လီဗာပူး ရဲ့ အရင်တုန်းက Club World Cup ပြိုင်ပွဲတွေမှာ ဘာတွေ ဖြစ်ပျက်ခဲ့ကြသလဲ ?

လီဗာပူး အသင်း ဟာ မနက် ဖြန် ည မှာ ၂၀၁၉ ခုနှစ် ရဲ့ ကလပ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ် အဖြစ် မက္ကဆီကို ကလပ် မွန်တာရီ အသင်းနဲ့ ယှဉ်ပြိုင် ကစား ရတော့ မှာ ဖြစ် ပါတယ် ။ ဒါဟာ လီဗာပူး အတွက် စတုတ္ထ အကြိမ် မြောက် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ပါဝင် ရခြင်း ဖြစ်ပြီး ရှေ့ ၃ ကြိမ် တုန်းက အောင်မြင်မှု မရရှိ ခဲ့ ပါဘူး ။ ဒီ တစ်ကြိမ် မှာတော့ ယာဂင် ကလော့ နဲ့ လီဗာပူး အသင်းသားတွေ ဟာ ပထမဆုံး အောင်မြင်သူတွေ အဖြစ် ကဗျည်း ရေးထိုးဖို့ စိတ်အား ထက်သန် နေကြပါပြီ ။

လီဗာပူး ဟာ ၁၉၈၁ ခုနှစ် မှာ ကလပ် ကမ္ဘာ့ ဖလား ( ထိုစဉ် က အင်တာ ကွန်တီ နင်တယ် ဖလား ) ပြိုင်ပွဲ ကို စတင် ယှဉ်ပြိုင် ခဲ့ ပါတယ် ။ အဆိုပါ နှစ် မှာ ဘရာဇီး ကလပ် ဖလာမန်ဂို ကို အရေးနိမ့် ခဲ့ သလို နောက် ၃ နှစ် အကြာ မှာလည်း အင်ဒီပန်ဒီယန်တီ ကို ဖိုင်နယ် မှာ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

၂၀၀၅ ခုနှစ် မှာတော့ အစ္စတန်ဘူလ် အောင်ပွဲ နဲ့ အတူ စတီဗင် ဂျရတ် ဦးဆောင်တဲ့ လီဗာပူး အသင်း ဟာ မရဖူး သေးတဲ့ အောင်မြင်မှု အတွက် စိတ်အား ထက်သန်စွာ ပြင်ဆင် လာခဲ့ ပါတယ် ။ ဒါပေမယ့် ဖိုင်နယ် မှာ ဘရာဇီး ကလပ် ဆန်းတိုစ့် ကို ရှုံးနိမ့် ခဲ့ပြီး ကမ္ဘာ့ ချန်ပီယံ ဖြစ်ရေး နဲ့ ဝေးကွာခဲ့ရ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ စတုတ္ထ အကြိမ် အခွင့်အရေး ရလာဖို့ ၁၅ နှစ် စောင့်ဆိုင်း ခဲ့ရ ပါတယ် ။

ယခုနှစ် ပြိုင်ပွဲ မစတင် ခင် မှာတော့ ယခင် ပြိုင်ပွဲတွေ မှာ ပါဝင် ခဲ့ဖူးတဲ့ လီဗာပူး အသင်းသား ဟောင်းတွေ ဟာ သူတို့ ဘာတွေ ဖြစ်ခဲ့ကြတယ် ၊ ဘယ်လို အခက် အခဲ တွေ ရင်ဆိုင် ကြုံတွေ့ ခဲ့ရတယ် ဆိုတာ တွေကို ဝိုင်းဖွဲ့ ပြီး ပြန်ပြောင်း နှောင်းဖွဲ့ ခဲ့ကြ ပါတယ် ။

ဒီ စကားဝိုင်း မှာတော့ ၁၉၈၁ ကလပ် ကမ္ဘာ့ ဖလား ( အင်တာ ကွန်တီနင်တယ် ဖလား ) ပြိုင်ပွဲ ကို ပါဝင် ခဲ့ဖူး တဲ့ မက် လော်ရင်ဆန် ( လော်ရိုး ) ၊ ၁၉၈၄ အသင်း က ဂယ်ရီ ဂီလက်စ်ပီ နဲ့ ၂၀၀၅ ခုနှစ် ပြိုင်ပွဲဝင် လီဗာပူး အသင်းသား ဟောင်း ပီတာ ခရော့ချ် တို့ ပါဝင်ခဲ့ကြပြီး သူတို့ အချိန်တွေ တုန်းက အတွေ့ အကြုံ တွေကို ပြန်လည် မျှဝေ ခဲ့ကြ ပါတယ် ။

၁ ။ မက် လော်ရင်ဆင်
ဖလာမန်ဂို ၃ – ၀ လီဗာပူး
ဒီဇင်ဘာ ၁၃ ၊ ၁၉၈၁ ခုနှစ် ၊ တိုကျို

“စိတ်ထဲမှာ ထင်ထင်ရှားရှားကြီး မှတ်မိနေတာ ကတော့ ကျွန်တော်တို့ အဲ့ဒီကို ( ဂျပန်ကို ) မသွားချင် ခဲ့ကြဘူး ဆိုတာ ပါပဲ ။ ကျွန်တော်တို့ ဆိုတာ လီဗာပူး ကစား သမားတွေ ပါ ။ ဒီ ခရီးစဉ် အတွက် ဘာအကျိုး အမြတ် မှ ရမယ် လို့ စာချုပ် ထဲ မှာ မပါခဲ့ သလို ကလပ် ဘက်ကလည်း ပေးဖို့ အစီအစဉ် မရှိခဲံ ပါဘူး ။ ဒါကြောင့် အငြင်း အခုန်တွေ ဖြစ်ပြီး ဖြေရှင်း ခဲ့ရ ပါတယ်”

“နောက်ပြီး စီစဉ်မှုတွေ ကလည်း အဆင်မပြေ ခဲ့ ပါဘူး ။ အင်္ဂါနေ့ ည မှာ အာဆင်နယ် နဲ့ လိဂ် ဖလား ပွဲ ကို ကစားပြီး တာနဲ့ ဟိသရိုး ( လေဆိပ် ) ကို တန်းပြေးခဲ့ရ တာပါ ။ နောက်ပြီး အဲ့ အချိန် တုန်းက ရုရှ တွေ ဟာ သူတို့ရဲ့ လေပိုင်နက် ပေါ်ကနေ ဖြတ်ပျံခွင့် မပေးခဲ့ပါဘူး ။ ဒါကြောင့် ကမ္ဘာ့ အရှေ့ ခြမ်း ခရီးစဉ် အတွက် အနောက် အရပ် ကို ပျံသန်း ခဲ့ရ ပါတယ်”

“ကျွန်တော်တို့ နဲ့ အတူ ပါလာတဲ့ FA က တတ် ကရွတ်ကာ ကတော့ စိတ်အေးအေး ထားပြီး ၉ နာရီ ကြာမယ့် ဒီ ခရီးကို ဖျော်ရည်လေး ဘာလေး သောက်ပြီး အဆင်ပြေပြေ ပြီးမြောက် သွားမှာပါ လို့ ပြောတာကို မှတ်မိ ပါသေးတယ် ။ ဒါပေမယ့် တကယ်တော့ ဒီလို မဟုတ်ပါဘူး”

“ခရီးပန်းမှု ဟာ ဂျပန်ကို ရောက်တဲ့ အချိန် မှာ ဆိုးဆိုးရွားရွား ကို ဖြစ်လာခဲ့ ပါတယ် ။ တိုကျိုတာဝါပေါ်မှာ ကျွန်တော်တို့ နေခဲ့ ပါတယ် ၊ ဘယ်သူမှ အိပ်လို့ မရခဲ့ သလို အချို့ဆိုရင် အပြင်တွေ ဘာတွေတောင် ထွက်သွား ခဲ့ကြ ပါတယ် ။ ပွဲ အတွက် ပြင်ဆင်မှု ဆိုတာ ဘာမှ မရှိခဲ့ ပါဘူး”

