“လူတွေရဲ့ အထင် နဲ့ တကယ့်အဖြစ်က ခြားနားနေပါတယ်” – ကော်နာ မက်ဂရီဂေါ် နဲ့ ထိုးသတ်တဲ့ပွဲက အကြောင်းကို ပြန်ပြောပြခဲ့တဲ့ ကောင်းဘွိုင်ကာရုန်း

UFC ဖိုက်တာ ဒိုနယ် ကောင်းဘွိုင် ကာရုန်း ဟာ ပြီး ခဲ့တဲ့ လ တုန်းက နာမည် ကျော် UFC ချန်ပီယံ ဟောင်း ကော်နာ မက်ဂရီဂေါ် နဲ့ ထိုးသတ် ပြီး ပထမ အချီ ရဲ့ ၄၆ စက္ကန့် မြောက်မှာ တင် လဲကျ အရှုံး ပေးခဲ့ ရ ပါတယ် ။ ကောင်းဘွိုင် ဟာ ကော်နာ ကြောင့် နံရိုးကျိုး ခဲ့ရပြီး ဆေးရုံ ကို ချက်ချင်း ပို့ဆောင် ကုသ ခဲ့ရတယ် လို့ သိရ ပါတယ် ။ အဆိုပါ ပွဲ ဟာ ကောင်းဘွိုင် အတွက် အကျိုး အမြတ် ဖြစ်စေ ခဲ့တယ်လို့ ပရိသတ်တွေ ယူဆ ခဲ့ကြပေမယ့် တကယ်တမ်း လက်တွေ့ မှာတော့ ကွဲပြား ခြားနား ခဲ့ပါတယ် ။

ကောင်းဘွိုင် ကာရုန်း ကတော့ သူ ဟာ မက်ဂရီဂေါ် နဲ့ ထိုးသတ် ခဲ့မှု ကနေ ငွေ အနည်းငယ် သာ ရရှိ ခဲ့ပြီး Pay-per-view လို့ ခေါ်တဲ့ ရုပ်သံ ဝင်ငွေ ကို တပြား တချပ်မှ မရရှိ ခဲ့ဘူး လို့ ထုတ် ဖော် ပြောဆို သွားခဲ့ ပါတယ် ။

အမေရိကန် ဖိုက်တာ ရဲ့ Instagram post တစ်ခု အောက် မှာ ပရိသတ် တစ်ဦး ဟာ ကောင်းဘွိုင် အနေနဲ့ မက်ဂရီဂေါ် နဲ့ ထိုးသတ် တဲ့ ပွဲ ကနေ ဒေါ်လာ ၁၀ သန်း လောက် ရသွား မှာပဲ လို့ ဝင်ရောက် ရေးသားခဲ့မှု ကနေ ယခု ဖြစ်ရပ် အစပြု ခဲ့တာ ဖြစ် ပါတယ် ။ ကောင်းဘွိုင် က ပရိသတ် ရဲ့ အဆိုကို တုန့်ပြန် သွားခဲ့ပြီး လူတွေ ထင်မြင်နေတာ တွေ နဲ့ တကယ် ဖြစ်နေတာ တွေ ဟာ ကွာခြားမှု ရှိခဲ့တယ် လို့ ဖွင့်ဟ သွားခဲ့ ပါတယ် ။

“ဟားဟား . . . . ၁၀ သန်း တဲ့လား ၊ ရုပ်သံ လွှင့်ခ ကို ငါ မရခဲ့ ဘူးကွ ၊ တစ်ပြားမှ မရခဲ့တာ ၊ လူတွေ ထင် နေတာ တွေ နဲ့ တကယ် ဖြစ်နေတာ တွေ က လုံး၀ ကို ခြားနား နေတာပဲ ၊ ငါ နည်းနည်းပဲ ရခဲ့ တာပါ” လို့ ဒိုနယ် ကောင်းဘွိုင် ကာရုန်း က ပရိသတ်ရဲ့ ပြောဆို မှု ကို ပြန်လည် ချေပရင်း ရင်ဖွင့် သွားခဲ့ ပါတယ် ။

လာ့စ် ဗေးဂက် မှာ ထိုးသတ် ခဲ့တဲ့ အဆိုပါ ပွဲ ဟာ UFC အကျော် အမော် ကော်နာ မက်ဂရီဂေါ် ရဲ့ ကြိုးဝိုင်း အတွင်း ပြန်လည် ဝင်ရောက် လာတဲ့ ပထမဆုံး ပွဲ ( ခါဘစ် နဲ့ ထိုးသတ်မှု အပြီး ၊ ပွဲပယ် ခံရမှု အပြီး ) ဖြစ်တာ ကြောင့် ပရိသတ် စိတ်ဝင်စားမှု အလွန် မြင့် တက် ခဲ့ ပါတယ် ။

UFC ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ကို Pay-per-view အစီအစဉ် နဲ့ ကြည့်ရှုသူ ၁ သန်း ရှိ ခဲ့တယ် လို့ သိရပြီး ရုပ်သံ လွှင့် ပါတနာ ဖြစ်တဲ့ ESPN+ ကနေ ကြည့်ရှုသူ ကလည်း ၅ သိန်း ကျော် ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါကြောင့် ရုပ်သံ ကနေ ဝင်ငွေ မြောက်များစွာ ရရှိခဲ့တာ သေချာ ပေမယ့် ကောင်းဘွိုင် ကာရုန်း အတွက် တော့ ဘယ်လို အကျိုး အမြတ် မှ မဖြစ်စေခဲ့ ပါဘူး ။

UFC ရဲ့ ထိုးသတ်ကြေး သတ်မှတ်မှု အရ ကောင်းဘွိုင် ကာရုန်း ဟာ ပွဲထိုးကြေး ဒေါ်လာ ၂ သိန်း ရရှိ မယ် လို့ သိရပြီး ကော်နာ ကို အနိုင် ထိုး နိုင်ခဲ့ ပါက အပိုဆု ကြေး ဒေါ်လာ ၂ သိန်း ထပ်မံ ရရှိမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကောင်းဘွိုင် ဟာ တစ်မိနစ် မပြည့်ခင် မှာဘဲ ကော်နာ ကို အရှုံး ပေးခဲ့ရ ပါတယ် ။ ကော်နာ ကတော့ ပုံသေ နှုန်း ( နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ ) အနေနဲ့ ဒေါ်လာ ၃ သန်း ( သိန်း ၃၀ ) ရရှိ မှာ ဖြစ်သလို ရုပ်သံ ကနေ ရတဲ့ အမြတ်ငွေ ကိုလည်း % နဲ့ ရရှိမယ် လို့ သိရ ပါတယ် ။

ကေ်ာနာ မက်ဂရီဂေါ် ဟာ UFC ပြိုင်ပွဲကြီး ရဲ့ အဓိက ကျတဲ့ မင်းသား တစ်ပါး ဖြစ်သလို သူ့ကြောင့် ဒီ ပြိုင်ပွဲ ကို လူတွေ စိတ်ဝင်စားမှု ပိုခဲ့ ရတာ ဖြစ်တယ်လို့ တောင် ဆိုနိုင်ခဲ့ ပါတယ် ။ ဒါကြောင့် ကော်နာ ရဲ့ ထိုးသတ် ပွဲတိုင်း ဟာ ဝင်ငွေ ကောင်းတဲ့ ပွဲတွေ ဖြစ်ခဲ့ပြီး UFC ရော ကော်နာ အပြင် ပြိုင်ဘက်တွေ ပါ အကျိုး အမြတ် ဖြစ်စေခဲ့ ပါတယ် ။

၂၀၁၅ ခုနှစ် တုန်းက စီစဉ် ထားပြီး ပျက်ပြယ် ခဲ့တဲ့ ခါးပတ်ပွဲစဉ် အပြီး မှာ ကော်နာ မက်ဂရီဂေါ် ပြောခဲ့တဲ့ စကား တစ်ခွန်း ကတော့ သူ ဟာ ဒီ ပြိုင်ပွဲကြီး မှာ ဘယ်လောက် အရေးပါပြီး သူနဲ့ ထိုးသတ် ရတဲ့ ပွဲတွေ ဟာ ဘယ်လောက် အဖိုး ထိုက်တန် ကြောင်း ကို အသိပေး လိုက် သလို ဖြစ်ခဲ့ ပါတယ် ။

“ငါ မင်း ကို ချမ်းသာ အောင် လုပ်ပေးနိုင်တယ် ၊ မင်းရဲ့ နုံချာ နေတဲ့ ဘ၀ ကို ပြောင်းပေး နိုင်တယ် ။ ငါ နဲ့ ထိုး ရတယ် ဆိုတာ မင်း အတွက် အောင်ပွဲ တစ်ခုပဲ ၊ စာချုပ် မှာ လက်မှတ် ထိုး လိုက်တာ နဲ့ မင်း အောင်ပွဲ ခံ လို့ ရသွားပြီး ၊ အိမ်ကို ပြန်ပြေးပြီး မိန်းမ ကို – အချစ်ရေ . . . ငါ ကော်နာ နဲ့ ပွဲ စီစဉ် လိုက်ပြီ ၊ ငါတို့ ချမ်းသာတော့ မယ်၊ မင်း ဒီလို အနွမ်းအဖတ်လေးတွေ ဝတ်စရာ မလိုတော့ဘူး – လို့ အားရ ပါးရ ပြောလို့ ရတယ်ဆိုတာ ငါ အာမခံနိုင်တယ်” ဆိုတဲ့ စကားကို ကော်နာ မက်ဂရီဂေါ် က ရာဖေး ဒေါ့စ် အန်ဂျိုစ့် ကို ပြောဆို ကြိမ်းမောင်း ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ကော်နာ မက်ဂရီဂေါ် ဟာ လာမယ့် ဧပြီလ ၁၈ ရက်နေ့ မှာ ထိုးသတ်မယ့် ခါဘစ် နူမာ ဂိုမီဒေါ့ နဲ့ တိုနီ ဖာဂူဆန် တို့ ရဲ့ ပွဲစဉ် ကနေ အနိုင် ရရှိ လာသူ နဲ့ ထိုးသတ် သွားဖွယ် ရှိတယ် လို့ UFC ဥက္ကဌ ဒါနာ ဝှိုက် က ထုတ် ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ပရိသတ်တွေ ကတော့ ကော်နာ အရှုံးပေး ခဲ့ရတဲ့ ခါဘစ် နဲ့ ပြန်ပြီး မကြေပွဲ ထိုးသတ် စေလို ကြတယ်လို့ သိရ ပါတယ် ။