လီဗာပူး နဲ့ အာဆင်နယ်တို့ကြား အသင်း သားတွေရဲ့ အနိုင်ရလိုစိတ်ပြင်းပြမှုအကြောင်းကိုနှိုင်း ယှဉ်ပြလိုက်တဲ့ #ချိန်ဘာလိန်

လီဗာပူး အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ချိန်ဘာလိန်က လက်ရှိ သူ့အသင်းရဲ့ အနိုင်ရလို စိတ်ပြင်းပြ လွန်းမှုကို အသင်းဟောင်း အာဆင်နယ်မှာ ရှိစဉ်က တခါမှ မခံစား ခဲ့ရဖူး လို့ ဝန်ခံသွားခဲ့ပါတယ်။ချိန်ဘာလိန်ဟာ အာဆင်နယ်အသင်းမှာ ကာလရှည်ဖြတ်သန်းခဲ့တဲ့ ကစားသမားတဦး့ဖစ်ပြီး ဒဏ်ရာပြသနာအချို့အပါအဝင် အခြား အဆင်မပြေမှုတွေကြောင့် စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ သြဂုတ်လ အတွင်းမှာ လီဗာပူး နဲ့ ၅နှစ် စာချုပ်ချုပ်ဆို ခဲ့ပြီး အန်ဖီးလ်မြေ အဖွင့်ပွဲစဉ်ကတော့ထင်သလောက် မလှပခဲ့တဲ့တာ ဖြစ်ပါတယ်။သူဟာ မန်စီးတီး အသင်းကို ၅ဂိုးပြတ် အရေးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ လီဗာပူး အတွက် ပထမဆုံး အဖြစ် လူစားဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူဟာ လီဗာပူး အသင်းနဲ့ အတူ အောင်မြင်တဲ့ ကာလ တွေကို ဖြတ်သန်းခွင့် ရဖို့နီးစပ်နေပြီး ဆုဖလားအောင်မြင်မှုတွေက မဝေးတော့တာဖြစ်ပါတယ်။ယမန်နှစ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့်လည်း သူ့ရဲ့ လီဗာပူး အသင်းဟာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရနေပြီး ယနေ့ညမှာ မွန်တာရေး အသင်းနဲ့ ဆီမီးဖိုင်နယ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ သူ့အသင်းဟောင် အာဆင်နယ်ထက် လက်တလော အတော်လေးသာလွန်နေတာဟာ တိုက်ဆိုင်တာမျိုးမဟုတ်ဘူးလို့ ချိန်ဘာလိန် က ယူဆနေပါတယ်။Telegraph သတင်းစာနဲ့ အင်တာဗျူးမှာ ချိန်ဘာလိန်က-

” ကျွန်တော်တို့ဟာ ပွဲတွေကို သွားကစား တဲ့ နေရာမှာ နိုင်ပွဲရမယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကစားပါတယ်။ အခြား အရာတွေ ဖြစ်လာရင်တော့ ကျွန်တော်တို့ စိတ်ပျက်သွားကြပါတယ်။ကျွန်တော်ဟာ ကစားသမား ဘဝမှာ အဝေးကွင်း ပွဲတွေကိုအနိုင်ရမယ်ဆိုတဲ့ ရာနှုန်းပြည့် ယုံကြည်ချက်မျိုးနဲ့ သွားမကစားဖူးပါဘူး။

ဒါပေမယ့် ဒီအသင်းနဲ့ အတူရှိနေချိန်မှာတော့ ကျွန်တော် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အများကြီးရရှိပါတယ်။ကျွန်တော်တို့ဟာ ဒီအသင်းမှာ ခံယူထားတာကတော့ Plan A အတိုင်း အလုပ်မဖြစ်ဘူးဆိုရင် အဲ့ဒီကစားသမားတွေက ကွင်းပြင်ကို ထွက်လာသင့်တယ်ဆိုတဲ့ အတွေး အခေါ်မျိုးဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ကစားသမား ဘဝမှာဖြတ်သန်းခဲ့ဖူးတဲ့ အသင်းဟောင်းတွေ အကြောင်းပြောဆိုရာမှာတော့ ချိန်ဘာလိန်က – ” ကျွန်တော်ဟာ ဘဝမှာ အံ့မခန်းအသင်းတွေ မှာ ရှိခွင့်ရခဲ့ပြီး ကြီးကျယ်တဲ့ အမှတ်တရတွေ ပိုင်ဆိုင်နိုင် ခဲ့ပါတယ်။

ပိတ်ရက်တွေအပြီး အဝေးကွင်းပွဲတွေ ပြန်ကစား ရတဲ့ အခါမှာလည်း ရလဒ်ကောင်းတွေရရှိတတ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ အခြေခံ သဘောတရားတွေ နိယာမ တွေအတိုင်း လိုက်နာ ကစားလို့ဖြစ်ပါတယ်။

ဒီအသင်းရဲ့ နိုင်ပွဲဆာလောင်စိတ် ရှိတဲ့ ယဉ်ကျေးမှုက တသင်းလုံးမှာ ဖြတ်သန်းစီးဆင်းနေပါတယ်။ဟန်ဒါဆန်၊ မေလ်နာ၊ အဒမ်၊ ဗန်ဒိုက်တို့လို ခေါင်းဆောင်ပိုင်းကနေ ကျွန်တော်တို့ အထိ တသင်းလုံးရဲ့ ဦးစားပေး အရာက အသင်း ကို အနိုင်ရယူပေးဖို့ဖြစ်ပါတယ်။

ကျွန်တော်ဟာ ကျောက်ဆောင်တွေကြားမှာ ပိတ်မိနေတဲ့သူ မဟုတ်လို့ လူတွေ ဘယ်လိုပြောကြတယ် ၊ ဘယ်လို ခန့်မှန်းတယ်ဆိုတာတွေကိုုပြန်ကြားရပါတယ်။အရာရာအဆင်မပြေဖြစ်တဲ့ အခိုက်အတန့်မျိုးတွေလည်းရှိနိုင်ပေမယ့် ကိုယ့်အသင်းရလဒ်ကောင်းဖို့ပဲ အာရုံစိုုက်သွားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ တသင်းလုံး အနေနဲ့ ဒီလို အခိုက်အတန့်တွေကို ဘယ်လိုရင်ဆိုင်
ရမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကလည်း အသင့်ဖြစ်နေပါပြီ။ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ အားလုံးမြင်ရပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။