ဘာကာတို့ အမှတ်လျော့ ခဲ့တာကို အခွင့်အရေး မယူနိုင်ခဲ့တဲ့ ရီးယဲ မက်ဒရစ် ၊ နိုင်ပွဲ ပြန်လည် ရှာတွေ့ ခဲ့တဲ့ အေတီကို ၊ ပီကေးရဲ့ ပင်နယ်တီ ဂယက် ၊ အယ်လ် ကလပ်စီကို အပေါ် ရီးယဲ ကစားသမား တွေရဲ့ မှတ်ချက် ပေးမှု သတင်းတိုများ

ဒီတစ်ပါတ် ပွဲစဉ် ရလဒ်များ …

ရီးယဲ ဆိုဆီဒက် 2 – 2 ဘာစီလိုနာ
အေတီကို 2 – 0 အိုဆာဆူနာ
ဗလန်စီယာ 1 – 1 ရီးယဲ မက်ဒရစ်

အမှတ်ပေး ဇယား ရပ်တည်မှု

(1) ဘာစီလိုနာ – 35 မှတ်
(2) ရီးယဲ မက်ဒရစ် – 35 မှတ်
(5) အေတီကို – 29 မှတ်

ဒီတစ်ပါတ် ကစားခဲ့တဲ့ ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ ဆိုဆီဒက် အသင်း နဲ့ ရင်ဆိုင် ခဲ့ပြီး ဂရစ်ဇ်မန်း ၊ ဆွာရက်ဇ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ သရေ ရလဒ်သာ ဖော်ဆောင် နိုင်ခဲ့ ပါတယ် ။ ဆွာရက်ဟာ တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီး ခဲ့တဲ့ အတွက် ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ပါတယ် ။

 

အဆိုပါ ပွဲစဉ်မှာ ဆိုဆီဒက် အသင်း မှ လိုရန်တီ ဟာ ပီကေး ကို ဂိုး ဧရိယာ ထဲ ဆွဲလှဲ သလို ဖြစ်သွား ခဲ့တာ ကြောင့် ဘာစီလိုနာ တို့ ပင်နယ်တီ ရရှိ ခဲ့သင့် ပေမယ့် ကွင်းလယ်ဒိုင် က ခွင့် မပြု ပေးခဲ့ ပါဘူး ။ ဒိုင်လူကြီးဟောင်း တစ်ဦး ဖြစ်တဲ့ အန်ဒူဂျာ အိုလီဗာ ကတော့ ဒါဟာ ပင်နယ်တီ ဖြစ်သင့်တယ် လို့ ထောက်ခံ သွားခဲ့ ပါတယ် ။

အဲ့ဒီ ဂယက် ကတော့ အခု ထက်ထိ ရိုက်ခတ် နေဆဲ ပါပဲ ။ ထွက်ပေါ် လာတဲ့ သတင်း အရ ဘာစီလိုနာ အသင်း ဥက္ကဌ ဘာတိုမြူ ဟာ အဆိုပါ ပင်နယ်တီ မရရှိ ခဲ့တဲ့ ဖြစ်ရပ် အတွက် စပိန် ဘောလုံး အဖွဲ့ချုပ်ထံ စာရေးပြီး စောဒက တက်ခဲ့ တယ်လို့ သိရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ဘာစီလိုနာ တိုက်စစ်မှူး ဂရစ်ဇ်မန်း က သူတို့ တွေဟာ ဆိုဆီဒက် နဲ့ ပွဲစဉ် မှ အဖြစ်အပျက် တွေကို သင်ခန်းစာ ယူပြီး အယ်လ် ကလပ်စီကို အတွက် တိုးတက် ကောင်းမွန်ဖို့ လိုအပ်ကြောင်း အသင်းဖော် တွေကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် အတွင်း မိမိတို့ အသင်း ဖက်မှ ပေးခဲ့ ရတဲ့ ပင်နယ်တီ အကြောင်း မေးမြန်း ခံလိုက် ရတဲ့ အချိန် မှာ ဘာစီလုုိနာ နည်းပြ အာနက်စတို ဗယ်လ်ဗာဒီ က သူဟာ ဒိုင် မဟုတ်ကြောင်း ၊ ဒါဟာ ပင်နယ်တီ လား ဆိုတာ သူ မသိကြောင်း စိတ်ပျက် လက်ပျက် ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ ဘက်စ်ကွက် က ကွင်းလယ်ဒိုင် ဖြစ်သူ ဟာ ပီကေး ပစ်ဒဏ် ကျူးလွန် ခံခဲ့ ရတာ ကို မြင်တွေ့ ခဲ့ပေမယ့် ဝစီ မှုတ်လိုစိတ် မရှိ ခဲ့ကြောင်း ပွဲ အပြီး ပြောကြား သွားခဲ့ ပါတယ် ။ ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ်လူ ဒီဂျောင် ကတော့ ဆိုဆီဒက် ကို ပင်နယ်တီ ပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ဟာ သူတို့ အတွက်ပါ သေချာပေါက် ပင်နယ်တီ ပေးသင့် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ ဂန္ဓဝင် ဇာဗီ ကလည်း ပီကေး ရဲ့ ဖြစ်ရပ် အပေါ် ကွင်းလယ်ဒိုင် မှ ပင်နယ်တီ မပေး ခဲ့တဲ့ အတွက် အံ့အားသင့် ရကြောင်း VAR အပေါ် ဝေဖန် ထိုးနှက် သွားခဲ့ ပါတယ် ။