“ဖလာမန်ဂို က ကျွန်တော်တို့ ထက် ၁၀ ရက် တောင် စောပြီး ဂျပန် ကို ရောက်နေ ခဲ့တာပါ ။ ပြီးတော့ ကွင်းက လည်း သဲ ထူ ပါတယ် ။ ဒါပေမယ့် ဘရာဇီးသားတွေ ရဲ့ အစွမ်းကို မြင်ရချိန် မှာတော့ အားလုံး မင်သက် ခဲ့ရတာ ကို ဝန်ခံ ပါတယ် ။ ဇစ်ကို ဟာ အားလုံးကို WOW ဆိုဖြစ်သွားအောင် စွမ်းဆောင်ပြ နိုင်ခဲ့တာပါ ။ ကျွန်တော်တို့ ထိုက်ထိုက် တန်တန် ရှုံးနိမ့် ခဲ့ပါတယ်”

“အပြန် ခရီးကလည်း အသွားတုန်းက နဲ့ မခြား ပါဘူး ။ ဟိသရိုး မှာ နှင်းတွေ အရမ်းကျ နေလို့ ဘာမင်ဂမ် မှာ ဆင်းပြီး ကားစီးလာ ခဲ့ရ ပါတယ် ။ ၆ နာရီ လောက် ထပ် ကြာသွားခဲ့ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ကလပ် ကမ္ဘာ့ ဖလား ကတော့ အမှတ်ရစရာ ပါပဲ ။ ဒါကို မရခဲ့လို့လည်း နောင်တ ရမိပါတယ်”

၂ ။ ဂယ်ရီ ဂီလက်စ်ပီ
လီဗာပူး ၀ – ၁ အင်ဒီပန်ဒီယန်တီ
ဒီဇင်ဘာ ၉ ၊ ၁၉၈၄ ၊ တိုကျို

“မက် လော်ရင်ဆန် ဒဏ်ရာ ရသွားတာ ဟာ ကျွန်တော့ ကို ဒီပွဲ မှာ ဝင်ကစား ဖို့ ဖြစ်လာ စေခဲ့ ပါတယ် ။ တိုကျို ကို အကြာကြီး လေယာဉ်စီး ခဲ့ရလို့ သူ့ရဲ့ တံကောက်ကြောဟာ အခြေအနေ မကောင်းတော့ ပါဘူး ။ ဒါဟာ ကျွန်တော့ အတွက် တော့ တကယ့်ကို ခွန်အား တစ်ရပ် ပါပဲ”

“ကလပ် ကမ္ဘာ့ ဖလား ဟာ ကျွန်တော်တို့ အတွက်တော့ အဲ့ဒီ အချိန် တုန်းက ဦးစားပေး ဖလား တစ်ခု မဟုတ်ခဲ့ ပါဘူး ။ ပြည်တွင်း အမှတ်ပေး ဇယား မှာ အခက်အခဲ တွေ ရှိနေခဲ့ ပြီး ထပ်ဆင့် ချန်ပီယံ ဖြစ်ရေးကို သာ အဓိက အာရုံ စိုက်နေခဲ့ ပါတယ် ။ တကယ်လို့ ရခဲ့မယ် ဆိုရင် ၄ နှစ် ဆက် အမှတ်ပေး ချန်ပီယံ ဖြစ်လာ မှာပါ”

