နောက်တန်း ပြဿနာကို ဖြေရှင်းဖို့အတွက် ပေါင် ၁ သန်းတန် နောက်ခံလူကို စောင့်ကြည့်နေတဲ့ အာဆင်နယ်

အမ်မရီ

အာဆင်နယ် အသင်းဟာ အားနည်း နေတဲ့ နောက်တန်း အင်အား တောင့်တင်းဖို့ အတွက် စတီဗင်နေဂ်ျ့ အသင်း ရဲ့ လူငယ် ခြေတက် ကစားသမားလေး လူသာ ဂျိမ်းစ်ဝီလ်ဒင် ( Luther James-Wildin ) ကို ခေါ်ယူဖို့ စောင့်ကြည့် နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အာဆင်နယ် အသင်း ကင်းထောက်တွေဟာ ၂၁ နှစ်အရွယ် ညာနောက်ခံလူ လူသာ ဂျိမ်းစ်ဝီလ်ဒင် ရဲ့ ခြေစွမ်းကို စောင့်ကြည့် နေတာ ကြာပြီ ဖြစ်ပြီး နည်းပြ အမ်မရီ ကလည်း ဘယ်လာရင် ရဲ့ အရန် ကစားသမား အဖြစ် ခေါ်ယူ ချင်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။

အူနိုင်း အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီမှာတုန်းက အဓိက ညာနောက်ခံလူ ဘယ်လာရင် ကာလရှည်ကြာ အနားယူနေရတာကြောင့် အတော်လေး အခက်တွေ့ နေခဲ့ပြီး လက်ခ်ျစတိုင်နာ ၊ ဂျက်ကင်ဆန် ၊ မူစတာဖီ တို့ ကို အ သုံး ပြု ကြည့် ပေ မယ့် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။ ဒါကြောင့် အမ်မရီ ဟာ ကွင်းလယ်လူ မိတ်လန်နိုင်းလ်စ် ကို ညာနောက်ခံလူ နေရာမှာ ထားကစား ခဲ့ရပါတယ် ။

ဟက်တာ ဘယ်လာရင် ဟာ နှစ်အစတုန်းက ချဲလ်ဆီး အသင်း နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဘယ်ဘက် ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကြောင့် လက်ကျန် ပွဲစဉ် အားလုံးကို လွဲချော်ခဲ့ပါ တယ် ။ ဒါ့အပြင် ဘယ်လာရင် ဟာ ယခု အချိန်အထိ ဒူးဒဏ်ရာ အရှင်း မပျောက်သေးတာကြောင့် ရာသီကြို ခြေစွမ်းပွဲတွေကို လွဲချော်မှာ ဖြစ်တဲ့ အပြင် ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ်အချို့ မှာလည်း ပွဲထွက် ကစားနိုင်ဖွယ် မရှိကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

Football London ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်း ကင်းထောက်တွေဟာ လိဂ်တူး ကလပ် စတီဗင်နေ့ဂ်ျ အသင်း ညာနောက်ခံလူ ဂျိမ်းစ်ဝီလ်ဒင် ရဲ့ ခြေစွမ်းကို စောင့်ကြည့် နေတာ ကြာပြီ ဖြစ်ပြီး သဘောကျ နှစ်သက်တာကြောင့် ခေါ်ယူဖွယ် ရှိနေတယ်လို့ သိရပါတယ် ။

ဂျိမ်းစ်ဝီလ်ဒင် ဟာ ပြီးခဲ့တဲ့ ရာသီကမှ အင်္ဂလန် လိဂ်တူး ကလပ် စတီဗင်နေဂ်ျ့ အသင်းကို ရောက်ရှိ လာတာ ဖြစ်ပြီး ပြိုင်ပွဲစုံ စုစုပေါင်း ၄၁ ပွဲ ကစားပေး ခဲ့ကာ ၁ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဝီလ်ဒင် ဟာ ပြီးခဲ့တဲ့ ရာသီက စတီဗင်နေ့ဂ်ျ အသင်း ရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရရှိ ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ တန်ကြေးဟာလည်း ပေါင် ၁ သန်း ဝန်းကျင်သာ ရှိပါတယ် ။

Arsenal’s players pose for the team photo prior to the UEFA Europa League final football match between Chelsea FC and Arsenal FC at the Baku Olympic Stadium in Baku, Azerbaijian on May 29, 2019. (Photo by Alexander NEMENOV / AFP)

အာဆင်နယ် အသင်း ကင်းထောက်တွေဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ စတီဗင်နေဂ်ျ့ အသင်း နဲ့ (ဝင်းဂိတ်နှင့်ဖင့်ရှ်လေ) အသင်းတို့ရဲ့ ခြေစမ်းပွဲကို သွားရောက် ကြည့်ရှု ခဲ့ပြီး ဝီလ်ဒင် ရဲ့ ခြေစွမ်းကို ထပ်မံ အကဲခတ် ခဲ့တယ်လို့ သိရပါတယ် ။ အဆိုပါ ပွဲမှာ ဝီလ်ဒင် ဟာ ပထမပိုင်း ပွဲချိန် ၄၅ မိနစ် အထိ ကစားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ကလပ် အသင်းတွေဟာ ယခု နောက်ပိုင်းမှာ လိဂ်တူး ကလပ် အသင်းက လူငယ် ကစားသမားလေးတွေကို ပစ်မှတ် ထားလာကြပြီး ၊ မနှစ်တုန်းကလည်း ဝက်ဖိုဒ့် အသင်းဟာ စတီဗင်နေ့ဂ်ျ နောက်ခံလူ ဘန်ဝီမော့ ကို ခေါ်ယူ ခဲ့ ပါ သေး တယ် ။

SPORTS MYANMAR