ရလဒ်တွေ မတည်ငြိမ်နေတဲ့ တပည့်ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်း အပေါ် မှတ်ချက် ပေးလိုက်တဲ့ #မော်ရင်ဟို

ယနေ့ည မှာ Super Sunday ပွဲကြီးပွဲကောင်း အဖြစ် လန်ဒန် မြို့ခံ ကလပ် ၂သင်း ဖြစ်တဲ့ တော့တင်ဟမ် နဲ့ ချယ်လ်ဆီး အသင်း တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားတော့မှာ ဖြစ်ပါတယ် ။ လက်ရှိ ရပ်တည်မှု နဲ့ ရမှတ် ကွာခြားချက် အရ တသင်း နဲ့ တသင်း သိပ်မကွာခြားတဲ့ အပြင် ၊ ဆရာ တပည့် ဖြစ်ကြတဲ့ မော်ရင်ဟို နဲ့ လမ်းပတ် တို့ရဲ့ တဖန် ထိပ်တိုက် တွေ့ဆုံမှာ ဖြစ်လို့လည်း စိတ်ဝင်စားစရာ ပိုလို့ ကောင်းလာပါတယ် ။

လက်ရှိ မှာ ချယ်လ်ဆီး နဲ့ တော့တင်ဟမ် တို့ဟာ အဆင့် ၄ နေရာ အတွက် အဓိက ထား ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ၊ အခုလို အချင်းချင်း ထိပ်တိုက် ရင်ဆိုင်ရမှု ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တမျိုးတဖုံ အဆုံးအဖြတ် ပေးသွားနိုင်ပါတယ် ။ နောက်ပိုင်း နှစ်တွေ မှာ ချယ်လ်ဆီး နဲ့ တော့တင်ဟမ် တို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ၊ ချန်ပီယံဆု အတွက် ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန် ခဲ့တာ ကို တွေ့ရသလို ၊ အခု အခါမှာလည်း ၄င်းတို့ ၂သင်း ဟာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အနီးကပ် ပြိုင်ဖက် တွေ အဖြစ် ရှိလို့ နေပါတယ် ။

ယနေ့ ညမှာ ပြိုင်ဖက် အဖြစ် ပြန်လည် ရင်ဆိုင်ရမယ့် ဖရန့် လမ်းပတ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ဟာ ပြီးခဲ့တဲ့ ရာသီ ၊ ကာရာဘောင် ဖလား မှာ တကြိမ် ရင်ဆိုင် ခဲ့ဖူးပြီး ၊ ဒါဘီ အသင်း ကို ကိုင်တွယ် ခဲ့တဲ့ လမ်းပတ် က မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကိုင်တွယ် ခဲ့တဲ့ မော်ရင်ဟို ကို ပင်နယ်တီ အဆုံးအဖြတ် မှာ အနိုင် ရရှိခဲ့ပါတယ် ။ သို့ပေမယ့် လည်း လတ်တလော စွမ်းဆောင်ရည် နဲ့ ရလဒ် အရ လမ်းပတ် အတွက် အနုတ် လက္ခဏာ ဆောင်နေခဲ့ပါတယ် ။

ယင်းနှင့် ပတ်သက်ပြီး မော်ရင်ဟို က ” ဒီလို ကိစ္စမျိုး ဟာ လူတိုင်း မှာ ဖြစ်တတ်ပါတယ် ။ ကမ္ဘာ ပေါ်မှာ အတော်ဆုံး မန်နေဂျာ က ဘယ်သူလဲ ဆိုတာ ခင်ဗျား တို့ သိလား ? တပွဲမှ မရှုံးတဲ့ သူ ဖြစ်ပါတယ် ။ အဲ့ဒီ မန်နေဂျာ ကသာ အတော်ဆုံး ဖြစ်ပါတယ် ။ ခင်ဗျား ဟာ မန်နေဂျာ တယောက် ဖြစ်မယ် ၊ မန်နေဂျာ လောက ထဲကို ဝင်ရောက် လာမယ် ဆိုရင် ရှုံးပွဲ တွေနဲ့ ကြုံတွေ့ ရပါမယ် ။ ခက်ခဲတဲ့ အခိုက်အတန့် တွေနဲ့ ရင်ဆိုင်ရပါမယ် ။ ”

” ဒါပေမယ့် ဒါဟာ မန်နေဂျာ တယောက် ရဲ့ ပုံမှန် လမ်းကြောင်း ဖြစ်နေပါပြီ ။ ကျွန်တော် ဆိုရင် ဒီ အတွေ့အကြံု တွေကို ၂၀၀၀ ခုနှစ် ကတည်းက ရခဲ့တာ ဖြစ်ပါတယ် ။ ဖရန့် ကတော့ ဒီ အတွေ့အကြံု တွေကို မနှစ် ကမှ ရခဲ့တာပါ ။ ပြီးခဲ့တဲ့ ရာသီ ၊ play-off ဗိုလ်လုပွဲ မှာ ရှုံးနိမ့်ခဲ့တုန်း က သူ ဘယ်လို နာကျင် ခံစား ခဲ့ရမယ် ဆိုတာ ကျွန်တော် နားလည် မိပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာတော့ သူဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ အံ့သြဖွယ် စွမ်းဆောင်ရည် တွေ ပြသ ထားပြီးပါပြီ ။ ”

” အသင်း ကို ချန်ပီယံလိဂ် နောက်တဆင့် ကိုလည်း ပို့ဆောင် ပေးခဲ့ပြီးပါပြီ ။ အခု အချိန် မှာ သူကိုင်တွယ် နေတဲ့ အသင်း ဟာ အရမ်း ခက်ခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ အဆင့် ၄ နေရာ မှာ ရပ်တည် နေပါတယ် ။ ဒါကြောင့်မို့ သူ အဆင်ပြေနေတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး မော်ရင်ဟို က လမ်းပတ် ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ ထင်ထားတာထက် ပို စွမ်းဆောင် ပြနေပြီလား ဆိုတဲ့ အမေး ကို အခုလို ပဲ တုန့်ပြန် ပြောဆို ခဲ့ပါတယ် ။

မော်ရင်ဟို က ” ကျွန်တော် မသိပါဘူး ။ ဒီမေးခွန်း ဟာ ကျွန်တော် နဲ့ သက်ဆိုင်တဲ့ မေးခွန်း လည်း မဟုတ်ပါဘူး ။ ဒါကြောင့်မို့ ခင်ဗျား တို့ကို ကျွန်တော် ဘယ်လို ဖြေပြရမလဲ မသိပါဘူး ။ ကျွန်တော် သိတာ တခု က သူဟာ အလားအလာ ကောင်းတွေ ရှိနေတဲ့ မန်နေဂျာ တဦးပါ ။ အခု သူ ပိုင်ဆိုင် ထားတဲ့ လူငယ် ကစားသမား တွေဟာ အင်္ဂလန် ရဲ့ အကောင်းဆုံး တွေထဲက ဖြစ်ပါတယ် ။ ဒါ့အပြင် သူဟာ အတွေ့အကြံု ရင့်ကျက်တဲ့ ထိပ်တန်း ကစားသမား တချို့ ကိုလည်း ပိုင်ဆိုင် ထားပါတယ် ။ ”

” ရူဒီဂါ ၊ ကန်တေ ၊ ဝီလီယံ ၊ အလွန်ဆို တို့ဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး စာရင်းဝင် တွေ ဖြစ်ကြပါတယ် ။ အသင်း က လူငယ် ကစားသမား တချို့ ကို ကြည့်ရင် လက်ရွေးစင် အသင်း မှာပါ ကစားခွင့် ရနေကြပါပြီ ။ သူတို့ ဘာကြောင့် စွမ်းဆောင်ရည်ကောင်း တွေကို ရရှိခဲ့လဲ ဆိုတာ ကျွန်တော် လုံးဝ မအံ့သြမိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR