ရပ်တန့်လို့ မရတဲ့ လီဗာပူး အသင်းကြောင့် နွေရာသီမှာ အားဖြည့်ဖို့စဉ်းစားနေပြီလားဆိုတဲ့မေးခွန်းကို အဖြေပေးလိုက်တဲ့ #ပက်ဂွာဒီယိုလာ

နည်းပြဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ ၃နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် မျှော်လင့်ပြီး ကြိုးစားနေခဲ့ပေမယ့် ဖြစ်နိုင်ခြေက မရှိသလောက်ကို နည်းပါးသွားခဲ့ရ ပြီ ဖြစ်ပါတယ်။သူတို့ဟာပွဲစဉ် ၂၅အပြီးမှာဦးဆောင်သူလီဗာပူးနဲ့၂၂မှတ်အထိကွာဟနေပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ရာသီ တုန်းကတော့ ပြည်တွင်း ဖလား ၃လုံး စလုံး ရယူနိုင် ခဲ့ပြီး အင်္ဂလန် ရဲ့ ပြိုင်ဘက်မရှိအကောင်းဆုံးအသင်းအဖြစ်ရပ်တည်ခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် ဒီရာသီမှာတော့ လိဂ်ရပ်တည်မှု အဆင့်၂အတွက်တောင် မသေချာသေးတာဖြစ်ပါတယ်။

ဒါကြောင့် လည်း လာမယ့်နွေရာသီ ဈေးကွက် အတွင်းမှာ အသင်းကို အားဖြည့်မှု တွေ ပြုလုပ်ဖွယ်ရှိနေတယ် လို့ အများက ယူဆနေကြပါတယ်။ဒါပေမယ့် ဂွာဒီယိုလာကတော့ အသင်းကို အားဖြည့်ဖို့ အကြောင်းကို အများကြီးမစဉ်းစား
ထားသေးဘူးလို့ ဆိုပါတယ်။

အင်တာဗျူး တခုမှာ ဂွာဒီယိုလာက –
” ဘာတွေ လုပ်ဖြစ်မယ်ဆိုတာ မသိသေးပါဘူး။ အခုချိန်ဟာဘောလုံး ရာသီတခု အတွင်းမှာ ရှိနေတာဖြစ်ပြီး ဘယ်သူတဦးတယောက်နဲ့မှ အဆက်အသွယ်မရှိထားသေးပါဘူး။ဒီကိစ္စကိုအများကြီး တွေးဖို့ အတွက်လည်း ကျွန်တော်အသင့်မဖြစ်သေးပါဘူး။

ကျွန်တော့် အနေနဲ့ တခုခုတော့ လုပ်ရမယ်ဆိုတာ သေချာပါတယ်။ဘာကြောင့် လည်းဆိုတော့ ဒေးဗစ်ဆေးဗားလ်က ထွက်တော့မှာဖြစ်သလို အချို့နေရာ တွေ အတွက် လည်း အားဖြည့်မှုတွေ လုပ်ရပါဦးမယ်။

ဒါပေမယ့် ကစားသမား ဘယ်နှယောက် ထပ်ခေါ်မယ် ငွေ ဘယ်လောက်ထပ်သုံး မယ်ဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။ဘာကြောင့်လည်းဆိုတော့အပြောင်းအရွှေ့ ရာသီတိုင်းက အမြဲတမ်း ခက်ခဲ လို့ဖြစ်ပါတယ်။

အခု လက်ရှိ ရာသီ ကုန်ဆုံးဖို့ကလည်း ၂လ ၃ လ လောက် လိုပါသေးတယ်။၂လ ၃လ ဆိုတာက အပြောင်းအလဲတွေ အများကြီး ဖြစ်နိုင်နေပါသေးတယ်။ကျွန်တော်တို့ တိုက်ပွဲဝင် သွားရမယ့် တကယ့် အရာတွေက အများကြီးရှိနေပါသေးတယ်။

အခုချိန်မှာ ဗိုလ်လု ပွဲတခုတက်ရောက် ထားနိုင်နေခဲ့ပြီ ဖြစ်သလို လာမယ့် ၂ပတ် ၃ ပတ် လောက်ဆိုရင် FA ဖလား
ပြိုင်ပွဲ ကရှိနေပါတယ်။လိဂ်ပြိုင်ပွဲမှာလည်း အဆင့်၂ နေရာရဖို့ကြိုးစားပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားရပါဦးမယ်။

ရီးရဲလ် အသင်းနဲ့ ရင်ဆိုင်ရမယ့် ( ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ) ပွဲကြီး ပွဲကောင်း ၂ ပွဲ ကလည်း ရှိနေပါသေးတယ် ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ဂွာဒီယိုလာ ဟာ လာမယ့်နှစ်ရာသီ ကုန် အထိသာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းရှိနေပါတယ်။

သူ့ရဲ့ အနာဂတ်က အခုထိ မရေရာသေးသလို အနှေးနဲ့ အမြန် ဆိုသလို အီတီဟတ်ကို စွန့်ခွာဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။ဒါပေမယ့်သူရဲ့အနာဂတ်က မန်စီးတီးကိုပြောင်း
ရွှေ့မယ့် ကစားသမားတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိလောက်ဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။

ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက – ” ကစားသမားတွေ အနေနဲ့ ဒီကိုပြောင်းလာတဲ့ အကြောင်းရင်းက ကျွန်တော် တယောက်တည်းကြောင့် မဟုတ်ပါဘူး။ကျွန်တော်ရှိနေပေမယ့် မလာတဲ့ သူတွေလည်း ရှိတာပါပဲလေ။

ဒီ အသင်းကို က နာမည်ကြီး ကစား သမား တွေကို စွဲဆောင်နိုင်စေဖို့ အတွက်
ခန်းနား လုံလောက် မှု ရှိတယ်လို့ ကျွန်တော်က ယူဆပါတယ်။ကျွန်တော့်တို့ အသင်းရဲ့ ကစားပုံကို TV ကနေကြည့်ထားတဲ့သူတွေ၊ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ဖူးတဲ့ သူတွေလည်းပါပါတယ်။

ကျွန်တော် မရှိတော့ရင်တောင် ကစား သမားတွေ က ငွေရေးကြေးရေး ကိစ္စ တွေကြောင့် ဒီအသင်းကို ရောက်လာနေဦးမှာပါပဲ။ ဒါမှ မဟုတ် သူတို့က မန်စီးတီးအတွက် ကစားပေးချင်လို့ ဖြစ်ပါတယ်။
ဒီအသင်းဟာ ကစားသမားတွေအတွက် နေရာဆိုးတခုမဟုတ်ဘူးလို့တော့ကျွန်တော်ထင်ပါတယ်။

ကျွန်တော် ရောက်မလာမီကတည်းက
အသင်းက တည်ငြိမ်မှု ရှိနေပြီး ရှေ့ဆက်နေတာဖြစ်ပါတယ်။ဒီအသင်းတိုးတက်ကောင်းမွန်တာကျွန်တော် တဦးတည်းကြောင့်တော့ မဟုတ်ပါဘူး။အသင်းကို ကူညီပေးနိုင်မယ်လို့ယုံကြည်ရတဲ့ကစားသမားတွေကိုပဲလိုပါတယ် ” လို့ပြောခဲ့ပါတယ်။