ရတ်ဖို့ဒ်နဲ့ ဂရင်းဝုဒ် ဘယ်သူက ပိုကောင်းတယ် ဆိုတာပြောပြလိုက်တဲ့ #ဂယ်ရီနဗီးလ်

အိုးထရက်ဖို့ဒ် မှာ ကစား ခဲ့တဲ့ ပရီး မီးယားလိဂ် ပွဲစဉ် မှာယူနိုက်တက် အသင်းနဲ့ အဲဗာတန် အသင်း တို့ ၁ဂိုးစီသရေ ကျခဲ့ပါတယ်။ဒီပွဲမှာ ဧည့်သည် အဲဗာတန် အသင်းက လင်ဒယ်လော့ဖ် ရဲ့ အ့ံအားသင့်ဖွယ် OG ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။

ရလဒ်တွေ ဆက်တိုက်ပြန်ကောင်းနေ ခဲ့တဲ့ ယူနိုက်တက် အသင်း ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ထပ်ရဖို့ အတော်လေးကြိုးစားခဲ့ပေမယ့်တိုက်စစ်က လိုအပ်ချက် တွေ များနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် လူစားဝင်ကစားသလေး ဂရင်းဝုဒ်က ပွဲချိန်ရ၇ မိနစ်အရောက်မှာ အဖိုးတန်ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုအပတ် အတွင်းမှာ အမှတ်ပေးဇယား ထိပ်ပိုင်းက လက်စတာ အသင်း က သရေပွဲ ကြုံခဲ့ရသလို ၊ ချဲဆီးလ် အသင်းက အရေးနိမ့်ခဲ့ရလို့ ယူနိုက်တက် အသင်းရဲ့ ရလဒ်က ချန်ပီယံလိဂ် ဝင်ခွင့်
တိုက်ပွဲအတွက် မျှော်လင့်ချက်ကို အသက်ဆက်စေနိုင် ခဲ့တာလည်းဖြစ်ပါတယ်။

ဒီပွဲမှာ ဂိုးတဂိုး သွင်းယူနိုင် ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ်ဂရင်းဝုဒ်အတွက် တော့ ဒီရာသီ ပြိုင်ပွဲစုံ မှာ ရဂိုးမြောက်အဖြစ် သွင်းယူနိုင် ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ရတ်ဖို့ဒ်နဲ့ အတူတိုက်စစ်ကိုဦးဆောင်နေခဲ့တဲ့ မာရှယ်ရဲ့ ဂိုးအရေ အတွက် ထက်တောင်ပိုများသွား ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီမှာ ယူနိုက်တက် အသင်းရဲ့ ဂိုးအများဆုံး ကစားသမားကတော့ တိုက်စစ်မှူး ရတ်ဖို့ဒ်ဖြစ်ပြီး ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၃ ဂိုးသွင်းယူပေးထားပါတယ်။အသင်းရဲ့ ဂန္တဝင်တဦးဖြစ်တဲ့ဂယ်ရီနဗီးလ်ကတော့ ဂရင်းဝုဒ်ဟာထိပ်တန်းတိုက်စစ်မှူးတဦးဖြစ်လာဖို့ အရည်အသွေး အစုံအလင်ရှိထားသူဖြစ်ပြီး ရတ်ဖို့ဒ်ထက်တောင် အဆုံးသတ်ပိုကောင်းတယ်လို့ ဆိုပါတယ်။

Sky Sportsရဲ့ အစီအစဉ်တခုမှာ ဂယ်ရီနဗီးလ်က – ” ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို ကျွန်တော် အများကြီး ကြိုက်နှစ်သက်ပါတယ်။သူဟာ ငယ်ငယ်ရွယ်ရွယ်မှာ သမာဓိကောင်းကိုပြသနေပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ံခံမှုကောင်းကို လည်းပိုင်ဆိုင်ထားပါတယ်။