“အမှန် အတိုင်း ပြောရရင် အင်ဒီပန်ဒီယန်တီ ကို ကျွန်တော်တို့ နိုင်ခဲ့သင့် ပါတယ် ။ ကျွန်တော် က ကိုယ့်နေရာ ကိုယ် ပျောက် နေခဲ့ပြီး သူတို့ က ရှားပါးတဲ့ အခွင့်အရေး ကို အသုံးချသွား ခဲ့တာပါ ။ ပိုကောင်းခဲ့တာက ကျွန်တော်တို့ ပါ ။ ဒါပေမယ့် ဒါတွေ က အသုံးမတည့်တော့ ပါဘူး”

“အင်ဒီပန်ဒီယန်တီ ဟာ ဒီပွဲ အတွက် သေချာ ပြင်ဆင် ခဲ့ပြီး ကစား သမား ကောင်းတွေ လည်း ပါလာခဲ့ ပါတယ် ။ ဒီနိုင်ပွဲ အတွက် သူတို့ ကို ဂုဏ်ပြု ရမှာပါ ။ အပြန် ခရီး ကလည်း ၈၁ တုန်းက လိုပါပဲ ။ ရုရှ ပေါ်ကနေ မပြန်ရ တဲ့ အတွက် အန်းကားရေဂျ့် ( အလာစကာ ၊ အမေရိကန် ) ဘက်ကနေ ပတ်ပြန် ခဲ့ရ ပါတယ်”

“ဒီ ခရီးနဲ့ ပတ်သက်ပြီး အခုထိ အမှတ်ရနေတာ ကတော့ အပြန်မှာ ရော့စတီးဝတ်ဒ် ( နာမည်ကျော် ဗြိတိန် အဆိုတော် ) နဲ့ ဆုံခဲ့ ရတာပါပဲ ။ ကျွန်တော့ မှာ အခုထိ သူနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေ သိမ်းထားဆဲပါ ။ သူ့ကို ကင်နီ ( ဒဲဂလစ်ရှ် ) က သွားခေါ်ခဲ့တာပါ ။ လေဆိပ်မှာ ဆီဖြည့်နေတုန်းကပေါ့”

၃ ။ ပီတာ ခရော့ချ်
ဆန်းတိုစ့် ၁ – ၀ လီဗာပူး
ဒီဇင်ဘာ ၁၈ ၊ ၂၀၀၅ ၊ ယိုကိုဟားမား

“လီဗာပူး ကို ရောက်လာတာ ၄ လ ပဲ ရှိပါသေးတယ် ။ ဒါကြောင့် ဒီလို ပြိုင်ပွဲကြီးမှာ ပါဝင်ခွင့် ရတာဟာ ကျွန်တော့ အဖို့ အရမ်း ကို ပျော်ရွှင် စရာ ကောင်းခဲ့ ပါတယ် ။ ဒီ ဖလား အတွက် ပြင်ဆင် ရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ် ပါဘူး”

“ပြည်တွင်းမှာ ကျွန်တော်တို့ အခြေအနေ ကောင်းခဲ့ ပါတယ် ။ အိမ်ကွင်း မှာ ရလဒ်တွေ ကောင်းနေပြီး ၁၀ ပွဲ ဆက်တိုက် ( အိမ်ကွင်း ) Clean sheets ရခဲ့ ပါတယ် ။ ကျွန်တော်လည်း လီဗာပူး အတွက် ပထမဆုံး ဂိုး ကို သွင်းပြီးခဲ့ ပါပြီ ။ ဒါကြောင့် ယုံကြည်ချက် အပြည့် နဲ့ ထွက်လာခဲ့ ပါတယ်”

“ဒါပေမယ့် ဂျပန် ကို ရောက်တဲ့ အခါမှာ တော့ နေသား မကျတဲ့ ပြဿနာ ပေါ်လာခဲ့ ပါတယ် ။ စတိဗ် ဖင်နန် က ကျွန်တော် နဲ့ အတူ ည အနည်းငယ်လောက် တစ်ခန်းတည်း အိပ်ခဲ့ ပါတယ် ။ မနက် ၃ နာရီ လောက်ကို ၂ ယောက်လုံး နိုးလာပြီး ပြန် အိပ်မရ တော့ ပါဘူး ။ ဒါနဲ့ Super Mario Kart ဂိမ်းတွေ ထိုင်ဆော့ ခဲ့ကြပါတယ်”

“ခရီးပမ်းတာ တွေ ရှိပေမယ့် ဆီမီး ဖိုင်နယ် မှာ ကျွန်တော် ၂ ဂိုး သွင်းနိုင် ခဲ့ပါတယ် ။ ဂျပန် က လီဗာပူး ပရိသတ်တွေ ဟာ တကယ် လေးစားဖို့ ကောင်း ပါတယ် ။ အရမ်းလည်း ဖော်ရွေ ပါတယ် ။ မနက်ခင်းတစ်ခု မှာ အသင်းလိုက် လမ်းလျောက် ထွက်ကြတော့ ပရိသတ် ၅၀၀ လောက် နောက်က လိုက်အားပေး ခဲ့တာကို မှတ်မိ နေတုန်း ပါပဲ”

“ဒါပေမယ့် သူတို့က အရမ်း ယဉ်ကျေးပြီး စည်းကမ်းရှိ ပါတယ် ။ အင်္ဂလန် မှာ သာ ဆိုရင် လူအုပ်ကြီး က ကျွန်တော်တို့ ဆီ ပြေးလာပြီး နှုတ်ဆက် ကြမှာပါ ။ ဒါပေမယ့် သူတို့တွေ က ကျွန်တော်တို့ မခေါ်မချင်း မဝေး ကနေ ပဲ ကြည့်နေကြ ပါတယ် ။ တကယ် ကောင်းတဲ့ လူတွေပါ”

“ဆန်းတိုစ့် နဲ့ ကစားခဲ့တဲ့ ပွဲကတော့ ကျွန်တော့ ဘဝ ရဲ့ စိတ်ပျက် စရာ အကောင်းဆုံး အခိုက် အတန့်တွေ ထဲက တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဂိုးတိုင် ကိုထိတယ် ၊ ဂိုးဘား ထိတယ် ၊ သွင်းဂိုး ၂ ဂိုး ကလည်း လူကျွံ လို့ မရခဲ့ ပါဘူး”

“ကျွန်တော်တို့ တကယ် နိုင်သင့် ပါတယ် ။ ဒုတိယပိုင်း မှာ ဆိုရင် သူတို့ ကို တောက်လျောက် ဖိ ကစားခဲ့ တာပါ ။ ကျွန်တော့ အတွက် ပိုပြီး စိတ်ပျက်ခဲ့ ရတာက ပွဲပြီးဖို့ ၅ မိနစ် အလိုမှ ဝင် ကစားခဲ့ ရတာပါပဲ ။ ဒါပေမယ့် ဂျပန် ခရီးစဉ် ဟာ ပျော်စရာ ကောင်းခဲ့ ပါတယ်”

“ပွဲပြီး သွားတော့ ကျွန်တော်တို့ သွားသောက်ပြီး ကာရာအိုကေ သွားဆို ခဲ့ကြ ပါတယ် ။ ကျွန်တော်ရယ် ပီပီရေနာ ရယ် ၊ ကာရေဂါ ၊ ဂျရတ် ၊ ဇာဗီ အလွန်ဆို ၊ ဟာမန်း တို့ အားလုံး လီဗာပူး သီချင်းတွေ ကို ပရိသတ် တွေ နဲ့ အတူ သီဆိုခဲ့ ကြပါတယ်”

“အဲ့ အချိန် တုန်းက ဖုန်းတွေ ၊ ကင်မရတွေ မပေါသေးသလို ပြဿနာတွေ လည်း ဘာမှ မရှိခဲ့ ပါဘူး ။ လူတိုင်း အမှတ်ရစရာလေးတွေ နဲ့ပျော်ဖို့ ကောင်းခဲ့ ပါတယ် ။ ရဲ တွေ လိုက် ဖမ်းခံရတာ လည်း တကယ်ကို အမှတ်တရ ပါပဲ ။ တက္ကစီ က တစ်စီးပဲ ကျန်ပါတော့တယ် ။ ဘယ်မှ လည်း မသွားတတ် ပါဘူး ။ ဒါကြောင့် စုပြုံ တိုးတက် ခဲ့ကြ ပါတယ် ။ ဒါမျိုး ဆို ကျွန်တော် က အမြဲ ခြေသွက် လက်သွက် ပါပဲ ။ နောက်ဆုံးတော့ ဒီဒီ ( ဟာမန်း ) က ခေါင်းမိုးပေါ် တက်ပြီး လိုက်ခဲ့ ရ ပါတယ် ။ ဒါကြောင့် ရဲဖမ်းခံ ခဲ့ရတာပါ”

“ဒီဒီ နဲ့ ကာရေဂါ ကို ရဲတွေ လိုက်ဖမ်း နေတာ ကို နောက်ဆုံးမြင်ခဲ့ရ ပါတယ် ။ ကျွန်တော့ အထင်တော့ ပိုနှေး တဲ့ ဒီဒီ ( ဟာမန်း ) ကို သူတို့ မိသွားခဲ့ ပုံ ပါပဲ ။ ဂျေးထဲ တစ်ည လောက် အိပ်ခိုင်းပြီးမှ ပြန်လွှတ်လိုက် ပုံ ရ ပါတယ် ။ နောက်တစ်နေ့ မနက် ရောက်တော့ ဒီဒီ ပြန်ရောက်လာပြီး ဘာစကားမှ မပြောဘဲ မနက်စာ အတူ လာစားသွားခဲ့ ပါတယ်”

“ကလပ် ကမ္ဘာ့ ဖလား ခရီးဟာ တကယ် ပျော်စရာ ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် နောင်တရစရာလည်း ကောင်းခဲ့ ပါတယ် ။ မက် ( လော်ရင်ဆန် ) နဲ့ ဂယ်ရီ ( ဂီလက်စ်ပီ ) တို့ ဘယ်လို ခံစားခဲ့ ရသလဲ ဆိုတာ ကျွန်တော် လည်း ကောင်းကောင်း နားလည် သွားခဲ့ ပါပြီ ။ ဒီ ဆု ကို ရဖို့ က မလွယ်ပါဘူး ။ ဒါကြောင့် အခွင့် အရေး ရတုန်းမှာ ရအောင် ယူခဲ့သင့် ပါတယ် ။ ဒီနှစ် အုပ်စု ကတော့ ဒါကို လုပ်နိုင် မယ်လို့ မျှော်လင့်ပါတယ်”

လီဗာပူး ဟာ မွန်တာရီ ကို အနိုင် ရခဲ့ ပါက ယနေ့ည မှာ ကစားမယ့် ဖလာမန်ဂို – အယ်ဟီလီ ပွဲစဉ် ကနေ အနိုင် ရလာမယ့် အသင်း နဲ့ ဗိုလ်လုပွဲ ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ဒီပြိုင်ပွဲ မှာ လီဗာပူး က ရေပန်း အစားဆုံး ဖြစ်ပေမယ့် တောင်အမေရိက ချန်ပီယံ ဖလာမန်ဂို ကို လျော့တွက် လို့ မဖြစ် ပါဘူး ။

ကလပ် ကမ္ဘာ့ ဖလား ကို သာ ပိုင်ဆိုင် နိုင်မယ် ဆိုရင် လီဗာပူး အတွက် ဖလား စုံပြီလို့ ဆိုရမှာပါ ။ ဒါကို ယာဂင် ကလော့ အရယူ ပေးနိုင်မလား . . . . စတုတ္ထ အကြိမ်မြောက်မှာ လီဗာပူး တို့ အောင်မြင် နိုင်မလား ဆိုတာ ကတော့ . . .

SPORTS MYANMAR