မက်ဆီနဲ့ တွဲဖက်ကစားရတော့မယ့် ခံစားချက် အကြောင်းကိုဖွင့်ဟလိုက်တဲ့#ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်

မဟာပြိုင်ဘက်ရီးရဲလ် အသင်း ကစားသမားကောင်းတွေ အများအပြားခေါ်ယူနေချိန်မှာ အနည်းငယ်ငြိမ်သက်သလိုဖြစ်နေခဲ့တဲ့ ဘာစီလိုနာ အသင်းဟာ အခုချိန်မှာတော့ ဂရစ်ဇ်မန်းကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဒီပြင်သစ် သားဟာ အေတီကိုအသင်းကနေ ထွက်တော့မယ့် အကြောင်းကို ပြီးခဲ့တဲ့ လပိုင်းကတည်းက တရားဝင်ထုတ်ပြောထားခဲ့တာဖြစ်ပေမယ့် စာချုပ်တ်ြသိမ်းကြေးမြင့်မားလွန်းနေတာကြောင့် ကြန့်ကြာနေတာလည်းဖြစ်ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )
Griezmann
Jerseys bearing the name of Barcelona’s new French forward Antoine Griezmann are displayed at the official store ahead of a photocall in Barcelona on July 13, 2019 on the eve of his official presentation by the Spanish football club. (Photo by LLUIS GENE / AFP)

သူ့ရဲ့ စာချုပ်ဖြတ်သိမ်းကြေးဟာ ဇူလိုင်လ ၁ရက်နေ့မှာမှ ပေါင်သန်း၁၂၀ သာကျန်တော့လို့ ဘာစီလိုနာအသင်းက အဆိုပါ ပမာဏကိုပေးချေပြီး ၅နှစ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် အေတီကို အသင်းကတော့အဆိုပါအပြောင်းအရွှေ့ဟာ အရင်က\တည်းက သဘောတူညီမှုရထားတာဖြစ်လို့နောက်ထပ်ယူရို သန်း ၈၀ အထိထပ်လိုချင်နေတယ်လို့ သတင်းတွေထွက်လာပါတယ်။

ဒီလို မပြီးသတ်သေးတဲ့ ကိစ္စအချို့ရှိနပေမယ့် ဂရစ်ဇ်မန်းကတော့ မက်ဆီနဲ့ တွဲကစားဖို့ ကို အတော်လေးဆန္ဒပြင်းပြနေပြီ လို့ ဆိုပါတယ်။ဘာစီလိုနာအသင်းရဲ့ဝက်ဘ်ဆိုက်ဒ် နဲ့ အင်တာဗျူးမှာ ဂရစ်ဇ်မန်းက – – –

” နေ့စဉ် လေ့ကျင့်ခန်း အစီအစဉ်တွေမှာမက်ဆီဟာ ဘယ်လိုပုံစံမျိုးကစားရတာနှစ်သက်တယ်ဆိုတာကို စောင့်ကြည့်ရဖို့ ရှိနေတာဟာတကယ်ကို ပျော်စရာကောင်းပါတယ်။တိုက်စစ်ပိုင်းမှာ သူ့ရဲ့ နောက်ချန်ကစားသမားတဦးအဖြစ်ကစားရဖို့ ရှိနေတာကလည်း အံ့မခန်းပျော်ရွှင်မှုမျိုးကို ဖြစ်စေပါတယ်။

ကျွန်တော့်အတွက် ဘာစီလိုနာအသင်းဟာ အသင်းကြီးတသင်းဖြစ်ပါတယ်။ဆက်ပြီးတိုးတက်နေဖို့ ၊ပိုကြီးတဲ့ အသင်းဖြစ်လာဖို့ကူညီပေးနိုင်မယ်လို့ လည်းမျှော်လင့်ထားပါတယ်။အခုဆိုရင် အသင်းဖော်သစ်တွေနဲ့ ကစားချင်နေပါပြီ။နည်းပြနဲ့လည်း ဆုံတွေ့ချင်နေပါပြီ။နူးကမ့်မှာကစားပြီးဆုဖလားတွေအများကြီးရယူနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။

ကျွန်တော်ဟာ ကွင်းတွင်းကွင်းပြင်နဲ့ အဝတ်လဲခန်းအတွင်းမှာပါ ပျော်ပျော်ရွှင်ရွှင် ရှိချင်ပါတယ်။ပျော်ရွှင်မှုနဲ့ ပွဲတွေကို ကစားချင်ပြီး အသင်းဖော်တွေကိုလည်း ပျော်ရွှင်မှုအများကြီးယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။အတူတကွ ပျော်ပျော်ရွှင်ရွှင် ကစားသွားနိုင်မယ်လို့ မျှော်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ ယနေ့မှာ ဆေးစစ်မှုခံယူမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ပရိသတ်တွေ နဲ့ မိတ်ဆက်မှု ကိုခံယူရမှာဖြစ်ပါတယ်။ဘာစီလိုနာကိုရောက်လာတာကြောင့် ပြင်သစ် လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဒမ်ဘီလီ၊ အမ်တီတီ တို့နဲ့ပြန်လည်ပူးပေါင်းရမှာဖြစ်ပါတယ်။

ဒီအခြေအနေအပေါ် ဂရစ်ဇ်မန်းက – – –
” အရမ်းပျော်နေပြီး အရမ်းလည်း စိတ်လှုပ်ရှားနေမိပါတယ်။အသင်းဖော်သစ် တွေနဲ့ တွေ့ဆုံ ပြီး အလုပ်တွေကိုအတူတကွ လုပ်ဆောင်ချင်နေပြီဖြစ်ပါတယ်။ဒါဟာ အတော်လေးကို ပျော်ရွှင်ကျေနပ်စရာကောင်းမှာဖြစ်ပါတယ်။စိန်ခေါ်မှု အသစ်တွေ ရည်မှန်းချက်အသစ်တွေ ရှိလာမှာဖြစ်ပါတယ်။အရေးအကြီးဆုံးကတော့အရင် အသင်းတွေမှာကျွန်တော်အကောင်းဆုံးလုပ်ဆောင်နိုင်သလောက်ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။လုပ်နိုင်မယ်လို့လည်းမျှော်လင့်ထားပါတယ်။

ဒမ်ဘီလီ ၊ အမ်တီတီ တို့နဲ့ လည်း အတူတွဲကစားရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ အတော်လေးကောင်းတဲ့ ဆက်ဆံရေးမျိုး ရှိထားကြပါတယ်။သူတို့နှစ်ယောက်နဲ့ ဆုံတွေ့ နိုင်ဖို့ ကို မစောင့်နိုင်အောင်ဖြစ်နေပါပြီ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM