ဘောလုံး လောကဆီ အရမ်းကို ပြန်လာချင်နေပေမယ့် မလာဖြစ် သေးတဲ့ အကြောင်းအရင်းကို ဖွင့်ဟလိုက်တဲ့ #မော်ရင်ဟို

ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်း တို့ရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို က ဘောလုံး နည်းပြ လောက ဆီ ပြန်လာ နိုင်ဖို့ အတွက် အရမ်းကို ဆန္ဒ တွေ ပြင်းထန် နေပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပေမယ့် မှန်ကန် တဲ့ အသင်း ရဲ့ ကမ်းလှမ်း မှုကို စိတ်ရှည် စွာ စောင့်မျှော် ဦးမယ့် အကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း မှ ထုတ်ပယ် ခံလိုက် ရတဲ့ နောက် ပေါ်တူဂီ နိုင်ငံသား ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ ကမ်းလှမ်း မှု များစွာ ရရှိ ထားခဲ့ ပေမယ့် လက်မခံ ခဲ့ပဲ အလုပ် လက်မဲ့ အဖြစ် သာ ရှိနေ ခဲ့ ပါတယ် ။

” ကျွန်တော် ဘောလုံး လောက ဆီ ပြန်လာ ဖို့ အတွက် အရမ်း ကို ဆန္ဒ ပြင်းထန် နေ ပါပြီ ။ ဒါပေမယ့် ကျွန်တော် ဟာ မှန်ကန် တဲ့ အသင်း နဲ့ မှန်ကန် တဲ့ စီမံကိန်း တစ်ခု ကို စိတ် ရှည်ရှည် နဲ့ စောင့်မျှော် သွားဖို့ ရှိနေ ပါတယ် ”

” လက်ရှိ အဓိပ္ပါယ် ရှိတဲ့ အခိုက်အတန့် တွေမှာ တော့ ကျွန်တော့် ရဲ့ အချိန် တွေကို ကျွန်တော် လုပ်ချင် တဲ့ အရာ တွေနဲ့ ဖြတ်သန်း နေ ပါတယ် ။ ကျွန်တော် အလုပ် လုပ်နေ ရတာ ကို ပိုပြီး နှစ်သက် လှ ပါတယ် ”

” ကျွန်တော် အခြား အားကစား နည်း တွေကို လည်း နှစ်ခြိုက် ခုံမင် ပါတယ် ။ ကျွန်တော် အခု အဲ့တာ တွေကို ပျော်ရွှင် ခံစား ခွင့် ၊ သွားရောက် ကြည့်ရှု ခွင့်တွေ ရရှိ နေတယ် လေ ” လို့ မော်ရင်ဟို က ဆိုသွား ခဲ့လိုက် ပါတယ် ။

အဲ့ဒီနောက် နှစ်ကြိမ် အထိ ကိုင်တွယ် ခဲ့ပြီး 5 နှစ် အထိ ဦးဆောင် နည်းပြ ခဲ့ ဖူးတဲ့ ချဲလ်ဆီး အသင်း ကို တပည့် ဟောင်း ဖြစ်သူ ဖရန့် လမ်းပတ် ကိုင်တွယ် ခွင့် ရရှိ နေတာ နဲ့ ပတ်သက် လို့ မေးမြန်း ခံရ တဲ့ အခါ မော်ရင်ဟို ဟာ မှတ်ချက် ပေးဖို့ ငြင်းဆန် သွားခဲ့ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဟာ မကြာသေးခင် ကပဲ ကမ္ဘာ့ ဘောလုံး လောက ရဲ့ အကြီးကျယ် အခမ်းနားဆုံး ကမ်းလှမ်း မှု တစ်ရပ် ဖြစ်တဲ့ တရုတ် ကလပ် မှ ပေါင် 88 သန်းတန် ကမ်းလှမ်း မှုကို ပယ်ချ ထားခဲ့ သေးတယ် လို့ Sky Sports သတင်း မှ ဖော်ပြ ခဲ့ပါ သေးတယ် ။

ဟိုဆေး မော်ရင်ဟို ဟာ နည်းပြ လောက ထဲ ပြန်လည် ဝင်ရောက် လိုနေ ခဲ့ ပေမယ့် ဥရောပ တစ်လွှား မှာပဲ ဆက်လက် နည်းပြ သွားဖို့ စိတ်အား ထက်သန် နေသူ ပဲ ဖြစ် ပါတယ် ။ ယခင် တုန်းကတော့ ဟိုဆေး ဟာ ဂျွန်လ အတွင်း နည်းပြ လောက ထဲ ပြန်လည် ဝင်ရောက် ဖြစ်မယ် လို့ ပြောကြား ထားခဲ့ ပါသေးတယ် ။

ဒါပေမယ့် လက်ရှိ ထွက်ပေါ် နေ ခဲ့တဲ့ သတင်း တွေ အရ တော့ မော်ရင်ဟို ဟာ ကလပ် အသင်း တစ်ခုခု ထက် နိုင်ငံ့ အသင်း တစ်ခုခု ရဲ့ လက်ရွေးစင် နည်းပြ တာဝန် ကို ထမ်းဆောင် ဖို့ ပိုမို ရေပန်းစား နေတယ် လို့ သိရှိ နေခဲ့ ရ ပါတယ် ။

မော်ရင်ဟို
Former Manchester United’s Portuguese coach Jose Mourinho answers to journalists at the Baselworld watch and jewellery fair in Basel on March 22, 2019. (Photo by SEBASTIEN BOZON / AFP)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ တုန်းက တော့ ဟိုဆေး မော်ရင်ဟိုက သူ တစ်ခါ မှ မကိုင်တွယ် ဖူးတဲ့ ဘွန်ဒက်လီဂါ ၊ လီဂူး ဝမ်း အသင်း တစ်သင်းသင်း ကို ကိုင်တွယ် နည်းပြ သွားဖို့ အတွက် စိတ် ဆန္ဒ ရှိနေ ကြောင်း ဖွင့်ဟ ပြောကြား ထားခဲ့ ပါ သေးတယ် ။

ဇန်နဝါရီ လ တုန်းက တော့ ပေါ်တူဂီ အခြေစိုက် ဘင်ဖီကာ အသင်း က မော်ရင်ဟို ကို ခေါ်ယူ လိုနေ ခဲ့ ပေမယ့် ဒါဟာ အိမ် ( ပေါ်တူဂီ ) ကို ပြန်ဖို့ စောနေ သေးတယ် လို့ ယူဆ ခဲ့တာ ကြောင့် မော်ရင်ဟို ဟာ အဆိုပါ ကမ်းလှမ်း မှုကို ပယ်ချ ထားခဲ့ ပါ သေးတယ် ။

မော်ရင်ဟို ရဲ့ နောက်ထပ် လားရာ က ဘယ်ဆီ ဖြစ် မလဲ ဆိုတာ …… ?

#Sports_Myanmar