PSGအသင္းနဲ႔ပရိသတ္ေတြစိတ္ဆိုးစရာကစားသမားဘဝအေကာင္းဆံုးအခိုက္အတန္႔တခုအေျကာင္းကိုေျပာျပလိုက္တဲ႔ #ေနမာ

Neymar

ဘာစီလိုနာ အသင္းရဲ႕ ၂၀၁၇ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ အံ့မခန္းျပန္လာႏိုင္ခဲ႔တဲ႕ ပြဲစဥ္ဟာ သူ႔ရဲ႕ ကစားသမား ဘဝတေလွ်ာက္လံုးမွာ အႏွစ္သက္ဆံုးပြဲတပြဲအျဖစ္လည္းရွိေနတယ္လို႔တိုက္စစ္မွဴးေဟာင္းတဦးျဖစ္တဲ႔ေနမာကဆိုလိုက္ပါတယ္။ထိုစဥ္က ေနမာဟာဘာစီလိုနာ အသင္းမွာပဲရွိေနေသးတာျဖစ္ျပီး လက္ရွိကလပ္ PSGအသင္းကိုေက်ာ္ျဖတ္ခဲ႔တဲ႕ ပဲြစဥ္လည္းျဖစ္ပါတယ္။

ေၾကာ္ျငာ (ေဒၚလာ ၁၀၀ အေကာင့္ဖြင့္ရင္--Bonus ေဒၚလာ ၁၀၀ ထပ္ရမည္!!! ပုံကို နိုပ္ျပီး အကာင့္ဖြင့္လိုက္ပါ )

ီဒီႏွစ္သင္းဟာ ၂၀၁၆-၁၇ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕၁၆သင္းအဆင့္မွာ ေတြ႔ဆံုခဲ႔ျကတာျဖစ္ျပီး ပဲရစ္ေျမ မွာကစားခဲ႔တဲ႔ ပထမအေက်ာ့မွာ PSG အသင္းက ၄-၀ ဂိုးနဲ႔ေခ်မွဳန္းႏိုင္ခဲ႔တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းအတြက္ဘယ္လို မွမျဖစ္ႏိုင္ေတာ့ဘူးလို႔ တကမၻာလံုးက ယူဆခဲ႕ျကေပမယ့္ကြင္းလယ္ဒိုင္ရဲ႕အျငင္းပြားဖြယ္ဆံုးျဖတ္ခ်က္အခ်ိဳ႔နဲ႔အတူႏူးကမ့္မွာဘာကာတို႔ျပန္လာႏိုင္ခဲ႔တာျဖစ္ပါတယ္။

Neymar

အဆိုပါ ပြဲစဥ္မွာ ေနမာကလည္း အေရးပါတဲ႔ ကစားသမား တဦးျဖစ္ခဲ႔ျပီး ပြဲျပီးခါ နီးမွာရရွိခဲ႔တဲ႔ သူ႔ရဲ႕ သြင္းဂိုး၂ ဂိုးေျကာင့္ ဘာစီလိုနာတို႔ ေမ်ွာ္လင့္ ခ်က္ရွိလာခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ထိုပြဲအျပီး လပိုင္းအတြင္းမွာ ပဲ ေနမာတေယာက္ PSG အသင္းကို ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ေျကး ျဖစ္တဲ႔ ယူရို ၂၂၂ သန္းနဲ႔ေျပာင္းေရႊ႕သြားခဲ့ပါတယ္။

ေနမာဟာ ဘာစီလိုနာ အသင္းမွာ ရွိေနစဥ္ မက္ဆီ၊ ဆြာရက္ဇ္ တို႔နဲ႔ တြဲဖက္ျပီးMSN တိုက္စစ္ အျဖစ္ ကမၻာေက်ာ္ခဲ႔ေပမယ့္ ဘလြန္းဒီေအာဆု ရရွိေရးမွာ ေလာင္းရိပ္မိသလို ခံစားေနခဲ႔ရလို႕ ျပင္သစ္ေျမကို ေျပာင္းဖို႕ ဆံုးျဖတ္ခဲ႔ပံုရတာျဖစ္ပါတယ္။ဒါေပမယ့္ ေနမာအတြက္ အရာရာဟာ ပန္းခင္းလမ္းေတာ့ မျဖစ္ခဲ႕တာျဖစ္ပါတယ္။

အသင္းဘက္ ကသူ႔ကို အေရးတယူျပဳ လြန္းတဲ႕ ဆက္ဆံေရးေျကာင့္ အသင္းေဖာ္ေတြျကား မလိုမုန္းထားမွဳေတြျဖစ္လာခဲ႔ျပီး ကြင္းအတြင္းမွာပါ အဆင္ မေျပ မွဳေတြရွိခဲ႔ပါတယ္။သူဟာ အရည္အေသြးျမင့္ ကစားသမားေကာင္းတဦးဆိုတာကို သြင္းဂိုးေတြနဲ႕ ဆက္လက္သက္ေသ ျပသထားႏိုင္ခဲ႕ေပမယ့္ ဒဏ္ရာျပသနာေတြ၊ အသင္းေဖာ္ေတြေတြနဲ႔သဟ ဇာတျဖစ္မွဳ နည္းပါးခဲ႔တာေတြေျကာင့္ ပဲရစ္ ေျမမွာ မေပ်ာ္ေတာ့ဘူးဆိုတဲ႔ သတင္းေတြ က်ယ္ေလာင္လာခဲ႕တာျဖစ္ပါတယ္။

စပိန္ ေျမကို ျပန္လာခ်င္တယ္ဆိုတဲ႕ သတင္းေတြဟာ ျပီးခဲ႔တဲ႔ႏွစ္ အေျပာင္းအေရႊ႕ေတြမွာကတည္းက ထြက္ခဲ႔တာျဖစ္ျပီးအခုႏွစ္မွာေတာ့ ပိုုျပီး လွဳပ္လွဳပ္ခတ္ခတ္ရွိေနတာျဖစ္ပါတယ္။သူ႔ကိုစပိန္ထိပ္သီး ၂သင္းလံုးက အလိုရွိေနတာျဖစ္ျပီး ဘာစီလိုနာ အသင္းမွာ ျပန္ျမင္ရဖို႔ အေတာ္ေလးကိုနီးစပ္ေနတာျဖစ္ပါတယ္။အသင္းကေန ထြက္ခြာခ်င္တဲ႔ ကစားသမားေတြ ျပဳလုပ္ေလ့ရွိတဲ႔အတိုင္း ေလ့က်င့္ေရးအစီအစဥ္ကိုေရာက္မလာခဲ႔လို႔လည္း အသင္းဘက္က အေရးယူမယ္လို႔ေတာင္ သတင္းေတြထြက္လာတာျဖစ္ပါတယ္။အခုခ်ိန္မွာလည္း PSG အသင္းနဲ႔ ပရိသတ္ေတြ ထပ္ျပီး စိတ္ဆိုးေဒါသထြက္ေစႏိုင္တဲ႕ စကားတခြန္းက သူကထပ္ျပီးေျပာလိုက္တာျဖစ္ပါတယ္။

Oh My Goal နဲ႕ အင္တာဗ်ဴးမွာ ေနမာက – ” က်ြန္ေတာ့္ကစားသမားဘဝရဲ႕ အမွတ္တရ အခိုက္အတန္႔ ေတြအေျကာင္း ေျပာရမယ္ ဆိုရင္ေတာ့ ထူးထူးျခားျခား ေျပာစရာ ၂ခုရွိပါတယ္။ပထမဆံုးတခုကေတာ့ ဘရာဇီးလ္ အသင္းနဲ႔ အတူ က်ြန္ေတာ္ အိုလံပစ္ေရႊတံဆိပ္ ျကီးကို ဆြတ္ခူးခဲ႔တဲ႕ အခ်ိန္ျဖစ္ပါတယ္။ဒုတိယေျမာက္ အခိုက္အတန္႔ကေတာ့PSG အသင္းကို အမွတ္ရဖြယ္ေက်ာ္ျဖတ္ႏိုင္ခဲ႔တဲ႕ပြဲျဖစ္ပါတယ္။ဆဌမေျမာက္ဂိုးကိုရရွိ အျပီး ရရွိလိုက္တဲ႔ ခံစားခ်က္မ်ိဳးကို တခါမွ မခံစားဖူးတာျဖစ္ပါတယ္။တကယ့္ကို အံ့မခန္းလုပ္ေဆာင္ႏိုင္မွဳ ပဲျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းနဲ႔ အတူ PSG ကို အႏိုင္ယူခဲ႔တဲ႔ အဲ႔ဒီပြဲစဥ္ဟာ လံုးဝျပီးျပည့္စံုေကာင္းမြန္တဲ႔ ပြဲတပြဲျဖစ္ခဲ႔ပါတယ္။ပြဲအျပီးမွာ က်ြန္ေတာ္တို႕ တကယ္ကို ရူးသြပ္သလိုခံစားခဲ႔ရပါတယ္။က်ြန္ေတာ္တို႔ အားလံုးအတြက္အေကာင္းဆံုးေသာ စိတ္ခံစားခ်က္မ်ိဳးရခဲ႔တဲ႔ ပြဲလို႔ လည္း ယံုျကည္ပါတယ္ ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SM

Unicode

PSGအသင်းနဲ့ပရိသတ်တွေစိတ်ဆိုးစရာကစားသမားဘဝအကောင်းဆုံးအခိုက်အတန့်တခုအကြောင်းကိုပြောပြလိုက်တဲ့ #နေမာ
=====================================

ဘာစီလိုနာ အသင်းရဲ့ ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အံ့မခန်းပြန်လာနိုင်ခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့ ကစားသမား ဘဝတလျှောက်လုံးမှာ အနှစ်သက်ဆုံးပွဲတပွဲအဖြစ်လည်းရှိနေတယ်လို့တိုက်စစ်မှူးဟောင်းတဦးဖြစ်တဲ့နေမာကဆိုလိုက်ပါတယ်။ထိုစဉ်က နေမာဟာဘာစီလိုနာ အသင်းမှာပဲရှိနေသေးတာဖြစ်ပြီး လက်ရှိကလပ် PSGအသင်းကိုကျော်ဖြတ်ခဲ့တဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။

ီဒီနှစ်သင်းဟာ ၂၀၁၆-၁၇ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့၁၆သင်းအဆင့်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပဲရစ်မြေ မှာကစားခဲ့တဲ့ ပထမအကျော့မှာ PSG အသင်းက ၄-၀ ဂိုးနဲ့ချေမှုန်းနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းအတွက်ဘယ်လို မှမဖြစ်နိုင်တော့ဘူးလို့ တကမ္ဘာလုံးက ယူဆခဲ့ကြပေမယ့်ကွင်းလယ်ဒိုင်ရဲ့အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အချို့နဲ့အတူနူးကမ့်မှာဘာကာတို့ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်မှာ နေမာကလည်း အရေးပါတဲ့ ကစားသမား တဦးဖြစ်ခဲ့ပြီး ပွဲပြီးခါ နီးမှာရရှိခဲ့တဲ့ သူ့ရဲ့ သွင်းဂိုး၂ ဂိုးကြောင့် ဘာစီလိုနာတို့ မျှော်လင့် ချက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ထိုပွဲအပြီး လပိုင်းအတွင်းမှာ ပဲ နေမာတယောက် PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၂၂၂ သန်းနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။

နေမာဟာ ဘာစီလိုနာ အသင်းမှာ ရှိနေစဉ် မက်ဆီ၊ ဆွာရက်ဇ် တို့နဲ့ တွဲဖက်ပြီးMSN တိုက်စစ် အဖြစ် ကမ္ဘာကျော်ခဲ့ပေမယ့် ဘလွန်းဒီအောဆု ရရှိရေးမှာ လောင်းရိပ်မိသလို ခံစားနေခဲ့ရလို့ ပြင်သစ်မြေကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပုံရတာဖြစ်ပါတယ်။ဒါပေမယ့် နေမာအတွက် အရာရာဟာ ပန်းခင်းလမ်းတော့ မဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းဘက် ကသူ့ကို အရေးတယူပြု လွန်းတဲ့ ဆက်ဆံရေးကြောင့် အသင်းဖော်တွေကြား မလိုမုန်းထားမှုတွေဖြစ်လာခဲ့ပြီး ကွင်းအတွင်းမှာပါ အဆင် မပြေ မှုတွေရှိခဲ့ပါတယ်။သူဟာ အရည်အသွေးမြင့် ကစားသမားကောင်းတဦးဆိုတာကို သွင်းဂိုးတွေနဲ့ ဆက်လက်သက်သေ ပြသထားနိုင်ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေ၊ အသင်းဖော်တွေတွေနဲ့သဟ ဇာတဖြစ်မှု နည်းပါးခဲ့တာတွေကြောင့် ပဲရစ် မြေမှာ မပျော်တော့ဘူးဆိုတဲ့ သတင်းတွေ ကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။

