မန်ယူနိုက်တက် တို့ အရင်တုန်းက ရှိခဲ့တဲ့ နေရာကို သေချာပေါက် ပြန်ရောက် နိုင်လိမ့်မယ်လို့ ကြုံးဝါးလိုက်တဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီဂန်နာ ဆိုးရှား က သူတို့ဟာ မကြာသေးမီ နှစ်ပိုင်းတွေက ရုန်းကန်မှုတွေ ရှိခဲ့ပေမယ့်လည်း သရဲနီတို့ဟာ ဘောလုံးလောကရဲ့ ထိပ်ဆုံး နေရာကို ပြန်မရောက် နိုင်စရာ မကြောင်း မရှိဘူးလို့ ယုံကြည်နေ ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ရဲ့ ဦးဆောင် ပဲ့ကိုင်မှု အောက်မှာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အောင်မြင်မှု များစွာ ဆွတ်ခူး နိုင်ခဲ့တဲ့ ယူနိုက်တက် ဟာ 1990s က စပြီး ကမ္ဘာ့ အကြီးကြယ်ဆုံး ကလပ် တစ်ခု အဖြစ် တည်ဆောက် နိုင်ခဲ့ ပါတယ်။

ဖာဂူဆန် ဟာ ယူနိုက်တက် ကို ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ၊ အက်ဖ်အေဖလား ၅ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား ၂ ကြိမ် ဆွတ်ခူး ပေးနိုင် ခဲ့ပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က နည်းပြကြီး ဖာဂူဆန် အနားယူ သွားခဲ့ပြီး နောက်ပိုင်း ယူနိုက်တက် ဟာ စကော့တလန် နည်းပြကြီး လက်အောက်မှာ တုန်းက အောင်မြင်မှု တွေကို ပြန်လည် ရှာတွေ့ဖို့ ခဲယဉ်း နေခဲ့ပါတယ်။

Manchester United manager Sir Alex Ferguson (L) holds up the trophy after beating Chelsea in the final of the UEFA Champions League football match at the Luzhniki stadium in Moscow on May 21, 2008. The match remained at a 1-1 draw and Manchester won on penalties after extra time.
AFP PHOTO / Adrian Dennis / AFP PHOTO / ADRIAN DENNIS

ဒေးဗစ် မိုရက် ၊ လူးဝစ်ဗန်ဟား နဲ့ ဟိုဆေး မော်ရင်ညို တို့ဟာ ယူနိုက်တက် ကို တာဝန်ယူ ကိုင်တွယ် ခဲ့ပေမယ့်လည်း မန်ချက်စတာ ကလပ်ဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ တို့မှာ ဖလား စိန်ခေါ် နိုင်စွမ်း မရှိတော့ ပါဘူး။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဟိုဆေး မော်ရင်ညို ရာထူး မှ ထုတ်ပယ် ခံခဲ့ရပြီးနောက် အိုးထရပ်ဖို့ဒ် ရဲ့ ထိုင်ခုံပူပေါ် ၀င်ရောက် လာခဲ့တဲ့ ဆိုးရှား ကတော့ သူတို့ အသင်းဟာ ထိပ်ဆုံး နေရာကို ပြန်လည် ရောက်ရှိအောင် လုပ်သွားဖို့ အသင့် ဖြစ်နေပြီလို့ ဆိုလိုက် ပါတယ်။

ဆိုးရှား က “ကျွန်တော်တို့ဟာ အရင်တုန်းက ရှိခဲ့တဲ့ နေရာကို သေချာပေါက် ပြန်ရောက် နိုင်မှာပါ။ ကျွန်တော်တို့ဟာ အသင်းသစ် တစ်ခုကို တည်ဆောက် နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နည်းပြ အဖွဲ့ဝင် အသစ်တွေလည်း ရှိနေပါတယ်။ ဒီကလပ် နဲ့ စီမံကိန်း တွေကို ကျွန်တော် အများကြီး ယုံကြည်မှု ရှိပါတယ်။ ဒီကလပ်ရဲ့ မန်နေဂျာ ဖြစ်နေတာဟာ အ၇မ်းကို ကောင်းလှ ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ယူနိုက်တက် နဲ့အတူ ဖာဂူဆန် ရဲ့ အစောပိုင်း အောင်မြင်မှုတွေမှာ ကွင်းလယ်လူ ဘရိုင်ယန်ရော့ဘင် ဟာ အလွန် အရေးပါ ခဲ့ပြီး ၎င်းဟာ ဖာဂူဆန် ရဲ့ ပထမဦးဆုံး အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဆိုးရှား က သူ့ရဲ့ အသင်းမှာ ရော့ဘင် လိုမျိုး နိုင်လိုစိတ် ပြင်းပြပြီး မားမားမတ်မတ် ရပ်တည် ပေးတက်တဲ့ ကစားသမားမျိုး မရှိဘူးလို့ ၀န်ခံ သွားပါတယ်။

ဆိုးရှား က “ ကျွန်တော်ဟာ ကစားသမား ဘ၀ မှာ ဘရိုင်ယန် ရော့ဘင် လို ကစားသမားမျိုးနဲ့ ကစားခွင့် မရလိုက် ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်း မှာ ဒီလို ကစားသမားမျိုးကို လိုအပ် ပါတယ်။

ဆိုးလ်ရှား
Manchester United’s Norwegian manager Ole Gunnar Solskjaer poses with a team jersey during a photo call at Old Trafford in Manchester, northwest England, on March 28, 2019 after it was announced that he was appointed as the club’s full-time manager on a three-year contract. – Ole Gunnar Solskjaer said he was “beyond excited” to be handed the Manchester United manager’s job on a full-time basis as the club announced on Thursday he had signed a three-year deal. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. /

အမှန်ပါပဲ။ ကျွန်တော်တို့ဟာ ထွန်းတောက်လာမယ့် လူငယ် ကစားသမားတွေကို စောင့်ဆိုင်း နေပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့မှာ စိတ်လှုပ်ရှား စရာ ကစားသမားတွေ အများကြီး ရှိနေပြီး လာမည့် နှစ်တွေမှာ ကျွန်တော်တို့ သူတို့ဆီက အကောင်းဆုံး အရည်အသွေးကို မြင်တွေ့ ရမယ် ဆိုတာ သေချာပါတယ်။ အသင်းမှာ ကစားသမား ဘ၀ ပြီးဆုံးဖို့ နှစ်တွေ သိပ်မကျန်တော့တဲ့ အတွေ့အကြုံရင့် ကစားသမားတွေလည်း ရှိနေ ပါတယ်။”

ယူနိုက်တက်ဟာ လာမည့် ၂၀၁၉-၂၀ ဘောလုံး ရာသီ ရဲ့ အဖွင့်ပွဲစဉ် ကို အိုးထရပ်ဖို့ဒ် မှာ ချဲလ်ဆီး နဲ့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပြီး အဆိုပါ နှစ်သင်းဟာ သြဂုတ်လ ၁၁ ရက်နေ့ မှာ ရင်ဆိုင် ကြမှာ ဖြစ်ပါတယ်။