ဟားလန်း ၊ မန်ဇူကစ် တို့ကို ကျော်လွန်ပြီး တိုက်စစ်အတွက် ယူနိုက်တက်တို့ ဘယ်သူ့ကို ခေါ်ယူသင့်သလဲ ဆိုတာ ပြောကြားလိုက်တဲ့ #ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ် က ယူနိုက်တက် အတွက် ဟားလန်း ၊ မန်ဇူကစ် တို့ဟာ ခေါ်ယူ သင့်တဲ့ တိုက်စစ်မှူး တွေ မဟုတ် ကြပဲ ပရီးမီးယား လိဂ်မှာ အတွေ့အကြုံ ကောင်းမွန်တဲ့ တိုက်စစ်မှူး ကို ခေါ်ယူခြင်း က ပိုပြီး အဓိပ္ပါယ် ရှိနေ လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

လက်ရှိ ရာသီ အတွင်း မှာတော့ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား တွေဟာ အခွင့်အရေး တွေကို ကောင်းစွာ အသုံးမချ နိုင်ခဲ့ တာကြောင့် လာမယ့် အပြောင်း အရွှေ့ အတွင်း တိုက်စစ် ကစားသမား တစ်ဦး ခေါ်ယူ သင့်တယ် ဆိုတဲ့ အကြံ ပေးမှု တွေ ကျယ်လောင် ခဲ့ပါ သေးတယ် ။

အခုတော့ ယူနိုက်တက် တိုက်စစ်ပိုင်း ဟာ ရပ်ရှ်ဖို့ ရဲ့ ဂိုးတွေ ပွဲဆက် သွင်းယူ နိုင်မှု ၊ မာရှယ် နဲ့ ဂျိမ်းစ် တို့ အပြင် လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် ကပါ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ မှုကြောင့် တိုက်စစ်ပိုင်း မှာ တိုးတက်မှုတွေ ရှိလာခဲ့ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဟားလန်း ဟာ ဆဲလ်ဘတ် အသင်း နဲ့ အတူ ဆက်တိုက် ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့မှု ကြောင့် ခေါ်ယူ လိုတဲ့ အသင်း တွေ များပြား နေခဲ့ သလို ဂျူဗင်တပ် အသင်း မှ ထွက်ခွာ ရဖို့ သတင်းကြီး နေတဲ့ မန်ဇူကစ် ကိုလည်း ပစ်မှတ် ထားနေ ခဲ့တဲ့ အသင်း တွေ ရှိနေ ခဲ့ ပါတယ် ။

ဒါပေမယ့် ဘာဘာတော့ဗ် ကတော့ ပရီးမီးယား လိဂ် အတွေ့ အကြံု မရှိ ကြတဲ့ အဆိုပါ ကစားသမား တွေထက် ယူနိုက်တက် အတွက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီ ကိန်းက ပိုပြီး အဓိပ္ပါယ် ရှိတဲ့ ခေါ်ယူ မှှု ဖြစ်လာ လိမ့်မယ် လို့ ယုံကြည် ကြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။

” လက်ရှိ ပုံစံ ကောင်းတွေ အရ ယူနိုက်တက် အသင်း အနေ နဲ့ ဇန်နဝါရီ မှာ တိုက်စစ် ကစားသမား တစ်ဦး တစ်ယောက် ခေါ်ယူ သင့်တယ် လို့တော့ ကျွန်တော် မထင် ပါဘူး ။ သူတို့ အသင်း မှာ ရွေးချယ် စရာ တွေ ရှိနေ ခဲ့ ပါပြီ ”

” ကျွန်တော် ကတော့ မားကပ်စ် ရပ်ရှ်ဖို့ ကို ပိုပြီး ကောင်းမွန် စေချင် ပါတယ် ။ ကျွန်တော် ဟာ အန်သိုနီ မာရှယ် ကို နှစ်သက် လှသူ တစ်ဦး ပါ ။ ဒါ့အပြင် မာဆွန် ဂရင်းဝုဒ် ကိုလည်း ကွင်းထဲ မှာ ပွဲ ကစား ချိန် မိနစ် တွေ ဒီထက် ပိုပြီး ရစေ ချင်နေ ပါတယ် ”

