ဂရစ်ဇ်မန်းဟာ ဘာစီလိုနာနဲ့ ဘယ်လောက်အထိသင့်တော်လိုက်ဖက်မှုရှိလဲဆိုတာမှတ်ချက်ပေးလိုက်တဲ့ ဆိုစီဒက်နည်းပြဟောင်း 

Grizemann

ဆိုစီဒက် အသင်းရဲ့ နည်း ပြဟောင်းတဦးဖြစ်တဲ့လတ်ဆာတီက ဘာစီလိုနာ အသင်းကို ပြောင်ရွှေ့သွားခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ လုပ်ရပ်ကို အားပေးထောက်ခံစကားပြောဆိုလိုက်ပါတယ်။သူတို့ ၂ဦးဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆိုစီဒက်အသင်းမှာ အလုပ်တွဲလုပ်ဖူးကြသူတွေ လည်းဖြစ်ပါတယ်။ ဂရစ်မန်းဟာ ပြင်သစ်သားတဦးဖြစ်ပေမယ့် ဆိုစီဒက် လူငယ်အသင်းမှာရှိနေခဲ့ တာဖြစ်ပြီး နည်းပြသစ်ဖြစ်လာတဲ့လတ်ဆာတီက စီနီယာအသင်းကို စတင်ပြီးခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ဂရစ်ဇ်မန်းဟာဆိုစီဒက် အသင်းအတွက် လာလီဂါ ပွဲပေါင်း ၁၈၀ အထိကစားပေးခဲ့ပြီး သွင်းဂိုး ၄၆ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အေတီကို အသင်း ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘောလုံး စင်မြင့်ပေါ်က အကောင်းဆုံး တိုက်စစ် ကစားသမားတွေထဲကတဦးဖြစ် လာခဲ့တာဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

အေတီကိုမှာ ၅ရာသီကြာဖြတ်သန်းခဲ့ပြီး လာလီဂါပွဲပေါင်း ၁၈၀ ကစား ၉၄ဂိုးအထိသွင်းယူ ပေးနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီမကုန်မီမှာကတည်းက အေတီကို အသင်းကနေ ထွက်တော့မယ့် အကြောင်းကို ထုတ်ပြောထား ခဲ့တာဖြစ်ပြီး မြင့်မားတဲ့ စာချုပ်ဖြတ်သိမ်ကြေးကြောင့်ကြန့်ကြာနေတာဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်ဖြတ်သိမ်းကြေးဟာ ဇူလိုင်လ ၁ရက်နေ့မှာမှ ပေါင်သန်း ၁၂၀ သာကျန်တော့လို့ ဘာစီလိုနာအသင်းက အဆိုပါ ပမာဏကိုပေးချေပြီး ၅နှစ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အေတီကို အသင်းကတော့အဆိုပါအပြောင်းအရွှေ့ဟာ အရင်က တည်းက သဘောတူညီမှုရထားတာဖြစ်လို့နောက်ထပ်ယူရို သန်း ၈၀ အထိထပ်လိုချင်နေတယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။

Griezmann
Barcelona’s new French forward Antoine Griezmann poses during a photocall in Barcelona on July 13, 2019 on the eve of his official presentation by the Spanish football club. (Photo by LLUIS GENE / AFP)

ဘာစီလိုနာ နည်းပြကြီး ဗယ်ဗာဒီယာ ပြီးခဲ့တဲ့ရာသီ အသင်းရဲ့ တိုက်စစ်မှာ ဆွာရက်ဇ် နဲ့ မက်ဆီအတွဲကို အမြဲတမ်းအသုံးပြုထားခဲ့တာဖြစ်ပြီး PSG တိုက်စစ် မှူး နေမာဟာလည်း နူးကမ့်ကို ပြန်ရောက် လာဖွယ်ရှိနေလို့ ဂရစ်ဇ်မန်းရဲ့ အခန်း ကဏ္ဍ ဟာဘယ်လိုဖြစ်လာမယ်ဆိုတာပြောလို့မရသေးတာဖြစ်ပါတယ်။ ဘာစီလိုနာကိုပြောင်းသွားခဲ့တဲ့ တပည့်ဟောင်းနဲ့ ပတ်သက်ပြီး လတ်ဆာတီက- ” သူဘာစီလိုနာကိုယမန်နှစ်ကတည်းက ရောက်ဖို့ ရှိခဲ့တယ် လူတိုင်းအသိပဲဖြစ်ပါတယ်။ဘာစီလိုနာ ပရိသတ်တွေက သူ့ကို စိတ်ဆိုးဒေါသထွက်တာတွေရှိခဲ့ပေမယ့် အေတီကိုမှာဆက်နေခဲ့တာဟာ မှန် ကန်တဲ့ ဆုံးဖြတ်ချင်လို့ ကျွန်တော်ထင်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားတွေ အကုန်သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒါကြောင့် လည်းဒီအချိန်ဟာ အဲ့ဒီကိုပြောင်းကို ဖို့ အချိန်ကောင်းလို့ယူဆပါတယ်။

ဂရစ်ဇ်မန်းအနေနဲ့ အလွယ်အသားကျပြီး သူတို့ပြန်လာနိုင်အောင်ကူညီနိုင်မယ်လို့ ယူဆပါတယ်။ ဘာကြောင့်လည်းဆိုတော့သူဟာပျော်ပျော်နေတတ်ပြီး အကောင်းမြင်တတ်တာကြောင့်ဖြစ်ပါတယ်။ယမန်နှစ်ရာသီမှာ ဘာစီလိုနာအသင်းကြုံ တွေ့ထားခဲ့ရတဲ့အခြေအနေတွေကြောင့်လည်း သူ့ရဲ့ပြောင်းရွှေ့မှုဟာလက်မှာ လက်စွပ် ဝတ်ဆင်လိုက်သလို အဆင်ပြေအသားကျသွားပါလိမ့်မယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းနှစ်တွေ အတွင်း ဆက်တိုက် တိုးတက်လာခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ခြေစွမ်း အပေါ်ကိုလည်း လတ်ဆာတီက – ” ကမ္ဘာ ပေါ်က အကောင်းဆုံးတိုက်စစ်မှူးတယောက်ဖြစ်လာဖို့ သူ့အနေနဲ့ ကြီးမားတဲ့ အဆင့်တခု ခြေလှမ်းတခုကို တက်လှမ်းထားခဲ့ရပါတယ်။သူဟာငယ်စဉ်ကတည်း ပပိုင်ဆိုင်ထားတဲ့ အချို့အရာတွေကိုလည်း ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ သူဟာ ပွဲရဲ့အခြေအနေကိုဖတ်နိုင်သူဖြစ်ပါတယ်။

Griezmann
Jerseys bearing the name of Barcelona’s new French forward Antoine Griezmann are displayed at the official store ahead of a photocall in Barcelona on July 13, 2019 on the eve of his official presentation by the Spanish football club. (Photo by LLUIS GENE / AFP)

သူ့ရဲ့ဖြတ်တင်ဘောတွေကို လည်း ကျွန်တော်တို့ လေးစားအထင်ကြီးကြပါတယ်။သူ့ရဲ့ ဘောလုံးဆွဲယူကျော်ဖြတ်ပုံတွေ ဂိုးကန်သွင်းမှုတွေ လည်း အတူတူပဲဖြစ်ပါတယ်။ သူဟာ လူတော်တဦးဖြစ်ပြီး ကွင်းအတွင်း ဘယ်လိုဆုံးဖြတ်ချက်တွေချမှတ်ရမ ယ်ဆိုတာ နားလည်ပါတယ်။သူဟာဘယ်လို အချိန်မှာ အရှိန်မြှင့်ကစားသင့်တယ်၊ ဘယ်လိုအချိန်မှာရပ်သင့်တယ်၊ ဘယ်အချိန်မှာဘောလုံးဆွဲယူပြေးသင့်တယ်၊ အနီးကပ်လား အဝေးဘောပေး ပို့ရမှာလည်းဆိုတာတွေကို သိပါတယ်” လို့ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

SM