ကီပါရဲ့နေရာမှာ အစားထိုးဖို့ ချဲဆီးလ်အသင်းက မျက်စိကျနေတဲ့ ထိပ်တန်း ဂိုးသမား ၆ ဦး

နည်းပြ လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာနိုင်ပွဲတပွဲသာ ရထားခဲ့ ပြီး ပွဲတိုင်းကို ဂိုးပေးထားခဲ့ရတဲ့ အထိ အခြေအနေ ဆိုးနေပါတယ်။

ဒါပေမယ့် ချဲဆီးလ် အသင်းပေး လိုက်ရတဲ့ ဂိုးတွေမှာ ခံစစ် ကစားသမား တွေ ထက် ဂိုးသမား ဖြစ်သူ ကီပါရဲ့ စွမ်းဆောင် ရည်ကျဆင်း နေမှုက ပိုပြီး မြင်သာနေပါတယ်။

လက်စတာ နဲ့ ၂ဂိုးစီ သရေ ကျခဲ့တဲ့ ပွဲစဉ် က သူ့ရဲ့ လက်စွမ်း ကြောင့် လည်း ပရိသတ်တွေ ရဲ့ အလွန်အမင်း ဝေဖန်ပြစ်တင်မှုတွေ ခံထားရပြီး၊ လူမှုရေးပြသနာတွေကြောင့် သူ့ရဲ့လက်စွမ်းကျဆင်းနေခဲ့တာလို့ မီဒီယာတွေက ဆိုပါတယ်။

ကီပါဟာ လက်ရှိမှာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမား တဦးအဖြစ် စံချိန် တင်ထားပေမယ့် အဆိုပါ ဂုဏ်ဒြပ်နဲ့ ကိုက်ညီ ခြင်းမရှိတဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကာ ကွယ်မှုရာခိုင်နှုန်း အနည်းဆုံး ဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်နေပါတယ်။

ဒါကြောင့် လည်း နည်းပြလမ်းပတ်က အသက် ၂၅နှစ် အရွယ် ဒီစပိန်သားရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ဂိုးသမားကောင်း တဦးကိုရှာဖွေနေတယ်လို့သိရပါတယ်။လာမယ့်ရာသီမှာချဲဆီးလ်အသင်းရဲ့ နံပါတ်၁ဂိုးသမားဖြစ်လာဖွယ်ရှိသူတွေကို Sportsmailက အောက်ပါအတိုင်း ဖော်ပြသွားခဲ့ပါတယ်။

၁။ အိုနာနာ ( အေဂျက် )

ဘာစီလိုနာ အသင်းနဲ့ ဆွေးနွေးနေတယ်ဆိုပြီးသတင်းတွေ ထွက်နေပေမယ့် အိုနာနာဟာ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ချင်နေတယ်လို့သိရပါတယ်။အိုနာနာဟာ အီတူးရဲ့ အကယ်ဒမီကျောင်းထွက်တဦးဖြစ်ပြီးအသက် ၁၃နှစ်အရွယ်မှာ ဘာစီလိုနာကိုရောက်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် စီနီယာ အသင်းအတွက် တပွဲမှ ပါဝင်ခွင့် မရခဲ့ပဲ အေဂျက် အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။သူဟာ ယမန်နှစ်က အေဂျက် အသင်းကို ချန်ပီယံ လိဂ်ဆီမီးဖိုင်နယ်အဆင့် အထိတက်ရောက်အောင်ကူညီပေးနိုင်ခဲ့လို့ဘလွန်းဒီအောဆုရဲ့အကောင်းဆုံးဂိုးသမားဆန်ကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။

လတ်တလော ကီပါ ရဲ့ အနေအထားတွေကြောင့် အိုနာနာ ဟာ စတန်းဖို့ဒိ ်ဘရစ်ချ်ကို ရောက်လာဖွယ်ရှိနေပါတယ်။ဒါပေမယ့် အခြားလန်ဒန်မြို့ခံအသင်းတသင်းဖြစ်တဲ့ စပါးအသင်းကိုလည်းပြောင်းရွှေ့ချင်နေပုံရတယ်လို့သိရပါတယ်။

၂။ နစ်ပုပ် ( ဘန်လေ )

အသက် ၂၇ နှစ်အရွယ် နစ်ပုပ်ဟာ တွန်ဟီတန် ၊ ဂျိုးဟတ် တို့လို နာမည်ကြီး ဂိုးသမားတွေကို ကျော်ပြီး ဒီရာသီ ဘန်လေ အသင်းမှာ ပွဲထွက်ခွင့်တနေရာစာကို အပိုင်းစား ရယူထားနိုင်နေခဲ့ပါတယ်။
လတ်တလောမှာသူက ၂၀၂၃ အထိဘန်လေနဲ့ စာချုပ်သက်တမ်းရှိနေပါတယ်။

ဒါပေမယ့်လည်း ဒီအင်္ဂလန်သား ရဲ့ ဂိုးပေါက် ကာကွယ်မှု ရာခိုင်နှုန်း မှတ်တမ်း က ကီပါထက် အနည်းငယ်လေးသာ သာလွန်နေ တာဖြစ်လို့ ချဲဆီးလ်ဘုတ် အဖွဲ့အနေနဲ့ သူ့ထက်ပိုကောင်းတဲ့ တခြားရွေးချယ်စရာတွေကို စိတ်ဝင်စားမှာလားဆိုပြီး မေးစရာရှိနေပါတယ်။

၃။ ဒူဘရက်ဗ်ကာ ( နယူးကာဆယ် )