” ယူနိုက်တက် အသင်း ထဲမှာ ပါရမီ ကောင်းသူ တွေ ရှိတယ် လို့ ကျွန်တော် ထင် ပါတယ် ။ ဒီလို အချိန် မှာ အလာအလာ ကောင်းတဲဲ့ ဟားလန်း နဲ့ အတွေ့ အကြံု ကြွယ်ဝ တဲ့ မန်ဇူကစ် တို့လို ကစားသမား တွေကို ခေါ်ယူခြင်း က လက်ရှိ အသင်းသား တွေ အတွက် အကျိုး မရှိတဲ့ အရာ တစ်ခု ဖြစ်စေ လိမ့်မယ် လို့ ကျွန်တော် ထင် ပါတယ် ”

” ဟားလန်း ဟာ ဇန်နဝါရီ မှာ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းမယ် ဆိုတဲ့ ကောလဟာလ တွေ ကျွန်တော် ကြားမိ ပါသေးတယ် ။ သူဟာ တိုက်စစ် ကစားသမား ကောင်း တစ်ဦး ဖြစ်ပြီး ထိချက် တွေနဲ့ ဂိုး ရယူ ပေးနိုင် သူပါ ။ ဒါဟာ ရပ်ရှ်ဖို့ ၊ မာရှယ် တို့ရဲ့ ကစားပုံ တွေနဲ့ ခြားနား လှ ပါတယ် ”

” ဟားလန်း ဟာ ယူနိုက်တက် အတွက် ခြားနား တဲ့ အရာ တွေကို ယူဆောင် လာနိုင် ပါ လိမ့်မယ် ။ သူ့ အနေ နဲ့ သြစတြေးလျ က ရက်ဘူး ဆဲလ်ဘတ် အသင်း ကနေ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ လာမယ် ဆိုကြီး ကြီးမား လွန်းတဲ့ ခြေလှမ်း တစ်ခု ပါပဲ ။ ဒါ့ကြောင့် ယူနိုက်တက် အနေ နဲ့ သူဟာ မှန်ကန် တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်နိုင် မလား ၊ အသင်း နဲ့ ကိုက်ညီ မလား ဆိုတာ ဂရုတစိုက် လေ့လာရ ပါ့မယ် ”

” အကယ်လို့ သူတို့ တွေဟာ ဟယ်ရီ ကိန်းကို ခေါ်ယူ နိုင်မယ် ဆိုရင် ဒါဟာ တစ်ကယ့် ကို ခမ်းနား နေပါ လိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ အရာရာ တိုင်းကို ပိုင်ဆိုင် ထားတယ် လေ ။ ဒါပေမယ့် အဲ့တာ က ဖြစ်လာ နိုင်မှာ မဟုတ် ပါဘူး ”

” ယူနိုက်တက် ပရိသတ် တွေက အံ့အား သင့်မှု တွေ ပေးဆောင် နိုင်မယ့် တိုက်စစ် ကစားသမား တွေကို တွေ့မြင် လိုကြ တာပါ ။ ခံစစ် ကစားသမား တွေကို ကျော်ဖြတ် ပြီး ရှုထောင့် မျိုးစုံ ကနေ ဂိုးတွေ သွင်းယူ နိုင်သူ မျိုးပေါ့ ။ ဒါဟာ ယူနိုက်တက် ကစားသမား သစ် အဖြစ် ဖိအား တွေကို အရင်ဆုံး ရင်ဆိုင် ရမယ့် ကစားသမား တွေနဲ့ ယှဉ်ရင် ခြားနား လှ ပါတယ် ”

” လက်ရှိ အချိန် မှာတော့ ခေါ်ယူ လို့ ရရှိ နိုင် ကြမယ့် ၊ ယူနိုက်တက် အသင်း ရဲ့ ကစားဟန် မှာ ကိုက်ညီ ကြမယ့် တိုက်စစ် ကစားသမား တွေဟာ အရမ်း ကို နည်းပါး နေကြ ပါတယ် ” လို့ ဘာဘာတော့ဗ် က ဝန်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။