အကြွေးစာရင်း ယူရို 888 သန်း ရှိနေတဲ့ ဘာစီလိုနာ

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ဘာစီလိုနာ အသင်းရဲ့ အကြွေးစာရင်းဟာ ယူရို သန်း 800 ကျော်အထိ မြင့်တက်လာလျှက် ရှိနေတယ်လို့ သိရပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဒါကြောင့်လဲ သူတို့ဟာ ဂရစ်ဇ်မန်း ရဲ့ ပြောင်းရွှေ့ကြေး ပမာဏကို အရစ်ကျနဲ့ ပေးချေဖို့ ညှိနှိုင်းခဲ့တာ ဖြစ်သလို ၊ နောက်ပိုင်း နှစ်တွေမှာ မူရီလို ၊ ဘိုတန် ၊ မာကွန် တို့လို အသင်းရဲ့ Standard နဲ့ ကိုက်ညီမှု မရှိတဲ့ ကစားသမားမျိုးတွေ ခေါ်ယူကာ အရံအင်အားအဖြစ် သုံးစွဲခဲ့တာဖြစ်နိုင်ပါတယ်။

သတင်းအရတော့ အခုလို အကြွေးစာရင်း မြင့်တက်နေတဲ့ အဓိက အကြောင်းအရင်းဟာ ဘာစီလိုနာ ရဲ့ Espai Barça စီမံကိန်းကြောင့်လို့ ဆိုပါတယ်။ ဒီ စီမံကိန်းဟာ ဘာစီလိုနာ ရဲ့ အားကစား ဆိုင်ရာ အခြေခံ အဆောက်အဦး ပရ၀ဏ်ကို ကမ္ဘာ့အဆင့်မီဆုံး နဲ့ အခမ်းနား ဖြစ်အောင် အဆင့်မြှင့်တင်နေတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။

နူးကမ့်ကွင်းကြီးကို နောက်ဆုံးပေါ် ဒီဇိုင်း နည်းပညာတွေ နဲ့ ပေါင်းစပ်ပြီး ပရိသတ် 105000 ဆံ့ ၀င်းကြီး အဖြစ် တိုးချဲ့ သွားမှာ ဖြစ်သလို ၊ ဘက်စ်ကက်ဘော ကွင်းအဖြစ် အသုံးပြုနေတဲ့ Palau Blaugrana ကွင်းကိုလဲ ပရိသတ် 12500 ဆံ့ အဖြစ် တိုးချဲ့သွားမှာပါ ။

နူးကမ့်ကွင်း အဆင့်မြှင့်တင်မှုမှာတော့ ထိုင်ခုံ အရေအတွက် အပြင် ၊ တစ်ကွင်းလုံး အမိုး မိုးထားပြီး ကာရံပေးထားမှာ ဖြစ်ကာ ၊ ကားပါကင် ဧရိယာ နဲ့ VIP ထိုင်ခုံတန်းကိုလဲ တိုးချဲ့သွားမှာ ဖြစ်ပြီး ၊ ဘောလုံးပွဲ ကြည့်ရင်း စားသောက်လို့ရတဲ့ အဆင့် မြင့် စားသောက်ဆိုင်တန်းတွေကိုပါ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

အဲဒီ စီမံကိန်း အကောင်အထည် ဖော်ဆောင်နေမှုဟာ 2021 ခုနှစ်မှာ အပြီးသတ် နိုင်ဖို့ မျှော်လင့်ထားပေမယ့် ၊ တကယ်တမ်းမှာတော့ 2023 ခုနှစ် ရောက်မှသာ ပြီးစီးဖွယ်ရှိနေတယ်လို့ နောက်ဆုံးရ သတင်းတွေက ဖော်ပြလျှက် ရှိနေပါတယ်။

စီမံကိန်းကြောင့် အကြွေးစာရင်းဟာ ယူရို 888 သန်း ပြနေသော်လဲ ၊ လက်ရှိ ငွေစာရင်း အရ အခြား အစိတ်ပိုင်းတွေက ရစရာ ၀င်ငွေ 384 သန်း ပြန်နှုတ်လိုက်မယ် ဆိုရင်တော့ အသားတင် အကြွေး ပမာဏဟာ 504 သန်း အထိသာ ရှိနေတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် တုန်းက သူတို့ ကလပ်ဟာ အကြွေးပမာဏ ယူရို သန်း 200 အထိ လျှော့ချဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ၊ တကယ်တမ်းမှာ အကောင်ထည်ဖော် နိုင်ခဲ့ခြင်း မရှိသလို ၊ ကော်တင်ဟို ရဲ့ အပြောင်းအရွှေ့ ကနေ လီဗာပူးထံလဲ ယူရို 96 သန်း ပေးချေ စရာ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဒါကြောင့် ကတ်တလန် သတင်းတွေဟာ ကော်တင်ဟို ကို ခေါ်ယူဖို့ လီဗာပူး စိတ်ဝင်စားနေကြောင်း ဒီရက်ပိုင်းမှာ ရေးသား လာခဲ့တာ ဖြစ်သလို ၊ အေးဂျင့် ဖြစ်သူ ဂျော်ရဘ်ချိန် ကလဲ ကစားသမား ရဲ့ နှလုံးသားထဲမှာ လီဗာပူး က နေရာ ယူထားဆဲပဲလို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

လီဗာပူး အနေနဲ့ ကော်တင်ဟို ကို ပြန်ခေါ်ယူမယ် ဆိုပါက အဆိုပါ အကြွေး ပမာဏ နဲ့တင် အိတ်စိုက်စရာ မလိုဘူးလို့ သတင်းထောက် တစ်ချို့ သုံးသပ်နေကြပါတယ်။

ဘာစီလိုနာ ရဲ့ အကြွေး ပမာဟာ နောက်ပိုင်းနှစ် အပြောင်းအရွှေ့ ကာလတွေမှာ ကစားသမားခေါ်ယူမှု များပြားလွန်းတာကြောင့်လဲ အခုလို ပမာဏ အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကော်တင်ဟို အတွက် ယူရို သန်း 160 အထိ ပေးချေခဲ့သလို ၊ ဒမ်ဘီလီ အတွက်လဲ ယူရို သန်း 140 အထိ ပေးခဲ့တာ အကြွေးစာရင်းကို မြင့်တက်စေခဲ့တာပါ။

သူတို့ရဲ့ ကစားသမား ခေါ်ယူမှုတွေ ကြည့်လိုက်ရင် လက်ရှိ အပြောင်းအရွှေ့မှာတင် ယူရို 233 သန်း အထိ သုံးစွဲထားသလို ၊ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ယူရို 130 သန်း နဲ့ 2017-18 ဘောလုံးရာသီမှာ 375 သန်း ၊ 2016-17 ဘောလုံးရာသီမှာ 125 သန်း စီ အသီးသီး သုံးစွဲထားတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နေမာကိုပါ ထပ်မံ ခေါ်ယူဦးမယ် ဆိုပါက အသင်းမှာ ရှိတဲ့ ကစားသမားတွေထဲက ငွေများများ ရရှိနိုင်မယ့် ဘောလုံးသမားတွေကို သေချာပေါက် ပြန်လည် ရောင်းချဖို့ လိုအပ်နေပါပြီ။

အသင်းရဲ့ လစာပေးချေမှု နှုန်းထားကလဲ အမြင့်ဆုံးအထိ ဖြစ်နေပြီး ၊ မက်ဆီ ၊ ဆွာရက် ၊ ဘက်စ်ကွက် ၊ ပီကေး ၊ ရာကီတစ် တို့ကလဲ အသက် 30 ကျော်တွေ ဖြစ်လာနေတာကြောင့် ၊ ဘာစီလိုနာ အနေနဲ့ လာမယ့် ဘောလုံးရာသီတွေမှာ အသင်းရဲ့ အောင်မြင်မှုကို ရှာဖွေ ရင်း ၊ အပြောင်းအရွှေ့ ကိစ္စတွေကိုလဲ ပါးပါး နပ်နပ် လုပ်ဆောင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

ဒီလို အတွင်းရေး ကိစ္စတွေရှိနေတာကြောင့်လဲ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေအကြား အသင်းရဲ့ လှုပ်ရှားမှုတွေ နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ကာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ဒု ဥက္ကဌ ယော်ဒီ မက်စ်ထရီဟာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဘာတိုမြူ ရဲ့ အသင်းကို ဦးဆောင်မှုဟာ ဘယ်အတိုင်းအတာထိ မှန်ကန်လဲ ဆိုတာ စောင့်ကြည့်ကြရတော့မှာပါ။

လက်ရှိ အချိန်မှာတော့ ဗယ်ဗာဒီကို ထောက်ခံချက်ပေးပြီး ၊ ပရိသတ်တွေ ရဲ့ ဝေဖန်သံ မထွက်အောင် ဂရစ်ဇ်မန်း နဲ့ နေမာ ကို ထပ်ခေါ်ပြီး ဖြေသိမ့်တဲ့ အကွက်က တကယ်တမ်း အလုပ်ဖြစ်မလား ဆိုတာ……………..

SM