ချဲဆီးလ် အသင်းရဲ့ ဂိုးပေါက် ကာကွယ်မှု ရာခိုင်နှုန်းကို သိသိသာသာ တိုးတက်စေနိုင်မယ့်သူကတော့နယူးကာဆယ်ရဲ့ နံပါတ်ဂိုးသမား ဒူဘရက်ဗ်ကာပဲ ဖြစ်ပါတယ်။ဒီ စလိုဗက်ကီးယားသား ဟာ သွင်းဂိုးအရနည်းတဲ့ နယူးကာဆယ်အသင်းကို ပေးဂိုးမများအောင်လက်စွမ်းပြကူညီပေးထားပါတယ်။

သူဟာ နည်းပြ စတိဗ်ဘရုစ် ရဲ့ လက်ထက် မှာ အရေးပါတဲ့ ကစားသမား တဦးအဖြစ်ရှိနေပြီး ၂၀၂၅ အထိစာချုပ်သက်တမ်း ရှိနေပါတယ်။ဒါကြောင့်လည်း
သူ့ကို ခေါ်ယူနိုင်ဖို့ ချဲဆီးလ်အသင်း ငွေတော့ သုံးရပါလိမ့်မယ်။

၄။မိတ်ဂ်နန်း ( လိုင်လီ )

Eurosport သတင်းစာရဲ့ အဆိုအရ လိုင်လီဂိုးသမား မိတ်ဂ်နန်းကို ချဲဆီးလ် နည်းပြ လမ်းပတ်က မျက်စိကျနေတယ်လို့ သိရပါတယ်။ဒီပြင်သစ်သားဟာ ၂၀၁၅ ခုနှစ်မှာ PSG ကနေ ပြောင်းလာခဲ့ပြီး လိုင်လီအတွက် စုစုပေါင်းပွဲ၁၀၀ ကျော်ကစားပေးထားပါတယ်။

အသက် ၂၄ နှစ်အရွယ် မိတ်ဂ်နန်း ရဲ့ လက်စွမ်းကြောင့်လည်း လိုင်လီ အသင်းက ဒီရာသီ လီဂူး ပြိုင်ပွဲမှာ cleansheet ၈ပွဲရရှိထားပါတယ်။ဒါပေမယ့် သူဟာချဲဆီးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု၂ပွဲမှာ ၄ဂိုးပေးထားခဲ့ရပါတယ်။

မိတ်ဂ်နန်း ဟာ လက်စွမ်းကောင်း ရရှိနေသူဖြစ်ပေမယ့် လိုင်လီ အသင်းနဲ့ စာချုပ် သက်တမ်းက လက်ကျန် ၂နှစ်သာ ကျန်ရှိနေပါတယ်။ဒါကြောင့်လည်း သူဟာ ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် ဂိုးသမားကောင်းတဦးဖြစ်ပါတယ်။

၅။ ဂွိတ်တာ ( ပဲလေ့စ် )

ပဲလေ့စ် အသင်းရဲ့ ဂိုးသမားကြီး ဂွိတ်တာကို အခုရာသီကုန်မှာ ခေါ်ယူနိုင်ဖို့ ဆောင်းရာသီဈေးကွက်အတွင်းချဲဆီးလ်တို့ စုံစမ်းခဲ့တယ်ဆိုပြီး သတင်းတွေကဖော်ပြပါတယ်။သူဟာအသက်၃၃နှစ်ရှိနေပြီဖြစ်ပေမယ့် မန်စီးတီးအပါအဝင် ထိပ်တန်းအသင်းအချို့ကလည်းမျက်စိကျနေတာဖြစ်ပါတယ်။

ရှက်ဖီး အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲက သူ့ရဲ့အမှားကြောင့်တော့ အဆိုပါအသင်းတွေကို အနည်းငယ်တွေဝေသွားစေနိုင်ပါတယ်။သူ့ရဲ့ အဆိုပါ အမှားကြောင့်
ပဲလေ့စ် အသင်း ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

၆။ ဒွန်နာရမ်မာ ( အေစီမီလန် )

၁၆ နှစ်သား အရွယ်မှာပဲ အေစီမီလန် အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်ပြီး ဘူဖွန် လက်သစ် အဖြစ် တစ်ပေးခြင်းခံထားရတဲ့ ဂိုးသမားကောင်းတဦးဖြစ်ပါတယ်။သူဟာ အသက် ၂၀အရွယ်မှာပဲ စီးရီးအေ ၁၆၅ပွဲအထိ ကစားပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။

အေစီမီလန် အသင်းဟာ လာမယ့် နွေမှာ ကစားသမားကောင်းတွေ ထပ်ခေါ်ဖို့ ရှိနေလို့ ဘတ်ဂျက် အတွက် ဒွန်နာရမ်မာ ကို ရောင်းထုတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေကသုံးသပ်ဖော်ပြနေပါတယ်။သူဟာ လက်တလောမှာတော့ လာမယ့်နှစ် ရာသီကုန်အထိစာချုပ်သက်တမ်းရှိနေပါတယ်။

သူ့ရဲ့ အသက်အရွယ် ပွဲအတွေ့အကြုံ နဲ့ လက်စွမ်းတွေကြောင့် ချဲဆီးလ် အသင်းသာခေါ်ယူချင်ပါက နောက်ထက်ဈေးကြီးတဲ့ ဂိုးသမား တဦးဖြစ်လာဖို့ ကသေချာနေပါတယ်။ချဲဆီးလ်ဘုတ်အဖွဲ့ဝင်တွေ မထင်ထားတဲ့ ပမာဏလောက်အထိကို ပေးချေရဖွယ်ရှိနေပါတယ်။