ဒါဘီအသင်းကို ပြောင်းရွှေ့ခဲ့အပြီးမှာအကောင်အထည်ဖော်ဖို့ကြိုးစားမယ့် ရည်မှန်းချက်ကဘာလဲဆိုတာ ပြောပြလိုက်တဲ့ #ဝိန်းရူးနီ

ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် တိုက်စစ် မှူးဟောင်း တဦး ဖြစ်တဲ့ ဝိန်းရူးနီ ဟာ ပရီးမီးယားလိဂ် မှာ ပြန်ပြီး ကစားနိုင် ခွင့်ရဖို့ အတွက် ရည်မှန်း ချက် ရှိထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။အသက်၃၄ နှစ်အရွယ်ဒီအင်္ဂလန် သားကြီးဟာလတ်တလောမှာ မေဂျာလိဂ် ကလပ် DC ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်းရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် လာမယ့် ဇန်နဝါ ရီလအတွင်း မှာတော့ သူဟာအင်္ဂလန် ချန်ပီယံရှစ် ပြိုင်ပွဲဝင် အသင်းတသင်းဖြစ်တဲ့ ဒါဘီ ကောင်တီ အသင်းကို ကစားသမားနည်းပြ တဦးအဖြစ် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။သူဟာ ဒါဘီအသင်းကို တန်းတက်နိုင်အောင်ကြိုးစားပေးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ကစားနိုင်အောင်လုပ်ဆောင်ပေး ဖို့ရည်မှန်းထားပုံပါပဲ။

ဝိန်းရူးနီဟာ အင်္ဂလန် ဘောလုံး သမိုင်း ရဲ့အကြီးကျယ်ဆုံး ကစားသမား တွေထဲ ကတဦးဖြစ်ပြီး လက်ရွေးစင် အသင်း အတွက် ၅၃ ဂိုးအထိသွင်းယူပေးထားတဲ့ ထာဝရ ဂိုးအများဆုံး ကစားသမား လည်းဖြစ်ပါတယ်။သူဟာကစားသမားဘဝကို တော့ မာဆေးဆိုက်ဒ်ဒေသခံ အဲဗာတန် အသင်းနဲ့ အတူစတင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ နာမည်ကြီး ယူနိုက်တက်အသင်းကိုရောက်ရှိခဲ့ပါတယ်။

သူဟာ အိုးထရက်ဖို့ဒ်မှာ အောင်မြင်မှု အမြောက်အများကို ရယူနိုင်ခဲ့ပြီး အသင်း အတွက်ပြိုင်ပွဲစုံမှာ ၅၅၉ ပွဲကစား ၂၅၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ထာဝရဂိုးအများဆုံးအဖြစ် လည်းရပ်တည်နိုင်ခဲ့ပါတယ်။သူဟာယူနိုက်တက်အသင်းနဲ့လမ်းခွဲခဲ့အပြီးမှာတော့ အဲဗာတန်ကို တရာသီပြန်ခဲ့ပြီး အမေရိကန်မြေကို ထွက်သွားခဲ့တာဖြစ်ပါတယ်။

သူဟာ အခုချိန်မှာတော့ အပြီးမသတ်ထားရသေးတဲ့ အလုပ်အကိုင်တွေကို ပြန်လုပ်ဖို့ အတွက် အင်္ဂလန်မြေကို ပြန်ရောက် လာတော့မှာလည်းဖြစ်ပါတယ်။ဒီအကြောင်းနဲ့ ပတ်သတ်ပြီးအင်တာဗျူးတခုမှာ ဝိန်းရူးနီက –

” ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကျွန်တော့် အနေနဲ့ ကစားနိုင်နေ ဆဲပဲ ဖြစ်တယ်ဆို တာကို အဲဗာတန် အသင်းမှာ ကတည်းက ခံစား ခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမယ့် ဆုံးဖြတ် ချက် ကိုအခြား သူတွေက ချမှတ် ခဲ့ကြတာ ဖြစ်ပါတယ်။

အခု အချိန်မှာ ကျွန်တော့်ရဲ့ ရည်မှန်း ချက်ကတော့ ဒါဘီ အသင်းကို ပရီးမီးယား လိဂ်ပြိုင် ပွဲကြီးကို ပြန်ရောက် စေဖို့ ပဲဖြစ်ပါတယ်။အဲ့ဒီမှာ ကျွန်တော့် အနေနဲ့ လည်း သူတို့အတွက် ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ရွိုင်ယန်ဂစ်တုန်းက ဆိုရင် သူ့ရဲ့ အသက် ၄၀ မပြည့်မီ အချိန်တွေ အထိ ပရီးမီးယားလိဂ်မှာ ကစားနိုင်ခဲ့ ပါတယ်။ဂါရတ် ဘယ်ရီ ဆိုရင် လည်း အသက် ၄၀ အရွယ်အထိ ပရီးမီးယား လိဂ်မှာ ကစား ချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

အရေးကြီးတာကတော့ ဘောလုံး အကြောင်း ကို နားလည်ဖို့ ပဲဖြစ်ပါတယ်။ဘောလုံး ကွင်း အတွင်း ပတ်ပြေး နေဖို့မဟုတ် ပါဘူး။ခေါင်းသုံးပြီး ပွဲတွေကို ကစားနေဖို့ သာဖြစ်ပါတယ်။

တခါတလေမှာ ဆိုရင်တော့ ဒီပြိုင်ပွဲကြီး မှာ ကစားခွင့် ဆုံးရှုံးရတတ်ပါတယ်။ဘာကြောင့် လည်းဆိုတော့ ခင်ဗျား အနေနဲ့ ဂိုးတွေသိပ်များများစားစား မသွင်းနိုင်တော့တာတို့ တခြားကိစ္စ တွေကြောင့်ဖြစ်ပါတယ်။မှန်ကန်သင့်တော်တဲ့ အသင်းတသင်းသာအနားမှာရှိရင် ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်ပါသေးတယ်။

ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစားခဲ့တဲ့ အသင်း၂ သင်းကတော့ ယူနိုက်တက် အသင်းနဲ့ အဲဗာတန် တို့ပဲ ဖြစ်ပါတယ်။အခုဆိုရင် ကျွန်တော်က ဒါဘီ အသင်းမှာ ရှိနေပြီဖြစ်ပါတယ်။သူတို့နဲ့ လည်း အဲ့ဒီ ပြိုင်ပွဲမှာ ကစားနိုင်မယ် လို့ မျှော်လင့်ထားပါတယ် ” လို့ပြောခဲ့ပါတယ်။