အာဆင်နယ်တို့ အာတီတာ ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်မှာကို သဘောမကျ ဖြစ်နေတဲ့ ပေါလ်မာဆင်

ဂန်းနား ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်သလို ဘောလုံး အစီအစဉ်တွေမှာ ဝေဖန် သုံးသပ်သူ အဖြစ်လည်း လုပ်ကိုင်နေတဲ့ ပေါလ်မာဆင် က အာဆင်နယ် အသင်းအနေနဲ့ အာတီတာ ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ် လိုက်ပါက စွန့်စားလွန်းရာ ကျလိမ့်လို့ သတိပေး စကားဆို လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး ယာယီ နည်းပြ အဖြစ် ယွန်းဘတ် ကို ခန့်အပ် ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာလည်း ရလဒ်ပိုင်း တိုးတက် ကောင်းမွန်လာခြင်း မရှိတာကြောင့် အမြဲတမ်း နည်းပြ တစ်ဦးကို ခန့်အပ်ဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။

တနင်္လာနေ့ နံနက် စောစောမှာ အာဆင်နယ် အသင်းရဲ့ အကြီးအကဲ နှစ်ဦးဟာ အာတီတာ အိမ်ကနေ ပြန်ထွက်လာကို အင်္ဂလန် မီဒီယာတွေဟာ အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီးတဲ့ နောက်မှာတော့ စပိန်သားဟာ အာဆင်နယ် နည်းပြ ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစားလာပါတယ် ။

ပေါလ်မာဆင် ကတော့ အာတီတာ ဟာ အာဆင်နယ် အသင်း နည်းပြ ရာထူးနဲ့ မထိုက်တန်ကြောင်း ဝေဖန် သုံးသပ် လိုက်ပါတယ် ။ ” ကလပ် အသင်းတစ်သင်းကို ကိုင်တွယ် နည်းပြဖူးခြင်း လုံးဝ မရှိတဲ့သူကို အာဆင်နယ် လို အသင်းကို ကိုင်တွယ်ခိုင်းမယ်ဆို အရဲစွန့်ရာ ကျလွန်းပါတယ် ။ ”

” သူက ဂွာဒီယိုလာ လက်အောက်မှာ လုပ်နေတာကြောင့် ကောင်းကောင်း ကိုင်တွယ် နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ် ၊ ဒါပေမယ့် ဂွာဒီယိုလာ တောင် အခု အာဆင်နယ် အသင်းကို ကိုင်တွယ်ရင် ရုန်းကန် ရမှာပါ ၊ ဂွာဒီယိုလာကော ကလောပ့်ကော နှစ်ယောက်စလုံး သေချာပေါက် ရုန်းကန် ရမှာပါ ။ ”

” အာတီတာ အနေနဲ့ ဒီအသင်းက ကစားသမားတွေနဲ့ ဂွာဒီယိုလာ ပုံစံ လိုက်ဖမ်းလို့ မရပါဘူး ၊ တနင်္ဂနွေနေ့ ရှုံးပွဲက တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ ၊ ဂွာဒီယိုလာ ဆို အာဆင်နယ် အသင်းက ဘယ်ကစားသမားကိုမှ သူ့အသင်းမှာ ခေါ်ချင်မှာ မဟုတ်ပါဘူး ။ ”

” နည်းပြ အတွေ့အကြုံ လုံးဝ မရှိသေးတဲ့ အာတီတာကို အခု လက်ရှိ အာဆင်နယ် အသင်းကို ကိုင်တွယ် ခိုင်းရင်တော့ တကယ့်ကို မေးခွန်းထုတ် ချင်စရာပါပဲ ။ အာဆင်နယ် အသင်း အာတီတာကို ခေါ်ဖို့ လုပ်နေတာက ဂွာဒီယိုလာ လက်အောက်မှာ လုပ်ဖူးပြီး ကစားသမားဟောင်း ဖြစ်နေတာကြောင့်ပါပဲ ။ ”

“လ ယွန်းဘတ် အသင်းမှာ ရုန်းကန် နေရတာကိုတွေ့မြင် ရမှာပါ ၊ ယွန်းဘတ် နဲ့ အာတီတာ က ထူးမခြားနားပါပဲ ၊ အာတီတာ က ဂွာဒီယိုလာ လက်အောက်မှာ လုပ်နေတာပဲ ကွာခြားမှု ရှိတာပါဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR