပွဲ ကို ပျမ်းမျှ ဂိုးပေါက် ကာကွယ် မှု 2.7 အကြိမ် လုပ်ဆောင် နိုင်ခဲ့ ပြီး ယူနိုက်တက် ဂိုးသမား ဖြစ်သူ ဒေးဗစ် ဒီဂီယာ ( တစ်ပွဲ ပျမ်းမျှ ကာကွယ် မှု 2.6 ကြိမ် ၊ Clean Sheet 5 ပွဲ ) ထက် ပိုမို သာလွန် ကောင်းမွန် တဲ့ မှတ်တမ်း ကောင်း တွေကို ပိုင်ဆိုင် ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ဒီ ရာသီ အတွင်း ဒေးဗစ် ဒီဂီယာ မှ လက်စွမ်း တွေ ကျဆင်း ခဲ့တဲ့ အချိန် တွေ တိုင်းမှာ ယူနိုက်တက် ပရိသတ် တွေက ဟန်ဒါဆန် ကို ပြန်လည် ခေါ်ယူ ပေးဖို့ ယူနိုက်တက် အသင်း ကို အလျင်း သင့်သလို တိုက်တွန်း နေခဲ့ ကြတာ ပဲ ဖြစ်ပါတယ် ။

အခုတော့ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ ယူနိုက်တက် အသင်း ရဲ့ အရန် ဂိုးသမား တွေ ဖြစ်ကြတဲ့ ဆာဂျီယို ရိုမဲရိုး နဲ့ လီဂရန့် တို့ဟာ နောက် ရာသီ အသင်း မှ ထွက်ခွာ သွားဖို့ ရှိနေ ကြတယ် လို့ သိရှိ နေခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် ပရိသတ် တွေက ဟန်ဒါဆန် ကို အငှား လုံးဝ မချ စေလို တော့ ပါဘူး ။

ဒါပေမယ့် ဟန်ဒါဆန် ကိုယ်တိုင် ကတော့ အသင်း မှာ ပွဲထွက် ကစားချိန် မိနစ် တွေ မပိုင်ဆိုင် ရဘူး ဆိုရင် အငှား ပဲ ဆက်လက် ကစား သွားမှာ ဖြစ်တယ် လို့ သိရှိ ခဲ့ရ ပြန်ပါ သေးတယ် ။ လက်ရှိ အချိန် မှာတော့ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ယူရို ပြိုင်ပွဲ မှာ ပါဝင် ကစား ပေးလို နေ ပါတယ် ။

ဒါပေမယ့် ဟန်ဒါဆန် ကိုယ်တိုင် က ကစားသမား ဘဝ အတွင်း သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက် က ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစား ပေးရ ရေးပဲ ဖြစ်ကြောင်း သတင်း တွေ အမျိုးမျိုး ထွက်ပေါ် နေတဲ့ အခိုက်အတန့် တွေမှာ ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လူတွေ အတော် များများ က ကျွန်တော့် နားက ဖြတ်လျှောက် ကြပြီး ‘ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကစားသမား လေး ‘ လို့ ပြောဆို ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် က စီနီယာ အသင်း အတွက် တစ်ခါ မှ ကစား ပေးထား ခြင်း မရှိ သေးသူ ပါပဲ ။ ဒါ့ကြောင့် ကျွန်တော် ဟာ သူတို့ ပြောသလို မဟုတ်သေး ပါဘူး ”

” ကျွန်တော် ဟာ ယူနိုက်တက် အတွက် ကစား ပေးဖို့ သင့်တင့် တဲ့ လက်စွမ်း ပိုင်ဆိုင် နေတယ် ဆိုတာ အချိန် တစ်ခု မှာ သက်သေ ပြရ လိမ့်မယ် ဆိုတာ သိရှိ ခံစား ထား ပါတယ် ။ တစ်နေ့ ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပွဲထွက် ကစားပေး ရမယ် ဆိုတာ ကျွန်တော့် ရဲ့ ရည်မှန်းချက် ပါပဲ ”

” အဲ့တာ မဖြစ်နိုင် သေးခင် အထိ တော့ ကျွန်တော် ဟာ မှန်ကန် တဲ့ လမ်းကြောင်း ပေါ်မှာ ရှိနေ ဖို့ လုပ်ဆောင်ရ ပါ့မယ် ။ နောက်ပြီး တော့ အလုပ် တွေ ကိုလည်း နေ့စဉ် နေ့တိုင်း ဆက်လက် ကြိုးစား ရပါ လိမ့်မယ် ”

” အဲ့ဒီလို နေ့မျိုး ရောက်ရှိ လာတဲ့ အချိန် က ကျွန်တော့် အတွက်တော့ အချိုမြိန်ဆုံး နေ့ပဲ ဖြစ်ပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ ကျွန်တော့် ကစားသမား ဘဝ ရဲ့ ခက်ခဲ လှတဲ့ ခရီးစဉ် တစ်ခု ဖြစ်နေ ရလို့ ပဲလေ ”

” ဒါဟာ တစ်ကယ့် ကို ခက်ခဲ လှတဲ့ လမ်းကြောင်း တစ်ခု ဖြစ်တယ် ဆိုတာ ကျွန်တော့် အနားက လူတွေ ကပဲ ကောင်းကောင်း သိရှိ ကြ ပါတယ် ။ သိပ် မကြာတဲ့ အနာဂတ် တစ်ခု မှာ အဲ့တာ ကို လက်တွေ့ ဖြစ်လာ စေဖို့ ကျွန်တော် မျှော်လင့် နေ ပါတယ် ” လို့ ဟန်ဒါဆန် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။