စပိန် မြေကို ပြန်လာချင်တယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့နှစ် အပြောင်းအရွှေ့တွေမှာကတည်းက ထွက်ခဲ့တာဖြစ်ပြီးအခုနှစ်မှာတော့ ပိုုပြီး လှုပ်လှုပ်ခတ်ခတ်ရှိနေတာဖြစ်ပါတယ်။သူ့ကိုစပိန်ထိပ်သီး ၂သင်းလုံးက အလိုရှိနေတာဖြစ်ပြီး ဘာစီလိုနာ အသင်းမှာ ပြန်မြင်ရဖို့ အတော်လေးကိုနီးစပ်နေတာဖြစ်ပါတယ်။အသင်းကနေ ထွက်ခွာချင်တဲ့ ကစားသမားတွေ ပြုလုပ်လေ့ရှိတဲ့အတိုင်း လေ့ကျင့်ရေးအစီအစဉ်ကိုရောက်မလာခဲ့လို့လည်း အသင်းဘက်က အရေးယူမယ်လို့တောင် သတင်းတွေထွက်လာတာဖြစ်ပါတယ်။အခုချိန်မှာလည်း PSG အသင်းနဲ့ ပရိသတ်တွေ ထပ်ပြီး စိတ်ဆိုးဒေါသထွက်စေနိုင်တဲ့ စကားတခွန်းက သူကထပ်ပြီးပြောလိုက်တာဖြစ်ပါတယ်။

Oh My Goal နဲ့ အင်တာဗျူးမှာ နေမာက – ” ကျွန်တော့်ကစားသမားဘဝရဲ့ အမှတ်တရ အခိုက်အတန့် တွေအကြောင်း ပြောရမယ် ဆိုရင်တော့ ထူးထူးခြားခြား ပြောစရာ ၂ခုရှိပါတယ်။ပထမဆုံးတခုကတော့ ဘရာဇီးလ် အသင်းနဲ့ အတူ ကျွန်တော် အိုလံပစ်ရွှေတံဆိပ် ကြီးကို ဆွတ်ခူးခဲ့တဲ့ အချိန်ဖြစ်ပါတယ်။ဒုတိယမြောက် အခိုက်အတန့်ကတော့PSG အသင်းကို အမှတ်ရဖွယ်ကျော်ဖြတ်နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ဆဌမမြောက်ဂိုးကိုရရှိ အပြီး ရရှိလိုက်တဲ့ ခံစားချက်မျိုးကို တခါမှ မခံစားဖူးတာဖြစ်ပါတယ်။တကယ့်ကို အံ့မခန်းလုပ်ဆောင်နိုင်မှု ပဲဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းနဲ့ အတူ PSG ကို အနိုင်ယူခဲ့တဲ့ အဲ့ဒီပွဲစဉ်ဟာ လုံးဝပြီးပြည့်စုံကောင်းမွန်တဲ့ ပွဲတပွဲဖြစ်ခဲ့ပါတယ်။ပွဲအပြီးမှာ ကျွန်တော်တို့ တကယ်ကို ရူးသွပ်သလိုခံစားခဲ့ရပါတယ်။ကျွန်တော်တို့ အားလုံးအတွက်အကောင်းဆုံးသော စိတ်ခံစားချက်မျိုးရခဲ့တဲ့ ပွဲလို့ လည်း ယုံကြည်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM