မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် တောင့်တင်းသွားစေမယ့် အပြောင်းအရွှေ့ဗျုဟာ

Sell One, Buy Two, Keep Him . . .
မန်ချက်စတာ ယူနိုက်တက်ကို ပြန်လည် တောင့်တင်းသွားစေမယ့် အပြောင်းအရွှေ့ဗျုဟာ

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

===================================================

အချိန်တွေ က တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလို့ နေပါပြီ ။ အင်္ဂလန် ဘောလုံး ပြိုင်ပွဲ ၀င် အသင်းတွေ အတွက် သတ်မှတ် ပေးထားတဲ့ အပြောင်း အရွှေ့ ကာလ ပြီးဆုံးချိန် ဟာလည်း တဖြည်းဖြည်း နဲ့ နီးကပ် လို့ လာခဲ့ပြီ ဖြစ် ပါတယ် ။ အပြောင်း အရွှေ့ အတွက် ကလပ် အသင်းတွေ အားလုံး နီးပါး လှုပ်ရှား နေဆဲ ဖြစ်သလို ကောလ ဟာလ တွေ ကလည်း ပလူပျံလို့ နေဆဲ ဖြစ်ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အသင်း ကတော့ ရာသီကြို ခြေစမ်းပွဲ တွေ စတင် လို့ နေပါပြီ ။ လက်ရှိ အချိန် အထိ တော့ သူတို့ အသင်း မှာ ကစား သမား သစ် ၂ ယောက် ထပ် ရောက်လာ ပြီး ဟာရဲရား ၊ ဗလင်စီယာ အပါ အ၀င် လူငယ် ကစား သမား အချို့ ကတော့ ထွက်ခွာ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ယူနိုက်တက် အတွက် တော့ ဒီနှစ် နွေရာသီ ဟာ လုပ်စရာတွေ များခဲ့ ပါတယ် ။ အသင်းရဲ့ အဓိက ကစား သမားတွေ ကို စာချုပ် သက်တမ်းတိုး နိုင်ဖို့ ကြိုးစား ရသလို ရောင်းထုတ် ချင်တဲ့ သူတွေ ကိုလည်း ရောင်းထုတ် နိုင်ဖို့ လုပ်ဆောင် နေရ ပါတယ် ။ ဒါ့အပြင် အသစ် ခေါ်ယူလိုတဲ့ သူတွေ ကိုလည်း အချိန်မီ ခေါ်ယူ ဖို့ လှုပ်ရှား နေရ ပြန်ပါတယ် ။ အက်ဝုဒ်ဝက် အတွက်တော့ အလုပ်များတဲ့ နွေရာသီ ပါပဲ ။

ယူနိုက်တက်
Manchester United’s Norwegian manager Ole Gunnar Solskjaer (L) and players attend a training session at the Carrington training ground in greater Manchester, north west England on April 9, 2019, on the eve of their UEFA Champions League quarter final first leg football match against Barcelona. (Photo by Oli SCARFF / AFP)

ယူနိုက်တက် ဟာ နေရာစုံ လိုအပ် နေတဲ့ အသင်း ပါ ။ ပြီးခဲ့တဲ့ ရာသီ တုန်းက အဖက်ဖက် က အားနည်းမှု တွေ ရှိခဲ့တဲ့ အသင်းကို ကစား သမားသစ်တွေ နဲ့ ပြန်လည် အားဖြည့်ဖို့ ဆိုးရှား ရည်ရွယ်ထားခဲ့ ပါတယ် ။ ဒါပေမယ့် အခုထိ ဒန်နီရယ် ဂျိမ်းစ် နဲ့ ဘစ်ဆာကာ တို့ ၂ ဦးသာ ရောက်လာခဲ့ သေးပြီး ဒီ ၂ ယောက် ဟာ ယူနိုက်တက်ကို ပြန်ပြီး မတည့်မတ်ပေး နိုင်ပါဘူး ။

သိပ်ပြီး မကျန်တော့တဲ့ အပြောင်း အရွှေ့ နေ့ရက်တွေ မှာ ယူနိုက်တက် တို့ လုပ်ရမယ့် ကိစ္စ က များများ စားစား မရှိ ပါဘူး ။ Sell One, Buy Two, Keep Him ဆိုတဲ့ ဗျုဟာ ဟာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ရာသီသစ် ကို အင်အား အတန်အသင့် တောင့်တင်းပြီး ယှဉ်ပြိုင် စေဖို့ အထောက် အကူ ပြုပေးနိုင် ပါတယ် ။ ဒီတော့ ဘယ်သူတွေ ကို ၀ယ်ရမလဲ ။ ဒီဗျုဟာ အသက်ဝင်ဖို့ ဘယ်သူတွေ ကို ရောင်းရမလဲ ၊ ဘယ်သူတွေ ကို ၀ယ်ရမလဲ ၊ ဆက်ပြီး ထိန်းထား ရမှာက ဘယ်သူလဲ . . .

Sell One
ရောင်းထုတ်ရမယ့် ကစား သမားကတော့ တိုက်စစ်မှုး ရိုမီရို လူကာကူ ပဲဖြစ် ပါတယ် ။ ဘာလို့လည်း ဆိုတော့ လူကာကူ ဟာ ဆိုးရှား ရဲ့ ကစားကွက် နဲ့ အဆင်မပြေနိုင် သလို ပေါ့ဘာ ပြီးရင် ဈေးအမြင့်ဆုံး ရနိုင်တဲ့ ကစား သမား ဖြစ်နေ လို့ပါပဲ ။ သူ့ကို ရောင်းရတဲ့ ငွေ နဲ့ ကစား သမားကောင်းတစ်ယောက် ပြန်ခေါ်နိုင် ပါတယ် ။

လူကာကူ
Manchester United’s Belgian forward Romelu Lukaku (L) speaks with Manchester United’s Norwegian manager Ole Gunnar Solskjaer during the UEFA Champions league first leg quarter-final football match between Manchester United and Barcelona at Old Trafford in Manchester, north west England, on April 10, 2019. (Photo by Oli SCARFF / AFP)

လက်ရှိ မှာတော့ အင်တာ မီလန် နဲ့ ယူနိုက်တက် တို့ အကျိတ် အနယ် ဆွေးနွေး နေကြပါတယ် ။ ယူနိုက်တက် ဘက် က ပေါင် သန်း ၈၀ လောက် ရချင် နေပြီး အင်တာ ဘက်က တော့ အရစ်ကျ ခွဲပေးဖို့ နဲ့ အငှား + အပြီးသတ် ၀ယ်ဖို့ ကို ပဲ ပိုပြီး လိုလားနေခဲ့ ပါတယ် ။ ယူနိုက်တက် အနေနဲ့ သတိပြုရမှာ ကတော့ အင်တာ မှ မဟုတ်ရင် လူကာကူ ကို စိတ်ဝင်စားတဲ့ အသင်း မရှိဘူး ဆိုတာ ပါပဲ ။ ဈေးကိုင်တယ် ဆိုတာ အမြဲတမ်း မကောင်း ပါဘူး ။

Buy Two
ယူနိုက်တက် တို့ ၀ယ်ရမယ့် ကစား သမား ၂ ယောက် ရှိ ပါတယ် ။ တစ်ယောက် က လူကာကူ ကို ရောင်းရ ငွေ နဲ့ ခေါ်ရမှာ ဖြစ်ပြီး နောက်တစ်ယောက် က တော့ အိတ်စိုက် ရမှာပါ ။ သူတို့ ကတော့ ဟယ်ရီ မက်ဂွဲယား နဲ့ မီလန်ကိုဗစ် ဆာဗစ် တို့ ပါပဲ ။ မက်ဂွဲယား ဟာ ယူနိုက်တက် ရဲ့ ခံစစ် ကို အားကောင်း စေနိုင် သလို အမြင့်ဘော ခုခံမှု ၊ တည်ကန်ဘော ကနေ ခြိမ်းခြောက် မှု တွေ ကိုလည်း ပြုလုပ် နိုင် ပါတယ် ။ ခံစစ် ကို မဖြည့်နိုင်ဘူး ဆိုရင်တော့ ဒီဂီယာ စိတ်ကုန်သွား နိုင် ပါတယ် ။

မက်ဂွိုင်းယား
Leicester City’s English defender Harry Maguire waits for the ball to come into the area during the English Premier League football match between Arsenal and Leicester City at the Emirates Stadium in London on October 22, 2018. (Photo by Glyn KIRK / IKIMAGES / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 45 images, no video emulation. No use in betting, games or single club/league/player publications.

မီလန်ကိုဗစ် ဆာဗစ် ကတော့ ပေါ့ဘာ အတွက် ကူဖော် လောင်ဖက် ဖြစ်စေ မှာပါ ။ ဆာဗစ် ၊ ပေါ့ဘာ ၊ မာတစ် ဆိုတဲ့ ကွင်းလယ် ကို စိတ်ကူး ကြည့်လိုက်တာ နဲ့ တောင့်တင်း ပြီး နည်းစနစ် ပိုင်း အားကောင်းတဲ့ ကွင်းလယ် တစ်ခု ကို တွေ့မြင် နိုင်ပါလိမ့်မယ် ။ ဆားဘီးယား သားတွေ နဲ့ အကျိုးပေး တာ ကြောင့် ဆာဗစ် ဟာ ယူနိုက်တက် လိုအပ် နေတဲ့ နေရာ တစ်ခု အတွက် အသင့်တော်ဆုံး ကစား သမား ဖြစ်လာမှာပါ ။

Keep Him
မဖြစ်မနေ ထိမ်းထားရမယ့် ကစား ကတော့ ပေါလ် ပေါ့ဘာ ပါပဲ ။ အားလုံး သိပြီးတဲ့ အတိုင်း ပြင်သစ်သား ရဲ့ အရည် အသွေး ဟာ ထိပ်တန်း အဆင့် မှာ ရှိနေ ပါတယ် ။ အသင်း ပြောင်းချင်စိတ်တွေ ရှိနေ ပေမယ့် ဆိုးရှား ကတော့ ပေါ့ဘာ ကို မဖြစ်မနေ ဆက်ပြီး ထိန်းထား ဖို့ ဆုံးဖြတ် ထားမှာပါ ။ တကယ်တမ်း မှာလည်း ပေါ့ဘာ ဟာ ယူနိုက်တက် ရဲ့ အနာဂါတ် ဖြစ်လာ နိုင်ပါတယ် ။ ပရိသတ်တွေ ကတော့ ကြိုက်ချင်မှ ကြိုက်မှာပါ ။ ဒါပေမယ့် ဒါက အမှန် တရား ပါပဲ ။

အဆုံးသတ်ပြောရရင်တော့ လူကာကူ ကို ရောင်းပါ ၊ ရလာတဲ့ ပြောင်းရွှေ့ ကြေး ကို သုံးပြီး မက်ဂွဲယား ကို ခေါ်ပါ ၊ ဘဏ်တံခါး ကို ဖွင့်ပြီး မီလန်ကိုဗစ် ဆာဗစ် ကို ဆွဲဆောင် ပါ ၊ ဆာဗစ်ေ၇ာက်လာပြီ ဆိုရင် ပေါ့ဘာ ကို ဆက်နေအောင် ကြိုးစားလိုက်ပါ ။ ဒါဆိုရင် ယူနိုက်တက် ရဲ့ နွေရာသီ လုပ်ငန်းတွေ ဟာ ပြီးပြည့်စုံ လုနီးပါး ဖြစ်သွားမယ်လို့ ပြောလို့ ရနိုင်ပါတယ် ။ လာမယ့် ရာသီသစ် မှာ အခြေအနေ လှမယ် မလှဘူး ဆိုတာကတော့ သူတို့ တွေချည်း နဲ့ ပဲ ရတဲ့ ကိစ္စ မဟုတ်ပါဘူး ။

SPORTS MYANMAR