သူ့ရဲ့ အဆုံးသတ်မှုပုံစံက ထိပ်တန်းအဆင့် တိုက်စစ်မှူး တဦးရဲ့ ပုံမျိုးဖြစ်ပါတယ်။လူငယ်ကစာသမားတဦးက ပြိုင်ဘက် ဂိုးရှေ့မှာ ဘောလုံးပိုင်ဆိုင်မှုရချိန် အလန့်တကြားဖြစ်သွားလေ့ရှိပြီး ဒန်နီရယ်ဂျိန်းစ်နဲ့ လင်ဂတ်တို့မှာ ဒါမျိုးတွေ အတော်လေးမြင်ခဲ့ရဖူးပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်ကတော့ ရတ်ဖို့ဒ်ထက် ပိုကောင်းတဲ့ အဆုံးသတ်ရှိသူ လို့ ကျွန်တော်က ပြောမှာဖြစ်ပါတယ်။လုံးဝအမှန်တကယ်ကို အဲ့ဒီလိုထင်ရတာဖြစ်ပါတယ်။ဆိုးလ်ရှားကလည်းဒါကိုသိလို့ ပွဲတွေမှာအသုံးပြုသွားဦးမှာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ အကယ်ဒမီထွက် ကြယ်ပွင့်တွေကိုနေရာပေးတတ်တဲ့ အသင်းဖြစ်ပြီး ဂရင်းဝုဒ်ကိုထည့်သွင်းခဲ့တာကြောင့် ပွဲနေ့ လူစာရင်းမှာ ပွဲ ၄၀၀၀ ဆက်တိုက် အနည်းဆုံးအကယ်ဒမီထွက် တဦးဦးကို ထည့်သွင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Neville

ဒါပေမယ့် ဂယ်ရီနဗီးလ်ကတော့ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့စျေးကွက် အတွင်းဖြည့်တင်းမှု နည်းနည်းလုပ်သင့်သေးတယ်လို့ အကြံပေးလိုက်ပါတယ်။ ဂယ်ရီနဗီးလ်ကဆက် လက်ပြီး –

” ယူနိုက်တက် အသင်းဟာ စပါး၊ မန်စီးတီး၊ ချဲဆီးလ်၊ လက်စတာတို့ကို အနိုင်ရထားပြီး ရည်မှန်းချက် အစစ်အမှန်ကို ရရှိထားပါတယ်။ဒါပေမယ့်လည်း အမှတ်ပေးဇယားမှာ သူတို့ရဲ့ အောက် အတော်လေး ဝေးဝေးက အသင်းတွေနဲ့ ပွဲတွေ ကို ရုန်းကန်ထားခဲ့ရပါတယ်။

အဲဗာတန် အသင်းနဲ့ ပွဲပြီးခါနီး မိနစ် ၂၀ လောက် မှာဆိုရင် ခင်ဗျားတို့ အနေနဲ့ ကွင်းလယ်နဲ ့ တိုက်စစ်ကို ဦးဆောင်ချိတ်ဆက်ပေးနိုင်မယ့်သူမျိုး လိုအပ်နေတာကို မြင်ခဲ့ရပါ လိမ့်မယ်။ကစားကွက်အတွင်း အခြားသူတွေပါဝင်လာနိုင်အောင် လုပ်ဆောင်ပေးမယ့်သူမျိုးကို အတော်လေးကို လိုအပ်နေတာလည်ဖြစ်ပါတယ်။

ဆိုးလ်ရှား အနေနဲ့ ကလည်း အရည်အသွေးမြင့် ကစားသမား ၂ဦး ၃ဦး လောက်ကို အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန် လိုချင်နေပါလိမ့်မယ်။ဒါမှလည်း လူငယ် ကြယ်ပွင့်လေးတွေအနေနဲ့ သူတို့ရဲ့ အရည်အသွေးအစစ်အမှန်ကို သရုပ်ပြသနိုင်မှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။