အာဆင်နယ် ကစားသမား ငါးဦးကို ရောင်းထုတ်ဖို့ အာတီတာ ကို တိုက်တွန်းလိုက်တဲ့ ကက်စ်ကာရီနို

ချဲလ်ဆီး အသင်း ကစားသမားဟောင်း ကက်စ်ကာရီနို က အာတီတာ အနေနဲ့ အာဆင်နယ် အသင်း နည်းပြ ဖြစ်လာပါက အသင်း ခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်း အပါအဝင် ကစားသမား ငါးဦးလောက်ကို ရောင်းထုတ် သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

ဒီရာသီမှာ အာဆင်နယ် အသင်းဟာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေတာကြောင့် ဖရန့်ဖတ် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ် ခဲ့ပြီး ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြ ယွန်းဘတ် ကို တာဝန် ပေးအပ် ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ယွန်းဘတ် လက်အောက်မှာ အာဆင်နယ် အသင်းဟာ ရလဒ်ပိုင်း တိုးတက် ကောင်းမွန်လာခြင်းတော့ မရှိပါဘူး ။ ဒါကြောင့် အသင်း တာဝန် ရှိသူတွေဟာ အမြဲတမ်း နည်းပြ အဖြစ် အမြန်ဆုံး ခန့်အပ်ဖို့ ကြိုးစားလာခဲ့ကြပြီး ဂွာဒီယိုလာ လက်အောက်မှာ လုပ်နေတဲ့ အာတီတာ နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပြီး မနက်ဖြန် သောကြာနေ့မှာ တရားဝင် ကြေညာမှု ပြုလုပ် သွားဖွယ် ရှိနေပါတယ် ။

အာဆင်နယ် နဲ့ အာတီတာ တို့ဟာ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး တစ်နှစ် လစာ ပေါင် ၅ သန်း ပေးချေ သွားမှာ ဖြစ်ကာ မန်စီးတီး အသင်း ကနေ အာတီတာကို ခေါ်ယူ ခဲ့တဲ့ အတွက် အာဆင်နယ် တို့ လျှော်ကြေးငွေ ပေါင် ၂ သန်း ပေးချေသွား ရမယ်လို့လည်း သိရပါတယ် ။

ချဲလ်ဆီး ကစားသမားဟောင်း ကက်စ်ကာရီ ကတော့ The Times မှာ အာတီတာ အနေနဲ့ ကစားသမား ငါးဦးလောက်ကို ရောင်းထုတ် သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။ ” သူ(အာတီတာ အရင်ဆုံး ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုက စီနီယာ ကစားသမားတွေရဲ့ ဆန့်ကျင်မှုပါ ။ ”

” ကျွန်တော် အက်စတွန်ဗီလာ အသင်းမှာ ကစားစဉ်တုန်းက နည်းပြသစ် ဖြစ်လာတဲ့ ရွန်အက်ကင်ဆန် က မင်းအတွက် ငါ ဆဲလ်တစ် အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူပြီးပြီလို့ ပြောတာကို သတိရမိပါတယ် ၊အာတီတာလည်း ဒီလိုပဲ လုပ်သင့်ပါတယ်။ အရင်ဦးဆုံး အူဘာမီယန်း ၊ လာကာဇက် ၊ ဒေးဗစ်လူးဝဇ် ၊ မီဆွတ်အိုဇေးလ် ၊ မူစတာဖီ တို့နဲ စရမှာပါ ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး ကက်စ်ကာရီနို က အာတီတာ အနေနဲ့ အာဆင်နယ် နည်းပြ ဘဝ ပထမဆုံး ခေါ်ယူမှု အဖြစ် ရာသီကုန်ရင် မန်ချက်စတာစီးတီး အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ် ဖာနန်ဒင်ဟို ကို ခေါ်ယူသင့်ကြောင်းလည်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

စပိန် ကွင်းလယ်လူဟောင်း အာတီတာ ဟာ အာဆင်နယ် အသင်းမှာ ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၀ ကျော် ကစား ပေးခဲ့ပါတယ် ။၂၀၁၆ ခုနှစ် နွေရာသီ မှာတော့ အာတီတာ ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ ခဲ့ပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ လက်ထောက် အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ် ။

SPORTS MYANMAR