နည်းပြ အလုပ်အတွက် လေ့လာမှု တွေ စတင်ပြီး ပြုလုပ်နေပြီဖြစ်တဲ့ #ဒီဘရိုင်း

မန်စီးတီး အသင်းရဲ့ကွင်း လယ်ကစားသမား ဒီဘရိုင်းဟာ နည်းပြ အလုပ် အတွက် လေ့လာမှု တွေတောင် စတင်ပြီး ပြုလုပ်နေပြီ လို့သိရပါတယ်။အသက် ၂၈ နှစ်အရွယ် ဒီဘရိုင်းဟာ လက်ရှိ ဘောလုံး လောကရဲ့ စွဲမက်စရာ ခြေ စွမ်းပိုင်ရှင် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

ဒီဘယ်ဂျီယံသား ဟာ တနင်္ဂနွေ နေ့မှာ ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ပွဲမှာ လည်း အထူးခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမား တဦးဖြစ်ပြီး ကိုယ်တိုင်သွင်းဂိုး ၂ဂိုးသွင်းယူနိုင် ခဲ့သလို စတာလင်ရဲ့ ဂိုးကို လည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကစာသမား ဘဝ အကောင်းဆုံး ခြေစွမ်း နဲ့ အသက် အရွယ်အပိုင်း အခြားမျိုးကို ရောက်နေပေမယ့် ဒီဘရိုင်းကတော့ အနာဂတ် အတွက် ကြိုတင်ပြင်ဆင်မှု တွေ ပြုလုပ်နေတာဖြစ်ပါတယ်။ဘယ်ဂျီယံ ကလာတဲ့ သတင်းတွေအရ ဒီဘရိုင်း ဟာ ကစားသမား ဘဝပြီးဆုံးခဲ့ပါက ဘောလုံးလောကကိုစွန့်ခွာမှာမဟုတ်ပဲစီမံ အုပ်ချုပ် မှုအပိုင်းကိုပြောင်းလဲတာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဘရိုင်းဟာ နည်းပြ တဦးရဲ့ ဘဝကို လည်း အတော်လေး စိတ်ပါဝင်စားသူဖြစ် တယ်လို့ သိရပါတယ်။နည်းပြ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး အင်တာဗျူးတခု မှာ ဒီဘရိုင်းက – ” UEFA ရဲ့ နည်းပြ A လိုင်စင် ဒီပလိုမာ တဲ့ B လိုင်စင် ဒီပလိုမာတွေ အတွက် အဆိုပြုချက်တွေကို ဘယ်ဂျီယံ ယူနီယံကနေ ရထားပါတယ်။

ဒါဟာ ကျွန်တော်တို့ လုပ်ဆောင်ချင် နေတဲ့ အရာ တခုလည်း ဖြစ်ပါတယ်။ဘာကြောင့်လည်း ဆိုတော့ အချိန်တိုလေး အတွင်းမှာ လိုင်စင် အမျိုးအစား၂ ခုကို ရနိုင်လို့ ပဲဖြစ်ပါတယ်။ကျွန်တော်ဟာ လေ့ကျင့်ရေးမှူး တယောက်ဖြစ်လာရမယ်ဆိုနဲ့ စိတ်နဲ့ ကစားနေတာတော့ မဟုတ်ပါဘူး။

အဲ့ဒီအရာ ကို လုပ်ဆောင်ဖို့ အတွက် လည်း ကျွန်တော်က အတော်လေး ငယ်ရွယ်နေလွန်း ပါသေးတယ်။ဒါပေမယ့် အကယ်၍ နှောင်းပိုင်း အချိန်တွေမှာသာဘောလုံးလောက အတွင်းဆက်ရှိနေချင်ရင် အနည်းဆုံးတော့ ဒါကိုလုပ်ရမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

လတ်တလောမှာ နည်းပြ အလုပ်ကို စိတ်ဝင်စားနေတဲ့ ဘယ်ဂျီသားက ဒီဘရိုင်းတဦးတည်းတော့ မဟုတ်ပါဘူး။သူ့ရဲ့ မန်စီးတီး အသင်းဖော်ဟောင်းဖြစ်သူ ကွန်ပနီ ကလည်း လက်ရှိ အချိန်မှာ အန်ဒါလက်ချ် အသင်းကို ကစားသမား+နည်းပြ တဦးအဖြစ်ရောက်ရှိနေပါတယ်။

ကွန်ပနီနဲ့ ပတ်သက်ပြီး ဒီဘရိုင်းက -” ဗင်းဆင့်( ကွန်ပနီ ) ဟာသူ့ရဲ့ နည်းပြ အလုပ်အတွက် သင်ခန်းစာကို အင်္ဂလန်ဝေးလ် ဘောလုံးအဖွဲ့ချုပ်တွေကိုလိုက်နာပြီး လုပ်ဆောင်နေပါတယ်။ကျွန်တော်ကတော့ ဘယ်ဂျီယံ FA နဲ့ ပဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သူတို့က ကျွန်တော့်ကို ဖော်မြူလာ အသစ်အကြောင်းကို ရှင်းပြထားပါတယ်။ကျွန်တော့်အထင်ပြောရရင် ဒီသင်ခန်းစာကို မတ်လအတွင်းမှာ စတင်မှာဖြစ်ပြီးလူတိုင်းက ကိုယ့်နေရာမှာကို ဆက်ပြီး အဆုံးသတ်သင်ယူနိုင်မှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဒီဘရိုင်းဟာ ဘောလုံးပွဲ တပွဲရဲ့ နည်းစနစ် အကြောင်းကို တီးမိခေါက်မိဖြစ်ပြီးသား ကစားသမားတဦးဖြစ်ပုံရပြီး အာဆင်နယ်အသင်းနဲ့ ပွဲအကြောင်းကိုရှင်းပြခဲ့ ပုံအရသူဟာ နည်းပြ အလုပ်ကို အလွယ်အတူ ကူးပြောင်းလုပ်ဆောင်နိုင်မယ့် အရည်အသွေးမျိုးရှိနေပါတယ်။