ဘာစီလိုနာ မြို့တော်ဝန် ကတော့ အယ်လ် ကလပ်စီကို ဒါဘီ ပွဲစဉ် ကို ပုံမှန် အတိုင်း ကျင်းပ သွားဖို့ ရှိကြောင်း ဒါဘီ ပွဲစဉ် မတိုင်မီ ပြောကြား သွားခဲ့ ပါတယ် ။

ရီးယဲ ဆိုဆီဒက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်တဲ့ ဂရစ်ဇ်မန်း ကတော့ အဆိုပါ ပွဲစဉ် ပြီးဆုံး သွားတဲ့ အခါ မှာ နည်းပြ ဗယ်လ်ဗာဒီ ဆီက ထောက်ခံချက် ရယူပြီး ဘာစီလိုနာ ကို မပြန်ပဲ မြို့ထဲက သူငယ်ချင်း အပေါင်းအသင်း တွေနဲ့ တွေ့ဆုံ ခဲ့တယ် လို့ သိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် အသင်း ကို အငှား သွားရောက် ကစား နေတဲ့ ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကော်တင်ဟို က ဒီ တစ်ပါတ် အသင်း အတွက် သုံးဂိုး သွင်း ၊ နှစ်ဂိုး ဖန်တီး နိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် မြူးနစ် အသင်း ရဲ့ ပရိသတ် တွေက ဘရာဇီးသား ကို အပြီးသတ် ခေါ်ယူ ဖို့ အသင်း ကို တိုက်တွန်း ခဲ့ကြ ပါတယ် ။

မက်ဆီ ကတော့ ဆွာရက်ဇ် အသင်း အတွက် နောက်ဆုံး သွင်းယူ ခဲ့တဲ့ သွင်းဂိုး 6 ဂိုးမှာ 5 ကြိမ် အထိ ဂိုး ဖန်တီး ပေးနိုင်ခဲ့ ပါတယ် ။ ဒါဟာ ဘာစီလိုနာ အတွက် တော့ အကောင်းဆုံး တိုက်စစ် အတွဲအဖက် တစ်ခု ပါပဲ ။

ဂရစ်ဇ်မန်း ကတော့ သူဟာ ထိပ်တန်း ခြေစွမ်း နဲ့ အတူ အယ်လ် ကလပ်စီကို ဒါဘီ ကို သွားရောက် ပျော်ရွှင် ခံစား လိုကြောင်း ပထမဆုံး ဒါဘီ ပွဲ အပေါ် မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။

ဘာစီလိနာ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဒမ်ဘီလီ ဟာ ကတ်တလန် မြေကို ပြန်လည် ရောက်ရှိ လာခဲ့ပြီး ကုသမှု နောက်တစ်ဆင့် ပြုလုပ်ဖို့ လုပ်ဆောင် နေပြီ လို့ သိရ ပါတယ် ။

ဘရာဇီး မှာ ကျင်းပ ခဲ့တဲ့ ဂန္ဓဝင် ကစားသမား တွေရဲ့ ဖလား ဖိုင်နယ် ပွဲစဉ် မှာ ဒေါ့မွန် ကို ဆီမီး ဖိုင်နယ် အဆင့် မှာ 2 – 0 နဲ့ ကျော်ဖြတ် ခဲ့တဲ့ ဘာစီလိုနာ ဂန္ဓဝင် အသင်း ဟာ ဆော်ပေါ်လို ဂန္ဓဝင် အသင်း ကို 3 – 0 နဲ့ ရှုံးနိမ့် ပြီး ဆု ဖလား လက်လွှတ် ခဲ့ရတယ် လို့ သိရှိ ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ကတော့ ဒီနေ့ နံနက် ဗလန်စီယာ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ဘန်ဇီးမား ရဲ့ နောက်ကျ မိနစ် သွင်းဂိုး ကြောင့် သရေ တစ်မှတ်သာ ရယူ နိုင်ခဲ့ပြီး လာလီဂါ အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခွင့် ဆုံးရှံုးခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ သရေ တစ်မှတ် ရရှိ စေခဲ့တဲ့ ဘန်ဇီးမား က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်သွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ပွဲချိန် နောက်ဆုံး မိနစ် မှာ ပြိုင်ဖက် ဂိုး ဧရိယာ ထဲ ဝင်ရောက် ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်နိုင် ခဲ့တဲ့ ကော့တွိုက်စ် ဟာ ဒီ ရာသီ လာလီဂါ ပြိုင်ပွဲ မှာ ဂိုးပေါက် ခြိမ်းခြောက် နိုင် ခဲ့တဲ့ ဒုတိယမြောက် ဂိုးသမား ဖြစ်လာခဲ့ ပါတယ် ။ ( ဟွမ် ဆိုရီယာနို – လေဂါနက်စ် အသင်း )

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရီးယဲ မက်ဒရစ် အသင်း ခေါင်းဆောင် ဖြစ်သူ ဆာဂျီယို ရာမို့စ် က ကလပ်စီကို တစ်ခု ဟာ ကလပ်စီကို သာ ဖြစ်ကြောင်း ၊ ဒီလို ပွဲစဉ် မှာ သုံးမှတ် ရယူ နိုင်ဖို့ အစွမ်းကုန် ကြိုးစား သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ဂိုးသမား ကော့တွိုက်စ် ဟာ နောက်ဆုံး မိနစ် မှာ သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူူးနဲ့ အတူ တိုက်စစ်ကို တက်ရောက် ခဲ့တာ ဖြစ်ကြောင်း ၊ သူဟာ လုံးဝ အရှံုး မပေး လိုတဲ့ စိတ်ဓါတ် ကို ပြသ ခဲ့ကြောင်း ဇီဒန်းက ချီးကျူး ခဲ့လိုက် ပါတယ် ။

” ဒါဟာ ရီယဲ မက်ဒရစ် အသင်း ၊ ဘယ်တော့ မှ အရှံုး မပေး လိုတဲ့ အသင်း တစ်သင်း ပါ ။ သူတို့ တွေက ဒါကို လုပ်ဆောင် နိုင်မယ် လို့ ယုံကြည် ခဲ့ကြ ပြီး တစ်ကယ်လည်း လုပ်ပြ နိုင်ခဲ့ကြ ပါတယ် ” လို့ ဇီဒန်း က ပွဲစဉ် အပြီး အသင်းသား တွေကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ သရေ ရလဒ် ကို ဖော်ဆောင် ပေးနိုင် ခဲ့တဲ့ ဘန်ဇီးမား က အယ်လ် ကလပ်စီကို ဟာ အမြဲလို အရေးကြီး တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ကြောင်း ၊ ဒီပွဲ မှာ အနိုင် ရဖို့ မျှော်လင့် နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ လိုက် ပါတယ် ။

” ကျွန်တော် ဟာ 2 မီတာ ရှည်တယ် လေ ။ ဒါ့ကြောင့် ကျွန်တော် တိုက်စစ် ကို တက်ရောက် သွားတဲ့ အခါ ပြိုင်ဖက် အသင်း သား တွေက အာရုံ များသွား ခဲ့ကြ ပါတယ် ” လို့ ကော့တွိုက်စ် က သူ့ရဲ့ အရပ် အမောင်း ဟာ ပြိုင်ဖက် တွေကို ဒုက္ခ ပေးနိုင် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဒါရိုက်တာ ဖြစ်သူ ဘူထရာဂူနို က သူတို့ တွေဟာ ဗလန်စီယာ နဲ့ ပွဲစဉ် မှာ အနိုင် ရလဒ် နဲ့ ထိုက်တန် ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လာလီဂါ ပြိုင်ပွဲမှာ သုံးပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့တဲ့ အေတီကို အသင်း ဟာ ဒီ တစ်ပါတ် မှာတော့ အိုဆာဆူနာ အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရလဒ် ပြန်လည် ရှာဖွေ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ အေတီကို အတွက် သွင်းဂိုး တွေကို မိုရာတာ နဲ့ ဆောလ် နီဂွတ်ဇ် တို့က သွင်းယူ ခဲ့ကြ ပြီး ပြိုင်ဖက် တွေကို အထူး ဒုက္ခ ပေးနိုင် ခဲ့တဲ့ ဆောလ် နီဂွတ်ဇ် က ပွဲစဉ် ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ အေတီကို အသင်း ဟာ အမှတ်ပေး ဇယား အဆင့် 5 နေရာ မှာ ရပ်တည် နိုင်ခဲ့ ပြီး အဆင့် 3 နေရာ မှ ဆီဗီးလား အသင်း နဲ့ 2 မှတ်သာ ကွာဟ နေပါ တော့တယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ အေတီကို အသင်း ဟာ သူတို့ အသင်း နဲ့ အိုဆာဆူနာ အသင်း တို့ရဲ့ ခံစစ် ကစားသမားဟောင်း ဟွမ်ဖရန် ကို ဖိတ်ခေါ် ခဲ့ပြီး ဂုဏ်ပြု လက်ဆောင် ပေးအပ် ခဲ့ ပါတယ် ။ ဟွမ်ဖရန် ဟာ အေတီကို အသင်း အတွက် 355 ပွဲ အထိ ကစားပေး ခဲ့သူ ဖြစ်ပြီး အသင်း နဲ့ အတူ ဆုဖလား 7 လုံး ရရှှိ နိုင်ရေး မှာ အရေးပါ ခဲ့သူ ပဲ ဖြစ်ပါတယ် ။

အေတီကို ပရိသတ် တွေ အတွက် စိတ်ညစ် စရာ တစ်ခု က အဓိက တိုက်စစ် ကစားသမား ဖြစ်သူ မိုရာတာ ဟာ အခု ထက်ထိ အခွင့်အရေး ကောင်းတွေ လွဲချော် နေသေးပြီး မကြာခန လူကျွံ နေခဲ့ ရခြင်း ပဲ ဖြစ်ပါတယ် ။

အေတီကို နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ မိုရာတာ ဆီက အမြင့်မားဆုံး စွမ်းဆောင်ရည် တွေကို ထုတ်ယူ နိုင်ဖို့ အားထုတ် နေကြောင်း ပွဲ အပြီး ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မိုရာတာ ကတော့ အသင်း ဆီကို ဘယ်လို ကစားသမား တွေပဲ ရောက်ရှိ ပါစေ ၊ သူဟာ စိတ်ပျက် နေမှာ မဟုတ်ပဲ အကောင်းဆုံး ကြိုဆို သွားမှာ ဖြစ်ကြောင်း တိုက်စစ် ကစားသမား ခေါ်ယူ လိုနေ တဲ့ အသင်း နဲ့ ပတ်သက်လို့ သူ့ရဲ့ ဆန္ဒ ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မိုရာတာ ဟာ ဒီ ရာသီ အသင်း အတွက် ပြိုင်ပွဲစုံ 19 ပွဲ အထိ ပါဝင် ကစား ပေးထား ခဲ့ပြီး ကိုယ်တိုင် 8 ဂိုးသွင်း ၊ အသင်းဖော် တွေ အတွက် 1 ကြိမ် ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။

အချက်အလက် တွေ အရ တော့ ဒီ ရာသီ လာလီဂါ ကစားသမားတွေ အနက် မိုရာတာ ဟာ ပြိုင်ပွဲစုံ ခေါင်းတိုက်ဂိုး 4 ဂိုး ထိ သွင်းယူ ထားနိုင် ခဲ့ပြီး အများဆုံး အဖြစ် မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင် နေခဲ့ ပါတယ် ။

မနေ့ ညက ကစား ခဲ့တဲ့ ပွဲစဉ် ဟာ အေတီကို စတား ဆောလ် နီဂွက်ဇ် အတွက် အသင်း မှာ 270 ပြည့်မြောက် ခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ ပါတယ် ။ သူဟာ အဆိုပါ ပွဲစဉ် 270 အတွင်း ကိုယ်တိုင် 35 ဂိုး သွင်းယူ ၊ 18 ကြိမ် အထိ ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း နဲ့ အတူ ဆု ဖလား 5 လုံး ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။

အေတီကို အသင်း ကတော့ လာမယ့် ဇန်နဝါရီ လမှာ အံ့ဖွယ် အပြောင်း အရွှေ့ တစ်ခု အဖြစ် တိုရီနို အသင်း ရဲ့ တိုက်စစ်မှူး ဘီလော့တီ ကို ခေါ်ယူ သွားဖို့ ပစ်မှတ် ထားနေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

#Sports_Myanmar