အသင်းကို လမ်းကြောင်းအမှန်ပေါ် ရောက်ရှိနိုင်ဖို့ ဘယ်သူ ကူညီပေးနိုင်မလဲ ဆိုတာ ပြောကြားလိုက်တဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ ဘောလုံး ရာသီ အတွင်း ရလဒ် တွေ ဆက်တိုက် မတည်မငြိမ် ဖြစ်နေ ခဲ့ရပြီး အနိမ့် အမြင့် အတက် အကျ တွေ များ နေခဲ့ ရတဲ့ အတွက် ဝေဖန် မှုတွေ များစွာ ကို ခံနေခဲ့ ရတဲ့ အသင်း ပဲ ဖြစ်ခဲ့ရ ပါတယ် ။

ဒီအတွက် ပရိသတ် တွေ ကတော့ ဆိုးလ်ရှား ရဲ့ နည်း စနစ် ၊ ကစားသမား တွေရဲ့ အရည် အသွေး ၊ ပေါ့ဂ်ဘာ ဒဏ်ရာ ကြောင့် မပါဝင် နိုင်မှု ၊ ကွင်းလယ်ပိုင်း ဖန်တီး နိုင်မှု အားနည်း နေခြင်း ၊ တိုက်စစ် ကစားသမား တွေ အဆုံးသတ် မသေချာ မှု တွေကို ကိုယ်စီ အပြစ်တင် ဝေဖန် ခဲ့ကြ ပါတယ် ။

ဒီ ကြားထဲ အသင်း ရဲ့ ဘုတ် အဖွဲ့ဝင် တွေဟာ ဘောလုံး အား ကစား ဖက်ကို အလေး မထား ကြမှု ၊ စီးပွားရေး လုပ်ငန်း တွေဖက် ကိုသာ အောင်မြင်ဖို့ ဦးစား ပေးနေ ခဲ့မှု တွေဟာ လည်း တစ်ဖက် တစ်လမ်း က ဝေဖန် အပြစ်တင် စရာ ဖြစ်သွား ခဲ့ရ ပါ သေးတယ် ။

ဒါပေမယ့် ခြုံငုံ ကြည့်ရှု လိုက်မယ် ဆိုရင် ပြီးခဲ့တဲ့ 7 နှစ်တာ အချိန် ကာလ အတွင်း မှာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အပြောင်း အရွှေ့ ကာလ အတွင်း သုံးစွဲ စရိတ် က အခြား အသင်း တွေထက် အတော်လေး များပြား နေခဲ့ တာကို မြင်တွေ့ နိုင်ပါ လိမ့်မယ် ။

တစ်ကယ်တမ်း မှာတော့ ယူနိုက်တက် ဂန္ဓဝင် ဆာ အဲလက်စ် ဖာဂူဆန် ထွက်ခွာ သွားတဲ့ အချိန် ယူနိုက်တက် အသင်း မှာ အသက်အရွယ် ကြီးတဲ့ သူနဲ့ ခြေစွမ်း ကျဆင်း နေတဲ့ ကစားသမား တွေ များပြား နေခဲ့ ခြင်းက အဓိက ပြသနာ တစ်ရပ် က ဖြစ်ခဲ့ရ ပါတယ် ။

ဒါ့အပြင် နည်းပြသစ် ဖြစ်လာ ကြတဲ့ ဒေးဗစ် မိုယက်စ် နဲ့ လူးဝစ် ဗန်ဟားလ် တို့ ခေါ်ယူ ခဲ့ ကြတဲ့ ကစားသမား အများစု ကလည်း သာမန် ထက် အနည်းငယ် မျှသာ ပိုကောင်း တဲ့ ကစားသမားတွေ များပြား ခဲ့ခြင်း ကလည်း နောက်ပိုင်း ယူနိုက်တက် ကို ကိုင်တွယ် ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို ကို အခက် တွေ့စေ ခဲ့ ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က အသင်းကို ချန်ပီယံ လိဂ် ဝင်ခွင့် ပြန်လည် ရရှိ စေဖို့ အတွက် စိတ်အား ထက်သန် နေကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒီ အတွက် ရင်ဆိုင် ရမယ့် အခက်အခဲ တွေကို လည်း ကျော်ဖြတ် သွားဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” အကယ်လို့ လူတွေ အားလုံး ဆီမှာ ဆု ဖလား အောင်မြင်မှု တွေ ရယူ နိုင်ဖို့ ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ဖို့ ရည်မှန်းချက် ကိုယ်စီ ရှိနေ ကြမယ် ဆိုရင် ကျွန်တော် တို့ဟာ ရှိနေ သင့်တဲ့ နေရာ တစ်ခု ဆီကို ရောက်ရှိ နိုင်ပါ လိမ့်မယ် ။ ရှိနေ သင့်တဲ့ နေရာ ဆိုတာ က မန်ချက်စတာ ယူနိုက်တက် အသင်း အမြဲလို ရှိခဲ့ ဖူးတဲ့ နေရာ တစ်ခု ပေါ့ဗျာ ” လို့ ဖရက်ဒ် က ပြောကြား သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် တော့ ဒီ ရာသီ အတွင်း ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ နိုင်ရေး အတွက် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ၊ ဒါမှ မဟုတ် ယူရို ပါလိဂ် ဖလား ဆွတ်ခူး နိုင်ဖို့ က အရေး ပါတဲ့ လမ်းကြောင်း အဖြစ် ရှိနေ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် အသင်း ရဲ့ ဒီ ရာသီ အတွင်း ခြေစွမ်း မတည်ငြိမ် ခဲ့မှု တွေက ချန်ပီယံ လိဂ် ဝင်ခွင့် ရရှိ စေရေး အတွက် အခြေအနေ ကောင်းနိုင် မလား ဆိုတဲ့ မေးခွန်း ထွက်ပေါ် စေခဲ့ ပါတယ် ။ ဒါပေမယ့် ဖရက်ဒ် ကတော့ ဒါကို နည်းပြ ဆိုးလ်ရှား က ကူညီ ပေးနိုင် မှာ ဖြစ်ကြောင်း ၊ သူ့ကို အချိန် ပေးဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

” သူ ( ဆိုးလ်ရှား ) ဟာ ခမ်းနားတဲ့ လူသား တစ်ဦး ဖြစ်သလို ခမ်းနားတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါဟာ သူ့ အတွက် အလုပ်သစ် တစ်ခု ဖြစ်သလို သူဟာ ငယ်ရွယ် သေးတဲ့ နည်းပြ တစ်ဦး ပါပဲ ။ ဒါ့ကြောင့် ရလဒ် ပိုင်းမှာ အနိမ့် အမြင့် အတက် အကျ တွေကို ခံစားနေ ရတာ ပါ ”

” ဒါကို နည်းပြ တိုင်း ကြံုတွေ့ ကြရ သလို ကစားသမား တိုင်းလည်း ခံစား ခဲ့ဖူး ကြ ပါတယ် ။ ဒါပေမယ့် သူဟာ တိုးတက် ကောင်းမွန် အောင် လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ သူဟာ ရှေ့ဆက် တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ရင်း အသင်း ကို ရှိနေ သင့်တဲ့ နေရာ ကို ရောက်စေ ဖို့ ကူညီ ပေးနိုင် လိမ့်မယ် လို့ ကျွန်တော် ယုံကြည် နေ ပါတယ် ” လို့ ဖရက်ဒ် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar